“တောထဲကရတဲ့မှိုလေးတွေကို ရွာထဲကို သွားရောင်းပြီးလှေနဲ့ ပြန်လာတဲ့ မင်းမော်ကွန်းတို့မိသားစု”

Unicode

“တောထဲကရတဲ့မှိုလေးတွေကို ရွာထဲကို သွားရောင်းပြီးလှေနဲ့ ပြန်လာတဲ့ မင်းမော်ကွန်းတို့မိသားစု”

ကသာရဲစခန်း မင်းမော်ကွန်း အဖွဲ့ ၀င်စီးဆိုတာ သတင်းအမှားကြီးပါလို့ ကိုရဲမင်းကသူ့ရဲ့လူမူကွန်ယက်မှာရေးသားထားပါတယ်။

“ကသာရဲစခန်း မင်းမော်ကွန်းအဖွဲ့ ၀င်စီးဆိုတာ သတင်းအမှားကြီးပါ ။ကိုကျော်တို့ မိသားစုလေးခမျှ တောတောင်ထဲမှာ လှေလေးနဲ့ခက်ခက်ခဲခဲ ယခုပုံပါအတိုင်း သွားလာနေရတာပါ

အနီးကပ်ရှိ‌နေသူတွေက ကူညီတာကိုအားနာပြီး လက်မခံဘဲ တောထဲကရတဲ့မှိုလေးတွေ ဒီနေ့ ရွာထဲကို သွားရောင်းပြီးလှေနဲ့ ပြန်လာတဲ့ ပုံလေးပါ။

သူများကို အကူအညီတောင်းရမှာအလွန်အားနာတတ်တဲ့ ကိုကျော်ဟာသူစီးနေကျ ကားလေးကိုလည်းရတဲ့‌ဈေးနဲ့ လွန်ခဲ့သောနှစ်လက အရှုံးခံရောင်းလိုက်ရပါတယ်။

အဲဒီနေ့ကဆို သူသံယောဇဉ်ဖြစ်တဲ့ကားလေးရောင်းလိုက်ရတော့ အတော်လေးစိတ်မကောင်းဖြစ်နေတာပါ။လွတ်‌မြောက်နယ်‌မြေမှာလည်း မိသားစုအတွက် ကုန်ကျစရိတ်တွေရှိတယ်လေ။

တော်လှန်‌ရေးမှာ အနစ်နာခံတဲ့ အနုပညာရှင်တွေကို မှတ်ထားပေးကြပါ။ထို့အတူ တော်လှန်‌ရေးမှာ သာကူးခွထိုင်ဖို့ချောင်းနေတဲ့ အနုပညာရှင်တွေကိုလည်းမှတ်ထားပေးကြပါ” လို့ မင်းမော်ကွန်းတို့မိသားစုနဲ့ပတ်သက်လို့ ကိုရဲမင်းကလူမူကွန်ယက်မှာရေးသားထားပါတယ်။
Photo-YeMin Fb
Credit

Zawgyi







Photo-YeMin Fb
Credit

Add a Comment

Your email address will not be published. Required fields are marked *