ဒဏ်ရာရတဲ့လူကို သွားကယ်ရင်းနဲ့ ဦးခေါင်းကိုကျည်ထိမှန်ပြီး ကျဆုံးခဲ့ရတဲ့ သူရဲကောင်း မောင်ဝေယံထွန်းအတွက် (၆)လပြည့်အလွမ်း

Unicode

ဒဏ်ရာရတဲ့လူကို သွားကယ်ရင်းနဲ့ ဦးခေါင်းကိုကျည်ထိမှန်ပြီး ကျဆုံးခဲ့ရတဲ့ သူရဲကောင်းမောင်ဝေယံထွန်းအတွက်(၆)လပြည့်အလွမ်း

နွေဦးတော်လှန်ရေးကာလအတွင်းမှာကျဆုံးသွားခဲ့တဲ့ သူရဲကောင်းတွေကို ပြည်သူတွေကလည်း အမြဲတမ်းသတိရအောက်မေ့နေကြတာဖြစ်ပါတယ်

အာဏာသိမ်းကာလ (၇)လနီးပါးကြာမြင့်လာပြီးတဲ့နောက်မှာတော့ မြန်မာနိုင်ငံမှာကျဆုံးသူ (၁၀၀၇)ဦးခန့်ရှိလာခဲ့ပြီဖြစ်ကြောင်း

သြဂုတ်လ (၁၉)ရက်နေ့အထိရရှိထားတဲ့ AAPP ရဲ့စာရင်းများအရသိရှိရပါတယ်။

ယနေ့ သြဂုတ်လ (၂၀)ရက်မှာတော့ သူရဲကောင်းမောင်ဝေယံထွန်းကွယ်လွန်သွားခဲ့တာ(၆)လတိတိပြည့်သွားခဲ့ပြီပဲ ဖြစ်ပါတယ်

မောင်ဝေယံထွန်းကတော့ လွန်ခဲ့တဲ့ဖေဖော်ဝါရီလ (၂၀)ရက်နေ့က မန္တလေးမြို့၊(၄၁)လမ်း၊ညစျေး ဖြိုခွင်းမှုမှာကျဆုံးခဲ့တဲ့ သူရဲကောင်းတစ်ဦးဖြစ်ပါတယ်

မောင်ဝေယံထွန်းက ဒဏ်ရာရရှိသွားတဲ့သူကို သွားရောက်ကယ်တင်ရင်းနဲ့ ဦးခေါင်းကိုကျည်ထိမှန်ပြီး ကွယ်လွန်ခဲ့တာဖြစ်ပါတယ် ။

အသက်ငယ်ငယ်လေးနဲ့ မကြွေသင့်ဘဲ အကြွေစောခဲ့ရတဲ့ မောင်ဝေယံထွန်းကပြည်သူတွေရဲ့ရင်ထဲမှာ မမေ့နိုင်တဲ့သူရဲကောင်းတစ်ဦးအဖြစ် နေရာယူခဲ့တာဖြစ်ပါတယ်

မန်ယူပရိသတ်တစ်ဦးဖြစ်တဲ့ မောင်ဝေယံထွန်းကို ပြည်သူတွေက မန်ယူဘောလုံးပွဲရှိတဲ့အခါတိုင်းသတိရကြရသလို သူပြောခဲ့တဲ့ စကားတွေကိုလည်း လွမ်းဆွတ်တမ်းတနေရတာဖြစ်ပါတယ် ။

ယနေ့ သြဂုတ်လ (၂၀)ရက်နေ့မှာတော့ ပြည်သူတွေက သူရဲကောင်းမောင်ဝေယံထွန်းကွယ်လွန်တာ(၆)လပြည့်အထိမ်းအမှတ်အဖြစ် ပုံလေးတွေ၊စာလေးတွေနဲ့ ရေးသားဂုဏ်ပြုနေကြတာဖြစ်ပါတယ် ။

နွေဦးတော်လှန်ရေးတိုက်ပွဲအတွင်းမှာ ကျဆုံးသွားတဲ့ သူရဲကောင်းမောင်ဝေယံထွန်း(ခ)မောင်ကုလားကိုလေးစားဂုဏ်ပြုတဲ့အနေနဲ့ ဖော်ပြပေးလိုက်ရပါတယ်။

Zawgyi





မောင်ဝေယံထွန်းကတော့ လွန်ခဲ့တဲ့ ဖေဖော်ဝါရီလ (၂၀)ရက်နေ့ကမန္တလေးမြို့၊ (၄၁)လမ်း၊ညဈေး ဖြိုခွင်းမှုမှာကျဆုံးခဲ့တဲ့သူရဲကောင်းတစ်ဦး ဖြစ်ပါတယ် ။







Add a Comment

Your email address will not be published. Required fields are marked *