အားပေးတဲ့ ပရိတ်သတ်တွေ မကြိုက်တဲ့ ဆက်စီမော်ဒယ်ဘဝ ကို စွန့်လွှတ်လိုက်ပီ ဆိုတဲ့ ကျော်ကျော်နန္ဒ
Unicode
အားပေးတဲ့ ပရိတ်သတ်တွေ မကြိုက်တဲ့ ဆက်စီမော်ဒယ်ဘဝ ကို စွန့်လွှတ်လိုက်ပီဆိုတဲ့ ကျော်ကျော်နန္ဒ
ကျော်ကျော်နန္ဒကတော့ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွင် ပါဝင်ခဲ့တာကြောင့် ပုဒ်မ ၅၀၅(က) ဖြင့်အရေးယူထားခံခဲ့ရပေမယ့်လည်း မကြာသေးခင်လပိုင်းလောက်က ပြစ်မှုကနေပြန်လည်ရုတ်သိမ်းပေးခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ သူ့ရဲ့နေအိမ်တွင် အေးချမ်းစွာ နေထိုင်လျက်ရှိပြီး လူမှုကူညီရေးလုပ်ငန်းများတစ်ပိုင်တစ်နိုင် ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။
ပရိသတ်တွေရဲ့ ချစ်ခင်မေတ္တာတွေကို အရင်ကထက်ပိုပြီး ရရှိလာတာကြောင့်လည်း ဝမ်းသာပျော်ရွှင်နေတာ ဖြစ်ပါတယ်။
သူ့ရဲ့ ချစ်ပရိသတ်တွေကို အမိုက်စားဖက်ရှင်များဖြင့် မြင်တွေ့နိုင်စေဖို့ကိုလည်း ကြိုးစားသွားမည်ဖြစ်ကြောင်းကိုလည်းပြောပြထားပါသေးတယ်။
အခုလို ခိုင်မာတဲ့ ဆုံးဖြတ်ချက်ချနိုင်ခဲ့တဲ့အတွက် ကျော်ကျော်နန္ဒရဲ့စိတ်ဓာတ်ကိုအားလုံးက လေးစားနေကြတာ ဖြစ်ပါတယ်။
သူ့ရဲ့ အနုပညာလှုပ်ရှားမှုများကိုလည်း အရင်ကထက် ပိုပြီးအားပေးသွားမယ်ဖြစ်ကြောင်းကိုလည်း ပရိသတ်များက comment များတွင် ဝမ်းပန်းတသာ ရေးသားထားကြတာကို မြင်တွေ့ရပါတယ်။
ကျော်ကျော်နန္ဒဟာ နွေဦးတော်လှန်ရေးတွင် ပြည်သူတွေနဲ့အတူဓမ္မဘက်က ရပ်တည်ပေးခဲ့တဲ့ အနုပညာရှင်တစ်ဦးဖြစ်တာကြောင့် ပရိသတ်ရဲ့ ချစ်ခင်အားပေးမှုတွေကို ပြန်လည်ရရှိလာတာ ဖြစ်ပါတယ်။
ကျော်ကျော်နန္ဒတစ်ယောက် အမိုက်စားဖက်ရှင်တွေကို ချပြရင်း ဒီ့ထက်မက လူချစ်လူခင်ပေါများပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက်ပေးလိုက်ရပါတယ်။ crd-mmload
Zawgyi
Add a Comment
Your email address will not be published. Required fields are marked *