အသက်စွန့်ခဲ့တဲ့ ကြယ်လေးတွေ အတွက် နာရီတိုင်းရဲ့ ၄၄ မိနစ်ရောက်တိုင်းမှာ အံကို၅ခါ ကြိတ် တောက် ၅ ခါ ခေါက်ဖို့ သတိပေးလာတဲ့ မောင်မောင်အေး

Unicode

အသက်စွန့်ခဲ့တဲ့ ကြယ်လေးတွေ အတွက် နာရီတိုင်းရဲ့ ၄၄ မိနစ်ရောက်တိုင်းမှာ အံကို၅ခါ ကြိတ် တောက် ၅ ခါ ခေါက်ဖို့ သတိပေးလာတဲ့ မောင်မောင်အေး

အနုပညာလောကမှာ နာမည်ကြီးသူတစ်ယောက်ဖြစ်တဲ့ အစီစဉ်တင်ဆက်သူ မောင်မောင်အေးကတော့သရုပ်ဆောင်သိပ်မလုပ်ပေမယ့်လည်း ပရိသတ်တိုင်းနဲ့မစိမ်းတဲ့ ဆယ်လီတစ်ယောက်ပါပဲ။

ထို့အပြင်မောင်မောင်အေးကတော့ ကိုရိုနာဗိုင်းရပ်စ်ကာကွယ် တိုက်ဖျက်ရေးလုပ်ငန်းတွေမှာ အင်တိုက်အားတိုက်ပါဝင်နေခဲ့သူပါ။သူကိုယ်တိုင်လည်း ပြည်သူနဲ့အတူ လှူကြမယ်အစီအစဉ်၊ We Love Yangon အဖွဲ့ ၊Quarantine ဝင်နေတဲ့လူနာတွေကို

သွားရောက်ဖျော်ဖြေရေးစတာတွေမှာ ကိုယ်ကျိုးမဖက်ဘဲ ရှိသမျှအချိန်ပေးပြီး ဦးဆောင်လုပ်ကိုင်နေသူပါ။အာဏာသိမ်းပြီးနောက် စစ်ကောင်စီရဲ့ပြစ်မှတ်ထားမှူကြောင့် ပြည်ပသို့ထွက်ပြေးခဲ့ရပါတယ်။

အခု သူ့ရဲ့ Facebookကနေတဆင့် 14လမ်းက လူငယ်၅ဦးရဲ့ သူရဲကောင်းဆန်ဆန်တိုက်ပေါ်ကနေ အဆုံးစီရင်တဲ့ ကိစ္စနဲ့ပတ်သတ်ပြီး အခုလိုပဲ ပြောလာပါတယ်။

ဘယ်နှစ်နာရီမဆိုရဲ့ ၄၄ မိနစ် ရောက်ချိန်တိုင်းမှာ
အံ ၅ ခါကြိတ်မယ်. တောက် ၅ ခါခေါက်မယ်

လက်သီးကျစ်ကျစ် တင်းတင်း ၅ ကြိမ် ဆုပ်မယ်
အသက်တောင်ပေးခဲ့ရဲတဲ့.ကြယ်တွေအတွက်
ငါ ဒီလောက်တော့ လုပ်နေနိုင်ရမယ်
ငါ ဒီထက်အများကြီး ပိုလုပ်နိုင်ပါစေသား…လို့ရေးတင်ခဲ့တာဖြစ်ပါတယ်
Source Mg Mg Aye

Zawgyi









Source Mg Mg Aye

Add a Comment

Your email address will not be published. Required fields are marked *