နန်းဆုရတီးစိုးရဲ့ မွေးနေ့ Suprise လေးတစ်ခုကြောင့် မထင်မှတ်ထားရလောက်အောင် အံ့ဩပီတိ ဖြစ်သွားရတဲ့ ရတနာမိုင်

Unicode

အဆိုတော်မလေး ရတနာမိုင်ကတော့ အနုပညာနယ်ပယ်မှာ နေရာတစ်နေရာကို အခိုင်အမာရပ်တည်ထားနိုင်ခဲ့တဲ့ သူလေးပဲဖြစ်ပါတယ်။ သူမကတော့ အဆိုတော်တစ်ယောက်အပြင် သရုပ်ဆောင်အလုပ်ကိုလည်း လုပ်ကိုင်နေတာ တွေ့ရပါတယ်။

ရတနာမိုင်က တေးသီချင်းအသစ်လေးတွေကိုလည်း ဆက်လက်ဖန်တီးနေပြီး အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေခဲ့တာဖြစ်ပါတယ်။

တမူထူးခြားတဲ့ အလှတရားတွေကို ပိုင်ဆိုင်ထားပြီး မိဘကိုသိတတ်လိမ္မာတဲ့ သမီးလေး ဖြစ်တာကြောင့် အနုပညာမောင်နှမတွေကလည်း ချစ်အားပိုနေရတာ ဖြစ်ပါတယ်။

ဩဂုတ်လ ( ၁၇ ) ရက်နေ့ကတော့ ရတနာမိုင်ရဲ့ မွေးနေ့လေးဖြစ်ရာ ချစ်ရတဲ့ ပရိသတ်တွေ မိတ်ဆွေတွေက မွေးနေ့ဆုတောင်းပေးခဲ့ကြပါတယ် ။

ဒါ့အပြင် မွေးနေ့လက်ဆောင်တွေလည်း ပေးပို့ကြသလို ပရိသတ်တွေကလည်း အလှူလေးတွေ အမှတ်တရ ပြုလုပ်ပေးခဲ့ကြပါတယ်

အခုလည်း နန်းဆုရတီစိုးက သူမအတွက် မွေးနေ့လက်ဆောင်တွေနဲ့ ကိတ်မုန့်လေးကို Suprise လုပ်ပေးလာတာကြောင့် ကြည်နူးပီတိဖြစ်နေကြောင်းဖော်ပြလာပါတယ် ။ ပရိသတ်ကြီးအတွက် ရတနာမိုင်ရဲ့ ပုံရိပ်တွေကို ဝေမျှပေးလိုက်ပါတယ် ။
Photo – Yadanar My 
Yuan – Cele Zone

Zawgyi






Photo – Yadanar My 
Yuan – Cele Zone

Add a Comment

Your email address will not be published. Required fields are marked *