မိခင်ကြီးကွယ်လွန်ခြင်း (၁)လပြည့်လပတ်လည်အတွက် ဆွမ်းကပ်အလှူလေးပြုလုပ်ခဲ့တဲ့ သွန်းသစ္စာဇော်

Unicode

ပရိသတ်ကြီးရေ ပရိသတ်တွေရဲကအားပေးချစ်ခင်မှုကို ရရှိပိုင်ဆိုင်ထားတဲ့ ပရိသတ်အချစ်တော် သရုပ်ဆောင် မင်းသမီးချောလေး သွန်းသစ္စာဇော်ကတော့ ဒီနေ့မှာ သူ့ရဲ့မိခင်ကြီးလပတ်လည်အတွက် ကောင်းမှုကုသိုလ်တွေပြုလုပ်ပေးခဲ့ပါတယ်။

သွန်းသစ္စာဇော်ကတော့ မိခင်ကြီးရှိစဉ်ကတည်းကလည်း မိခင်ကြီးအပေါ်မှာတာဝန်ကျေပွန်လှတဲ့ သမီးလိမ္မာလေးပါ။

မိခင်ကြီး ကွယ်လွန်ချိန်မှာလည်း မိခင်ကြီး ဘဝကူးကောင်းအောင် လိုအပ်တာတွေကို လုပ်ပေးခဲ့ပြီး လပတ်လည်တဲ့ ဒီနေ့ရက်လေးမှာလည်း ဘုရားမှာ ဆွမ်းကပ်လှူဒါန်းတဲ့ အလှူလေးပြုလုပ်ပေးခဲ့တာပဲဖြစ်ပါတယ်။

မိခင်ကြီးကွယ်လွန်ခြင်း (၁)လပြည့်အတွက် ရည်စူးပြီး အလိုတော်ပြည့်ဘုရားမှာ မာလာရေစင်နဲ့ ဆွမ်းကပ်လှူပြီး မိခင်ကြီး ကောင်းမှုတွေပြုလုပ်ပေးတာပဲဖြစ်ပါတယ်။

သူပြုလုပ်ပေးတဲ့ကောင်းမှုတွေကိုလည်း မိခင်ကြီးဖြစ်သူအပြည့်အဝခံစားရပြီး ကောင်းရာဘုံဘဝကနေ သာဓုခေါ်ဆိုနိုင်စေဖို့လည်း ဆန္ဒပြုထားပါသေးတယ်။

ပရိသတ်ကြီးရေ သွန်းသစ္စာဇော်ကတော့ တကယ်ကိုမှမိခင်အပေါ်မှာတာဝန်ကျေပြီး သိတတ်လိမ္မာလွန်းလှတဲ့ သမီးအလိမ္မာလေးတစ်ယောက်ပါပဲနော်။
Source – Thun Thit Sar Zaw

Zawgyi







Add a Comment

Your email address will not be published. Required fields are marked *