လိုချင်နေတဲ့ ဂီတာလေးကို ရွာအထိ လက်ဆောင် ပို့ပေးခဲ့တာကြောင့် ဝမ်းသာပြီး ပရိတ်သတ်တွေကို ကတိတစ်ခု ပေးလိုက်တဲ့ ခြိမ့်ကေကို (ဘနားနား)

Unicode

လိုချင်နေတဲ့ ဂီတာလေးကို ရွာအထိ လက်ဆောင်ပို့ပေးခဲ့တာကြောင့် ဝမ်းသာပြီး ပရိတ်သတ်ကိုကတိတစ်ခုပေးလိုက်တဲ့ ဘနားနား

ပရိတ်သတ်ကြီးရေ…..Myanmar Idol မှာ သီချင်း သွားပြိုင်ရာ မြန်မာပြည်သိန်းတန်ကငှက်ပျောသီး ကျွေးရာမှ ဘနားနား လို့နာမည်ကြီး လူသိများလာသူလေး ခြိမ့်ကေကိုဟာဆိုရင် ပရိသတ်တွေချစ်ခင်အားပေးမှု များစွာရရှိနေသူပါ။

သူကခုဆိုရင် အနုပညာလောကထဲဝင်ရောက်လာပြီး သူကလက်ရှိမှာ သရဲကားတစ်ကားကို ရိုက်ကူးထားပြီပဲဖြစ်ပါတယ်။ ခြိမ့်ကေကိုကကိုယ်ပိုင်သီချင်းလေးတွေဖန်တီပြီး သူတတ်သမျှပညာလေးနဲ့

ပရိသတ်တွေကို ချပြတတ်သူလေးပဲ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ခြိမ့်ကေကိုဟာဂစ်တာတစ်လက်ကိုလက်ဆောင်ရခဲ့ပါတယ်။သူ့ရဲ့ရင်တွင်းခံစားချက်ကလေး ကိုနားထောင်ကြည့်ကြပါအုံး။

ကျွန်တော်ကို ဂီတာလက်ဆောင်လေးပေးတဲ့ခုနှစ်ရက်သားသမီးပရိတ်သတ်များအားလုံးအထူးကျေးဇူးပါ ကျွန်တော်လည်း အကောင်းဆုံးဖြစ်အောင်ဂီတဘမှာရော့သရုပ်ဆောင်ဘက်မှာပါ ကြိုးစားသွားပါမယ်ကျွန်တော်နေတဲ့နယ်ထိ

ဂီတာလေးရောက်အောင်ပို့ပေးတဲ့ Guitar Virus guitar shop ဆိုင်လည်း ဒီထက်မကရောင်းအားကောင်းပါစေထပ်တူဆုတောင်းပေးပါတယ် ခုနှစ်ရက်သားသမီးပရိတ်သတ်များအားလုံးလည်း

စိတ်၏ချမ်းသာခြင်းကိုယ့်၏ကျန်းမာခြင်းများဖြင့်ပြည့်စုံပြီ ကပ်ဘေးအမျိုးမျိုးမှကင်းလွတ်ပြီ မြန်မာပြည်ကြီးလည်းငြိမ်းချမ်းပါစေထပ်တူဆုတောင်းပေးပါတယ်”ဆိုပြီးသူ့ရဲ့လူမှုကွန်ယက်စာမျက်နှာမှာရေးသားလာခဲ့တာပဲဖြစ်ပါတယ်နော်။
crd-

Zawgyi







crd-

Add a Comment

Your email address will not be published. Required fields are marked *