ရုပ်ချောရတာ ငြီးငွေ့လာလို့ ပြုပြင်ပြောင်းလွှဲမှုတွေ ပြုလုပ်ခဲ့တဲ့ လူသားတစ်ယောက်

Unicode

ရုပ်စင်းအင်္ဂါတစ်ခုလုံးပြောင်းလဲလိုက်သော အနက်ရောင်ဂြိုလ်သား

ချိုအဖြစ် ဦးခေါင်းပေါ်သတ္တုထည့်ပြီး၊ လျှာနှစ်ခွခွဲစိပ်ကာ မျက်လုံးအပါအဝင် အသားအရေတစ်ခုလုံးမှာလည်း တက်တူးအပြည့်ထိုးထားတာနဲ့ အနက်ရောင်ဂြိုလ်သားလို့လူသိများခဲ့တဲ့ ပြင်သစ်က

အသက် ၃၂ နှစ်အရွယ် “အန်တိုနီ လော့ဖ်ဖရီဒို” ဆိုသူ ကြည့်ရုံနဲ့သတ္တဝါတစ်ကောင်လို ကြောက်စရာကောင်းလွန်းတဲ့ ကိုယ်ခန္ဓာတစ်ခုလုံးပြုပြင်မွမ်းမံ (Body modification) ပြုလုပ်ရန်ရူးသွပ်လှတဲ့

အမျိုးသားတစ်ဦးရဲ့ ထူးခြားဆန်းပြားဘဝအကြောင်းအရာ ရှေ့ဆက်လှုပ်ရှားမှုတစေ့တစောင်းကို နိုင်ငံခြားသတင်းဌာနတစ်ခုက စိတ်ဝင်စားစရာ ဖော်ပြထားပါတယ်။

သူ့ရဲ့ နောက်ဆုံးပြုလုပ်ခဲ့သောအပြောင်းအလဲသည် အပေါ်နှုတ်ခမ်းနှင့်နှာခေါင်းဖျားလေး ဖြတ်ထုတ်လိုက်တာပါ။

ဒါဟာ သူစကားပြောတဲ့အခါမှာ အဆင်မပြေမှုများ အနည်းငယ်အခက်အခဲရှိပေမယ့် သူ့အတွက်ကတော့ ပြဿနာတစ်ခုမဟုတ်သလို ဒါတွေကို ဆက်လက်ရူးသွပ်စွဲလန်းသွားနေဦးမှာပဲလို့ ဆိုပါတယ်။

သူသည် အပေါ်နှုတ်ခမ်းနှင့်နှာခေါင်းဖျားဖြတ်ရန်အတွက် ပြင်သစ်မှာတရားမဝင်လိ်ု့ စပိန်မှာသွားလုပ်ခဲ့ရတယ်လို့ဆိုပြီးတော့၊ လုပ်ပြီးသွားမှာ စကားပြောရန်အခက်အခဲအနည်းငယ်ရှိကြောင်း သူ့ရဲ့ Instagram live မှာပြောကြားထားပါတယ်။

သူသည် ခန္ဓာကိုယ်တစ်ခုလုံးရှိအရေပြားအားလုံးကိုချွတ်ပြီး သတ္တုဖြင့်အစားထိုးရန် ပြုလုပ်ဖို့အိပ်မက်ရှိပါသေးတယ်။

ဒါတွေမကသေးဘဲ လက်၊ ခြေထောက်၊ လက်ချောင်းများနှင့် ဦးခေါင်းကျောဘက် အစရှိတဲ့ခန္ဓာကိုယ်အသီးသီးရှိအင်္ဂါရပ်များ ထပ်မံပြောင်းလဲပြုပြင်ပြုလုပ်သွားချင်သေးတယ်လို့လည်း ပြောကြားထားပါတယ်။
#popolay #popolaytv #popolaynews crd.

Zawgyi







သူသည် အပေါ်နှုတ်ခမ်းနှင့်နှာခေါင်းဖျားဖြတ်ရန်အတွက် ပြင်သစ်မှာတရားမဝင်လို့ စပိန်မှာသွားလုပ်ခဲ့ရတယ်လို့ဆိုပြီးတော့၊ လုပ်ပြီးသွားမှာ စကားပြောရန်အခက်အခဲအနည်းငယ်ရှိကြောင်း သူ့ရဲ့ Instagram live မှာပြောကြားထားပါတယ်။



Add a Comment

Your email address will not be published. Required fields are marked *