ဆေးရုံတက်နေတဲ့အမေ့ကို မပြုစုနိုင်တဲ့အပြင် အမေက ပြန်အားပေးရလောက်အောင် အားငယ်နေတဲ့ဖွေးဖွေး

Unicode

ပရိတ်သတ်ကြီးရေ…အနုပညာလောကမှာ ရုပ်ရှင်နဲ့ဗီဒီယိုဇာတ်ကောင်းပေါင်းများစွာကို ကျရာဇာတ်ရုပ်တိုင်းမှာ ပီပြင်ပိုင်နိုင်စွာသရုပ်ဆောင်နိုင်တဲ့အတွက် အကယ်ဒမီထူးချွန်ဆုကြီးကို ထိုက်ထိုက်ရရှိခဲ့တဲ့ ပရိတ်သတ်တွေရဲ့အချစ်တော်မင်းသမီးချောလေးဖွေးဖွေးဟာဆိုရင် အောင်မြင်မှုတွေနဲ့အနုပညာ

လမ်းကြောင်းမှာ ‌အောင်မြင်လာခဲ့တာ ယနေ့ထိတိုင်ပါပဲနော်။အခုလက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေမှာဆိုရင်လည်း

ဖွေးဖွေးကပြည်သူလူထုနဲ့တစ်သားတည်းရပ်တည်ခဲ့တာပဲဖြစ်ပါတယ်.။ဖွေးဖွေးဟာဆိုရင် နွေဦးတော်လှန်ရေးရဲ့လူထုလှုပ်ရှားမှုမှာလည်း တက်တက်ကြွကြွနဲ့လမ်းမပေါ်ထွက်ကာ

လွတ်လပ်စွာနဲ့ဆန္ဒဖော်ထုတ်ခဲ့တာပဲဖြစ်ပါတယ်နော်.။အဲ့ဒီလို လူထုလှုပ်ရှားမှုမှာပါဝင်ခဲ့တဲ့အတွက် ပုဒ်မ၅၀၅(က)နဲ့ဝရမ်းခံခဲ့ရတာလည်းဖြစ်ပါတယ်နော်။ထွက်ပြေးတိမ်ရှောင်စဉ်ကာလမှာဖွေးဖွေးရဲ့အဖွားဖြစ်သူလည်းကွယ်လွန်ခဲ့တာဖြစ်ပါတယ်။

သူမက အဖွားဖြစ်သူ နေမကောင်းချိန်မှာရော ဆုံးပါးသွားချိန်မှာပါ အနားမှာရှိမပေးနိုင်တာကြောင့် စိတ်မကောင်းဖြစ်နေရတာ ဖြစ်တယ်လို့လည်း သိရပါတယ်နော်..

ဒါအပြင် လက်ရှိမှာ ဖွေးဖွေးရဲ့အမေကဆေးရုံတင်ထားရတာဖြစ်ပါတယ်။ဖွေးဖွေးရဲ့အမေကသက်သာနေပြီဖြစ်ပြီးသမီးဖြစ်သူဖွေးဖွေးကိုတောင် စိတ်ဓာတ်မကျဖို့အားပေးစကားတွေပြောခဲ့တာဖြစ်ပါတယ်။

ဖွေးဖွေးကလည်း အမေချစ်သမီးတစ်ယောက်ဖြစ်ပြီးမိခင်ကိုလိုလေသေးမရှိပြုစုစောင့်ရှောက်ပေးနေတာဖြစ်ပါတယ်။ဖွေးဖွေးရဲ့အမေလည်းအမြန်ဆုံးကျန်းမာပြီးအရင်လိုပျော်ရွှင်တဲ့

မိသားစုဘဝလေးကိုပိုင်ဆိုင်နိုင်ပါစေလို့ဆုတောင်းပေးပါတယ်။အားငယ်နေတဲ့ဖွေးဖွေးကိုချစ်ကြတဲ့ပရိသတ်ကြီးလည်း အားပေးစကားလေးပြောပေးသွားကြပါအုံးနော်..
Crd…

Zawgyi








Crd…

Add a Comment

Your email address will not be published. Required fields are marked *