နွေဦးတော်လှန်ရေး၏ အာဇာနည်သူရဲ‌‌ကောင်း ကိုချစ်မင်းသူ၏ ဒုတိယမြောက်ရင်သွေး မကြာမီ မွေးဖွား‌တော့မည်

Unicode

နွေဦးတော်လှန်ရေး၏ အာဇာနည်သူရဲ‌‌ေကာင်း ကိုချစ်မင်းသူ၏ ဒုတိယမြောက်ရင်သွေး မကြာမီ မွေးဖွား‌တော့မည်

ဝေဟင်စိုး

နွေဦးတော်လှန်ရေးကာလအတွင်း စစ်ကောင်စီပစ်ခတ်မှုကြောင့် ဦးခေါင်းတွင် သေနတ်ကျည်ဆန် ထိမှန်သေဆုံးခဲ့ရသည့် အာဇာနည် သူရဲကောင်းကိုချစ်မင်းသူ၏ ဒုတိယမြောက်ရင်သွေးကို မွေးဖွားရန် တစ်လကျော်သာလိုတော့ကြောင်း ၄င်း၏ဇနီးဖြစ်သူ က မဇ္စျိမ ကိုပြောသည်။

“ အကို မထွက်လို့ အကို့လို လူတွေများလာရင် ဒီမိုကရေစီ မရမှာ စိုးရိမ်တယ်”ဟု သူ၏ဇနီးသည်ကို မှာကြားခဲ့သည့် စကားသည် နွေဦးတော်လှန်ရေး၏ ပြယုဂ်တစ်ခုဖြစ်ခဲ့သည်။

ကိုချစ်မင်းသူ၏ ဒုတိယမြောက်ရင်သွေးကို လာမည့် အောက်တိုဘာ လလယ်ပိုင်းတွင် မွေးဖွားနိုင်သည်ဟု ဆရာဝန်က ရက်ချိန်း သတ်မှတ်ပေးထားပြီး မွေးဖွားရန် ဆရာ၀န်များနှင့် ချိတ်ဆက် ပြင်ဆင်ထားပြီးဖြစ်သည်ဟုဆိုသည်။

“သူ့ရင်သွေးကို မွေးဖွားဖို့က ၁၀ လပိုင်းလယ်လောက် မွေးမှာပါ။ အားလုံးပြင်ဆင်ပြီးပါပြီ။ အဆင်ပြေပါတယ်။ ဘာမှတော့ မလိုအပ်တော့ပါဘူး။ ဟိုတစ်လောက ဖုန်းတွေ ဆက်ပြီး အကူအညီပေးဖို့ ပြောလာတာ တွေရှိပါ တယ်။ ညီမလက်မခံခဲ့ပါဘူး”ဟု ဇနီးဖြစ်သူကဆိုသည်။

ကိုချစ်မင်းသူသည် ပြီးခဲ့သည့် မေ ၁၁ ရက်က ဒဂုံမြို့သစ် မြောက်ပိုင်းအတွင်း စစ်ကောင်စီကို အကြမ်းမဖက် ဆန္ဒထုတ်ဖော်ရာမှ စစ်ကောင်စီ၏ပစ်ခတ်မှုကြောင့် ဦးခေါင်းကိုသေနတ် ကျည်ဆန်ထိမှန်၍ ကျဆုံးခဲ့သူတစ်ဦးဖြစ်သည်။

ကိုမင်းချစ်သူ ကျဆုံးချိန်တွင် အသက် ၂၄နှစ် အရွယ်ရှိပြီဖြစ်ကာ ယင်းမြို့နယ်၌ ပထမဆုံး သေနတ်ထိမှန် ကျဆုံးခဲ့သူ တစ်ဦးလည်းဖြစ်သည်။

၄င်းမကျဆုံးမီ ဇနီးဖြစ်သူအား ပြောခဲ့သည့် စကားသည် နွေဦး တော်လှန်ရေး လုပ်ဆောင်နေသူများအတွက် ဝမ်းနည်းကြေကွဲမှုနှင့်အတူ ခွန်အားဖြစ်စေခဲ့သည့် စကားတစ်ခွန်းဖြစ်ခဲ့သည်။

ကိုချစ်မင်းသူ ကျဆုံးချိန်သည် မတ်လ ၁၁ ရက်‌ဖြစ်၍ ယခုသြဂုတ် ၁၁ ရက်တွင် ခြောက်လပြည့်ပြီဖြစ်သည်။ ၄င်း‌သေဆုံးချိန်က ၎င်း၏ ဇနီးသည်တွင် ကိုယ်ဝန် နှစ်လရှိပြီဖြစ်ကာ အသက် ၂နှစ် ၇လအရွယ် သားငယ်တစ်ဦးလည်းကျန်ရှိခဲ့သည်။
Credit: Mizzima

Zawgyi

ေႏြဦးေတာ္လွန္ေရး၏ အာဇာနည္သူရဲ‌‌ေကာင္း ကိုခ်စ္မင္းသူ၏ ဒုတိယေျမာက္ရင္ေသြး မၾကာမီ ေမြးဖြား‌ေတာ့မည္

ေဝဟင္စိုး

ေႏြဦးေတာ္လွန္ေရးကာလအတြင္း စစ္ေကာင္စီပစ္ခတ္မႈေၾကာင့္ ဦးေခါင္းတြင္ ေသနတ္က်ည္ဆန္ ထိမွန္ေသဆုံးခဲ့ရသည့္ အာဇာနည္ သူရဲေကာင္းကိုခ်စ္မင္းသူ၏ ဒုတိယေျမာက္ရင္ေသြးကို ေမြးဖြားရန္ တစ္လေက်ာ္သာလိုေတာ့ေၾကာင္း ၄င္း၏ဇနီးျဖစ္သူ က မဇၥ်ိမ ကိုေျပာသည္။

“ အကို မထြက္လို႔ အကို႔လို လူေတြမ်ားလာရင္ ဒီမိုကေရစီ မရမွာ စိုးရိမ္တယ္”ဟု သူ၏ဇနီးသည္ကို မွာၾကားခဲ့သည့္ စကားသည္ ေႏြဦးေတာ္လွန္ေရး၏ ျပယုဂ္တစ္ခုျဖစ္ခဲ့သည္။

ကိုခ်စ္မင္းသူ၏ ဒုတိယေျမာက္ရင္ေသြးကို လာမည့္ ေအာက္တိုဘာ လလယ္ပိုင္းတြင္ ေမြးဖြားနိုင္သည္ဟု ဆရာဝန္က ရက္ခ်ိန္း သတ္မွတ္ေပးထားၿပီး ေမြးဖြားရန္ ဆရာ၀န္မ်ားႏွင့္ ခ်ိတ္ဆက္ ျပင္ဆင္ထားၿပီးျဖစ္သည္ဟုဆိုသည္။

“သူ႕ရင္ေသြးကို ေမြးဖြားဖို႔က ၁၀ လပိုင္းလယ္ေလာက္ ေမြးမွာပါ။ အားလုံးျပင္ဆင္ၿပီးပါၿပီ။ အဆင္ေျပပါတယ္။ ဘာမွေတာ့ မလိုအပ္ေတာ့ပါဘူး။ ဟိုတစ္ေလာက ဖုန္းေတြ ဆက္ၿပီး အကူအညီေပးဖို႔ ေျပာလာတာ ေတြရွိပါ တယ္။ ညီမလက္မခံခဲ့ပါဘူး”ဟု ဇနီးျဖစ္သူကဆိုသည္။

ကိုခ်စ္မင္းသူသည္ ၿပီးခဲ့သည့္ ေမ ၁၁ ရက္က ဒဂုံၿမိဳ႕သစ္ ေျမာက္ပိုင္းအတြင္း စစ္ေကာင္စီကို အၾကမ္းမဖက္ ဆႏၵထုတ္ေဖာ္ရာမွ စစ္ေကာင္စီ၏ပစ္ခတ္မႈေၾကာင့္ ဦးေခါင္းကိုေသနတ္ က်ည္ဆန္ထိမွန္၍ က်ဆဳံးခဲ့သူတစ္ဦးျဖစ္သည္။

ကိုမင္းခ်စ္သူ က်ဆဳံးခ်ိန္တြင္ အသက္ ၂၄ႏွစ္ အ႐ြယ္ရွိၿပီျဖစ္ကာ ယင္းၿမိဳ႕နယ္၌ ပထမဆုံး ေသနတ္ထိမွန္ က်ဆဳံးခဲ့သူ တစ္ဦးလည္းျဖစ္သည္။

၄င္းမက်ဆဳံးမီ ဇနီးျဖစ္သူအား ေျပာခဲ့သည့္ စကားသည္ ေႏြဦး ေတာ္လွန္ေရး လုပ္ေဆာင္ေနသူမ်ားအတြက္ ဝမ္းနည္းေၾကကြဲမႈႏွင့္အတူ ခြန္အားျဖစ္ေစခဲ့သည့္ စကားတစ္ခြန္းျဖစ္ခဲ့သည္။

ကိုခ်စ္မင္းသူ က်ဆဳံးခ်ိန္သည္ မတ္လ ၁၁ ရက္‌ျဖစ္၍ ယခုၾသဂုတ္ ၁၁ ရက္တြင္ ေျခာက္လျပည့္ၿပီျဖစ္သည္။ ၄င္း‌ေသဆုံးခ်ိန္က ၎၏ ဇနီးသည္တြင္ ကိုယ္ဝန္ ႏွစ္လရွိၿပီျဖစ္ကာ အသက္ ၂ႏွစ္ ၇လအ႐ြယ္ သားငယ္တစ္ဦးလည္းက်န္ရွိခဲ့သည္။
Credit: Mizzima

Add a Comment

Your email address will not be published. Required fields are marked *