အသားတုဟင်းပဲနေ့စဉ်စားနေရတာကနေ ဟင်းစားအနေနဲ့ မှိုလေးတွေရသွားတာကြောင့် ပျော်ရွှင်နေကြတဲ့ ဟားငါးကောင်အဖွဲ့

Unicode

ဇာတ်သဘင်လောကမှာ အောင်မြင်မှုတွေများစွာရရှိထားပေမယ့် ပိုင်ဆိုင်မှုတွေကို စွန့်လွှတ်ပြီး မျိုးချစ်စိတ်အပြည့်နဲ့ တော်လှန်ရေးတိုက်ပွဲဝင်နေကြတဲ့သူတွေကတော့ ဟားငါးကောင်အဖွဲ့ပဲဖြစ်ပါတယ်။

လူရွှင်တော်တွေအနေနဲ့ ပရိသတ်တွေကို ရယ်မောပျော်ရွှင်စေနိုင်တဲ့ ဟားငါးကောင်အဖွဲ့ဟာ လက်ရှိမှာ‌ဆိုရင်လည်း လွတ်မြောက်နယ်မြေတစ်ခုမှာ စစ်ရေးအတွက် ပြင်ဆင်နေကြတာဖြစ်ပါတယ်…..။

တော်လှန်ရေးအတွက်စစ်ရေးပြင်ဆင်မှုတွေပြုလုပ်နေကြတဲ့ ဟားငါးကောင်အဖွဲ့ဟာ မကြာခင်ရက်ပိုင်းအတွင်းက လွတ်မြောက်နယ်မြေကနေ ပြည်သူပရိသတ်တွေအတွက် တတ်စွမ်းတဲ့ပညာနဲ့ အငြိမ့်ကပြဖျော်ဖြေခဲ့သေးတာလည်း ဖြစ်ပါတယ်။

ဒါ့ပြင်မကြာခင်ရက်ပိုင်းအတွင်းမှာလည်း“တော်လှန်ရေး သပိတ် ဟာဒယအငြိမ့်အပိုင်း(၂)” ကို ကပြဖျော်ဖြေတော့မှာဖြစ်ပြီး ပြင်ဆင်မှုတွေလည်း ပြုလုပ်နေပြီလို့သိရပါတယ်။

ဟားငါးကောင်ဟာ လွတ်မြောက်နယ်မြေမှာ စစ်ရေးအတွက်လည်း ပြင်ဆင်နေသလို တော်လှန်ရေးအငြိမ့်အတွက်လည်း အားသွန်ခွန်စိုက် ကြိုးစားနေကြတာဖြစ်ပါတယ်။ အစားအသောက်အနေအထိုင် ပင်ပန်းဆင်းရဲနေပြီး နေ့စဉ်နီးပါးအသားတုဟင်းနဲ့ပဲစားသောက်ရကာ ပင်ပင်ပန်းပန်းကြိုးစားနေကြတာဖြစ်ပါတယ်။

ဒီနေ့မှာတော့ တောထဲကမှိုလေးတွေရလာတဲ့အတွက် မှိုဟင်းပြောင်းစားရတော့မှာဖြစ်လို့ ဟားငါးကောင်အဖွဲ့သားတွေ ပျော်ရွှင်နေကြတာဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

သတင်းအရင်းမြစ်: Ko Ko Poe Lay

Zawgyi

ဇာတ္သဘင္ေလာကမွာ ေအာင္ျမင္မႈေတြမ်ားစြာရရွိထားေပမယ့္ ပိုင္ဆိုင္မႈေတြကို စြန႔္လႊတ္ၿပီး မ်ိဳးခ်စ္စိတ္အျပည့္နဲ႕ ေတာ္လွန္ေရးတိုက္ပြဲဝင္ေနၾကတဲ့သူေတြကေတာ့ ဟားငါးေကာင္အဖြဲ႕ပဲျဖစ္ပါတယ္။

လူ႐ႊင္ေတာ္ေတြအေနနဲ႕ ပရိသတ္ေတြကို ရယ္ေမာေပ်ာ္႐ႊင္ေစနိုင္တဲ့ ဟားငါးေကာင္အဖြဲ႕ဟာ လက္ရွိမွာ‌ဆိုရင္လည္း လြတ္ေျမာက္နယ္ေျမတစ္ခုမွာ စစ္ေရးအတြက္ ျပင္ဆင္ေနၾကတာျဖစ္ပါတယ္…..။

ေတာ္လွန္ေရးအတြက္စစ္ေရးျပင္ဆင္မႈေတြျပဳလုပ္ေနၾကတဲ့ ဟားငါးေကာင္အဖြဲ႕ဟာ မၾကာခင္ရက္ပိုင္းအတြင္းက လြတ္ေျမာက္နယ္ေျမကေန ျပည္သူပရိသတ္ေတြအတြက္ တတ္စြမ္းတဲ့ပညာနဲ႕ အၿငိမ့္ကျပေဖ်ာ္ေျဖခဲ့ေသးတာလည္း ျဖစ္ပါတယ္။

ဒါ့ျပင္မၾကာခင္ရက္ပိုင္းအတြင္းမွာလည္း“ေတာ္လွန္ေရး သပိတ္ ဟာဒယအၿငိမ့္အပိုင္း(၂)” ကို ကျပေဖ်ာ္ေျဖေတာ့မွာျဖစ္ၿပီး ျပင္ဆင္မႈေတြလည္း ျပဳလုပ္ေနၿပီလို႔သိရပါတယ္။

ဟားငါးေကာင္ဟာ လြတ္ေျမာက္နယ္ေျမမွာ စစ္ေရးအတြက္လည္း ျပင္ဆင္ေနသလို ေတာ္လွန္ေရးအၿငိမ့္အတြက္လည္း အားသြန္ခြန္စိုက္ ႀကိဳးစားေနၾကတာျဖစ္ပါတယ္။ အစားအေသာက္အေနအထိုင္ ပင္ပန္းဆင္းရဲေနၿပီး ေန႕စဥ္နီးပါးအသားတုဟင္းနဲ႕ပဲစားေသာက္ရကာ ပင္ပင္ပန္းပန္းႀကိဳးစားေနၾကတာျဖစ္ပါတယ္။.

ဒီေန႕မွာေတာ့ ေတာထဲကမွိုေလးေတြရလာတဲ့အတြက္ မွိုဟင္းေျပာင္းစားရေတာ့မွာျဖစ္လို႔ ဟားငါးေကာင္အဖြဲ႕သားေတြ ေပ်ာ္႐ႊင္ေနၾကတာျဖစ္ပါတယ္။ ပရိသတ္ေတြအတြက္ ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္။

သတင္းအရင္းျမစ္: Ko Ko Poe Lay

Add a Comment

Your email address will not be published. Required fields are marked *