NGU ကို ထောက်ခံကြောင်း Facebook တွင် ပရိုဖိုင်ချိန်းသည့်နာမည်ကြီးအနုပညာရှင် ၆၃ ဦးအား အရေးယူရန် စစ်ကောင်စီပြင်ဆင်

Unicode

NGU ကို ထောက်ခံကြောင်း Facebook တွင် ပရိုဖိုင်ချိန်းသည့် အကယ်ဒမီ အေးမြတ်သူ၊ ဟန်ဇာမိုးဝင်း၊ R ဇာနည်၊ အရိုင်းအပါအဝင် နာမည်ကြီးအနုပညာရှင် ၆၃ ဦးအား အရေးယူရန် စစ်ကောင်စီပြင်ဆင်

ဧရာဝတီတိုင်မ်း
သြဂုတ် ၁၃ ရက်

အမျိုးသားညီညွတ်ရေးအစိုးရ – NGU ကို ထောက်ခံကြောင်း Facebook တွင် ပရိုဖိုင်ချိန်းသည့် အကယ်ဒမီ အေးမြတ်သူ၊ ဟန်ဇာမိုးဝင်း၊ R ဇာနည်၊ အရိုင်းအပါအဝင် နာမည်ကြီးအနုပညာရှင် ၆၃ ဦးအား အရေးယူရန် စစ်ကောင်စီက ပြင်ဆင်နေကြောင်းသတင်းရရှိသည်။

Facebook လူမှုကွန်ယက်တွင် Accept NUG, Reject Military ပရိုဖိုင်ထားရှိသည့် နာမည်ကြီးအနု ပညာရှင် ၆၃ ဦး အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့တင်ပြစာအရ သိရသည်။

၄င်း profile frame ဖြင့် Facebook အသုံးပြုသူများအနေဖြင့် အကြမ်းဖက်အဖွဲ့အဖြစ်ကြေငြာထားသော NUG အစိုးရအား ထောက်ခံသည့်လုပ်ရပ်များဖြစ်၍ စစ်ကောင်စီမှ စာရင်းပြုစုထားရှိရန်ညွှန်ကြားပြီးနောက် ယခုကဲ့သို့ အရေးယူမှု ပြုလုပ်ရန် ဆောင်ရွက်လာခြင်းဖြစ်ကြောင်းသိရသည်။

ယင်းလုပ်ရပ်၏ ရည်ရွယ်ချက်သည် စက်တင်ဘာလအတွင်းပြုလုပ်မည့် ကုလသမ္မဂတွင် NUG အစိုးရအားကိုယ်စားပြုနိုင်ရေး လှုပ်ရှားမှုဖြစ်သဖြင့်

အကြမ်းဖက်အဖွဲ့အဖြစ် ကြေငြာထားသောအဖွဲ့အစည်းအား ထောက်ခံနေသည့် လုပ်ရပ်ဖြစ်၍ အကြမ်းဖက်ဥပဒေပုဒ်မ ၅၂ (ပုဒ်မခွဲ က) နှင့် ငြိစွန်းသည်ဟု ရေးသားဖော်ပြထားသည်။

စစ်ကောင်စီအနေဖြင့် အာဏာသိမ်းပြီး ၆ လပြည့် သြဂုတ်လ ၁ ရက်နေ့က အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအား ပြန်လည်ပြင်ဆင်ခဲ့ပြီး ပြင်ဆင်ချက်အရ ”အကြမ်းဖက်အုပ်စုတခုခုတွင်ဖြစ်စေ၊ အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ရာတွင်ဖြစ်စေ သူတစ်ဦးဦးအားပါ ဝင်စေရန်တိုက်တွန်းမှု၊

စည်းရုံးသိမ်းသွင်းမှု၊ ဝါ ဒဖြန့်မှု၊ စုဆောင်းရန်ပြုလုပ်မှုများ” ဟုပါရှိပြီး ယင်းကဲ့သို့လုပ်ဆောင်မှုတခုခုနှင့် အကျုံးဝင်ပါက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကာပြစ်ဒဏ်အရ ထောင်ဒဏ်သုံးနှစ်မှခုနှစ်နှစ်ထိ ချမှတ်နိုင်ကြောင်းသိရသည်။
Source: AyeyarwaddyTimes

Zawgyi

NGU ကို ေထာက္ခံေၾကာင္း Facebook တြင္ ပရိုဖိုင္ခ်ိန္းသည့္ အကယ္ဒမီ ေအးျမတ္သူ၊ ဟန္ဇာမိုးဝင္း၊ R ဇာနည္၊ အရိုင္းအပါအဝင္ နာမည္ႀကီးအႏုပညာရွင္ ၆၃ ဦးအား အေရးယူရန္ စစ္ေကာင္စီျပင္ဆင္

ဧရာဝတီတိုင္မ္း
ၾသဂုတ္ ၁၃ ရက္

အမ်ိဳးသားညီၫြတ္ေရးအစိုးရ – NGU ကို ေထာက္ခံေၾကာင္း Facebook တြင္ ပရိုဖိုင္ခ်ိန္းသည့္ အကယ္ဒမီ ေအးျမတ္သူ၊ ဟန္ဇာမိုးဝင္း၊ R ဇာနည္၊ အရိုင္းအပါအဝင္ နာမည္ႀကီးအႏုပညာရွင္ ၆၃ ဦးအား အေရးယူရန္ စစ္ေကာင္စီက ျပင္ဆင္ေနေၾကာင္း သတင္းရရွိသည္။

Facebook လူမႈကြန္ယက္တြင္ Accept NUG, Reject Military ပရိုဖိုင္ ထားရွိသည့္ နာမည္ႀကီးအႏု ပညာရွင္ ၆၃ ဦးအား အၾကမ္းဖက္မႈတိုက္ဖ်က္ေရးဥပေဒျဖင့္ အေရးယူေဆာင္႐ြက္သြားမည္ ျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕တင္ျပစာအရ သိရသည္။

၄င္း profile frame ျဖင့္ Facebook အသုံးျပဳသူမ်ားအေနျဖင့္ အၾကမ္းဖက္အဖြဲ႕အျဖစ္ေၾကျငာထားေသာ NUG အစိုးရအား ေထာက္ခံသည့္လုပ္ရပ္မ်ားျဖစ္၍

စစ္ေကာင္စီမွ စာရင္းျပဳစုထားရွိရန္ၫႊန္ၾကားၿပီးေနာက္ ယခုကဲ့သို႔ အေရးယူမႈ ျပဳ လုပ္ရန္ ေဆာင္႐ြက္လာျခင္းျဖစ္ေၾကာင္း သိရသည္။

ယင္းလုပ္ရပ္၏ ရည္႐ြယ္ခ်က္သည္ စက္တင္ဘာလအတြင္းျပဳလုပ္မည့္ ကုလသမၼဂတြင္ NUG အစိုးရအားကိုယ္စားျပဳနိုင္ေရး လႈပ္ရွားမႈျဖစ္သျဖင့္

အၾကမ္းဖက္အဖြဲ႕အျဖစ္ ေၾကျငာထားေသာအဖြဲ႕အစည္းအား ေထာက္ခံေနသည့္ လုပ္ရပ္ျဖစ္၍ အၾကမ္းဖက္ဥပေဒပုဒ္မ ၅၂ (ပုဒ္မခြဲ က) ႏွင့္ ၿငိစြန္းသည္ဟု ေရးသားေဖာ္ျပထားသည္။

စစ္ေကာင္စီအေနျဖင့္ အာဏာသိမ္းၿပီး ၆ လျပည့္ ၾသဂုတ္လ ၁ ရက္ေန႕က အၾကမ္းဖက္မႈတိုက္ဖ်က္ေရးဥပေဒအား ျပန္လည္ျပင္ဆင္ခဲ့ၿပီး ျပင္ဆင္ခ်က္အရ ”အၾကမ္းဖက္အုပ္စုတခုခုတြင္ျဖစ္ေစ၊ အၾကမ္းဖက္လုပ္ငန္းမ်ား ေဆာင္႐ြက္ရာတြင္ျဖစ္ေစ သူတစ္ဦးဦးအားပါ ဝင္ေစ ရန္ တိုက္တြန္းမႈ၊

စည္း႐ုံးသိမ္းသြင္းမႈ၊ ဝါ ဒျဖန့္မႈ၊ စုေဆာင္းရန္ျပဳလုပ္မႈမ်ား” ဟုပါရွိၿပီး ယင္း ကဲ့သို႔လုပ္ေဆာင္မႈတခုခုႏွင့္ အက်ဳံးဝင္ပါက

အၾကမ္းဖက္မႈတိုက္ဖ်က္ေရးဥပေဒျဖင့္ အေရး ယူေဆာင္႐ြက္သြားမည္ျဖစ္ကာ ျပစ္ဒဏ္အရ ေထာင္ဒဏ္သုံးႏွစ္မွ ခုႏွစ္ႏွစ္ထိ ခ်မွတ္နိုင္ ေၾကာင္း သိရသည္။
Source: AyeyarwaddyTimes

Add a Comment

Your email address will not be published. Required fields are marked *