ကိုဗစ်ကာလမှာ သက်ကြီးဘိုးဘွားများကို အိမ်တိုင်ရာရောက် အခမဲ့ ဆံပင်ညှပ်ကာ ကူညီပေးခဲ့တဲ့ ရန်ကုန်က လူငယ်လေးများ

Unicode

လူငယ် မျိုးဆက်သစ်တွေကတော့ အရေးကြုံလာတိုင်း အဘက်ဘက်ကနေ တတ်နိုင်သလောက် ပါဝင်အားဖြည့်ပေးနေကြတာကို တွေ့ရပါတယ် ။

နိုင်ငံရေးအခြေအနေတွေမှာလည်း ရှေ့ဆုံးကနေ ဦးဆောင်ရင်း ရဲရဲဝင့်ဝင့် လမ်းပေါ်ထွက်ကာ  လှုပ်ရှားပါဝင်ခဲ့ကြပါတယ် ။ အခုလို ကိုဗစ်ရောဂါတွေ ဖြစ်ပွားချိန်မှာလည်း ငွေအားရော လူအားပါ  ကူညီဆောင်ရွက်ပေးနေကြတာပါ ။

ဒါ့အပြင် ကိုဗစ်ရောဂါ ကူးစက်ခံထားရတာကြောင့် အပြင်ထွက်ရန် အဆင်မပြေလို့ အကူအညီတောင်းခံလာကြတဲ့ လူနာအိမ်တွေကိုလည်း အိမ်တိုင်ရာရောက် အစားအသောက်နဲ့ ဆေးဝါးတွေ လှူဒါန်းပို့ဆောင်ပေးခဲ့ကြပါတယ် ။

တစ်ချို့ဆို ကိုဗစ်ရောဂါကြောင့် သေဆုံးသွားသူတွေရဲ့ အလောင်းတွေကို တစ်အိမ်ဆင်း တစ်အိမ်တက် သယ်ဆောင်ပေးကာ သင်္ဂြိုလ်ဖို့ ကူညီပေးကြသည်အထိပါပဲ ။

အခုလည်း ကိုဗစ်ရောဂါကူးစက်မှာ စိုးရိမ်ပြီး ဆိုင်မှာ ဆံပင်သွားညှပ်ဖို့ အဆင်မပြေ ဖြစ်နေတဲ့ သက်ကြီး အဖိုးအဖွားတွေကို အိမ်အထိ ကိုယ်တိုင်သွားရောက်ကာ အခမဲ့ ညှပ်ပေးနေကြတဲ့ လူငယ်လေးတွေရဲ့ ပုံရိပ်တွေကို တွေ့ရပါတယ် ။

ဒီလုပ်ရပ်ကလည်း သက်ကြီး အဖိုးအဖွားတွေရဲ့ ဝေယျာဝစ္စတွေကို ပြုလုပ်ပေးရတာပဲဖြစ်လို့ အင်မတန်မှ မွန်မြတ်လှပါတယ် ။

ပရိသတ်ကြီးအတွက် အဖိုးအဖွားတွေ ကို အခမဲ့ ဆံပင်လိုက်ညှပ်ပေးနေတဲ့ ရန်ကုန်က လူငယ်တွေရဲ့ ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ် ။
Credit

Zawgyi

လူငယ္ မ်ိဳးဆက္သစ္ေတြကေတာ့ အေရးႀကဳံလာတိုင္း အဘက္ဘက္ကေန တတ္နိုင္သေလာက္ ပါဝင္အားျဖည့္ေပးေနၾကတာကို ေတြ႕ရပါတယ္ ။

နိုင္ငံေရးအေျခအေနေတြမွာလည္း ေရွ႕ဆုံးကေန ဦးေဆာင္ရင္း ရဲရဲဝင့္ဝင့္ လမ္းေပၚထြက္ကာ  လႈပ္ရွားပါဝင္ခဲ့ၾကပါတယ္ ။ အခုလို ကိုဗစ္ေရာဂါေတြ ျဖစ္ပြားခ်ိန္မွာလည္း ေငြအားေရာ လူအားပါ  ကူညီေဆာင္႐ြက္ေပးေနၾကတာပါ ။

ဒါ့အျပင္ ကိုဗစ္ေရာဂါ ကူးစက္ခံထားရတာေၾကာင့္ အျပင္ထြက္ရန္ အဆင္မေျပလို႔ အကူအညီေတာင္းခံလာၾကတဲ့ လူနာအိမ္ေတြကိုလည္း အိမ္တိုင္ရာေရာက္ အစားအေသာက္နဲ႕ ေဆးဝါးေတြ လႉဒါန္းပို႔ေဆာင္ေပးခဲ့ၾကပါတယ္ ။

တစ္ခ်ိဳ႕ဆို ကိုဗစ္ေရာဂါေၾကာင့္ ေသဆုံးသြားသူေတြရဲ႕ အေလာင္းေတြကို တစ္အိမ္ဆင္း တစ္အိမ္တက္ သယ္ေဆာင္ေပးကာ သျဂၤိုလ္ဖို႔ ကူညီေပးၾကသည္အထိပါပဲ ။

အခုလည္း ကိုဗစ္ေရာဂါကူးစက္မွာ စိုးရိမ္ၿပီး ဆိုင္မွာ ဆံပင္သြားညွပ္ဖို႔ အဆင္မေျပ ျဖစ္ေနတဲ့ သက္ႀကီး အဖိုးအဖြားေတြကို အိမ္အထိ ကိုယ္တိုင္သြားေရာက္ကာ အခမဲ့ ညွပ္ေပးေနၾကတဲ့ လူငယ္ေလးေတြရဲ႕ ပုံရိပ္ေတြကို ေတြ႕ရပါတယ္ ။

ဒီလုပ္ရပ္ကလည္း သက္ႀကီး အဖိုးအဖြားေတြရဲ႕ ေဝယ်ာဝစၥေတြကို ျပဳလုပ္ေပးရတာပဲျဖစ္လို႔ အင္မတန္မွ မြန္ျမတ္လွပါတယ္ ။

ပရိသတ္ႀကီးအတြက္ အဖိုးအဖြားေတြ ကို အခမဲ့ ဆံပင္လိုက္ညွပ္ေပးေနတဲ့ ရန္ကုန္က လူငယ္ေတြရဲ႕ ပုံရိပ္ေတြကို ေဖာ္ျပေပးလိုက္ပါတယ္ ။
Credit

Add a Comment

Your email address will not be published. Required fields are marked *