မကွယ်လွန်ခင် ရက်ပိုင်းလောက်က သူခံစားနေရတာတွေကို သူငယ်ချင်းထံသို့ ရေးသားပေးပို့ခဲ့တဲ့ သူရဲကောင်း မောင်ကောင်းမင်းသန့် ရဲ့နောက်ဆုံးမှတ်တမ်းတစ်ခု

unicode

ဩဂုတ်လ (၁၀) ရက် နေ့လည်ပိုင်းလောက်တွင် ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တစ်ထောင်မြို့နယ် (၄၄) လမ်းအောက်ဘလောက်ရှိ နေအိမ်တစ်အိမ်သို့ အာဏာရလက်နက်ကိုင်အဖွဲ့အစည်းမှ ဝင်ရောက်ဖမ်းဆီးရန် ပြုလုပ်ခဲ့တာကြောင့်ထွက်ပြေးနေတဲ့လူငယ်လေး(၅)ဦးဟာငါးထပ်တိုက်ပေါ်ကနေ ခုန်ချသွားတဲ့ ဖြစ်စဉ်တစ်ခုဖြစ်သွားခဲ့ပါတယ်။

ဒီဖြစ်စဉ်ကြောင့်လူငယ်(၅)ဦးစလုံးသေဆုံးသွားပြီး တိုက်ပေါ်ကနေ မခုန်ချခဲ့သူနှစ်ဦးမှာလည်း ဖမ်းဆီးခံလိုက်ရကြောင်းကနဦးသတင်းများအရသိရှိရပါတယ်။တိုက်ပေါ်မှပြုတ်ကျသေဆုံးသွားတဲ့လူငယ်လေး (၅)ဦးတွင်အမျိုးသမီးငယ်တစ်ဦးပါဝင်ကြောင်းသိရပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပြည်သူများအားလုံးက ဆုံးရှုံးသွားရတဲ့ လူငယ်လေးတွေအတွက် ဖြေမဆည်နိုင်အောင်ဝမ်းနည်းနေကြရတာဖြစ်ပါတယ်။ 

မကြာသေးခင် နာရီပိုင်းလောက်ကလည်း သေဆုံးသွားတဲ့ အထဲမှာ ပါဝင်တဲ့မောင်ကောင်းမင်းသန့်ရဲ့ သူငယ်ချင်းဖြစ်သူမှ သူ မသေဆုံးခင် ရက်ပိုင်းလောက်က စိတ်ထဲမှာ ခံစားနေရတာတွေကို ပြောပြထားတဲ့ မှတ်တမ်းတစ်ခုကို ပြန်လည်ဝေမျှပေးလာတာ ဖြစ်ပါတယ်။

ဒါကတော့ ” ငါဖမ်းမိခဲ့ပြီး သေသွားခဲ့ရင် ငါ့အတွက် ပိုတိုက်ပွဲဝင်ပေးပါ မင်းတို့သူငယ်ချင်းကြီး လိုချင်နေတဲ့ ဒီမိုကရေစီကို ရအောင်ယူပေးပါ ” ဆိုပြီးရေးသားထားတဲ့ နောက်ဆုံးမှတ်တမ်းကိုသူငယ်ချင်းဖြစ်သူမှဝမ်းနည်းစွာဖြင့်ဝေမျှပေးထားတာပါ။ 

ဂရုစိုက်ဖို့အတန်တန်မှာနေတဲ့ကြားက အခုလိုမျိုးလုပ်သွားခဲ့တဲ့ ကောင်းမင်းသန့်အတွက် သူ့သူငယ်ချင်းမှဝမ်းနည်းခံစားနေရတာဖြစ်ပါတယ်။

ဒီလူငယ်လေး (၅)ဦးဟာလူသေပေမယ့်နာမည်မသေတဲ့ ကြယ်ပွင့်တွေအဖြစ်ကောင်းကင်ပေါ်မှာအမြဲတည်ရှိနေကြမှာ အသေချာပါပဲ။

မြင့်မြတ်တဲ့ စိတ်ဓာတ်သွင်းပြီးအနိုင်ပိုင်းသွား​ကြတဲ့ သူရဲကောင်းငါးယောက်စလုံးကောင်းရာမွန်ရာဘုံဘဝမှာ

အေးချမ်းစွာ အနားယူနိုင်ပါစေလို့ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက်ပေးလိုက်ရပါတယ်။
Source and Photo Crd-Original Uploader 

zawgyi

ဩဂုတ္လ (၁၀) ရက္ ေန႕လည္ပိုင္းေလာက္တြင္ ရန္ကုန္တိုင္းေဒသႀကီး ဗိုလ္တစ္ေထာင္ၿမိဳ႕နယ္ (၄၄)လမ္းေအာက္ဘေလာက္ရွိ ေနအိမ္တစ္အိမ္သို႔ အာဏာရလက္နက္ကိုင္အဖြဲ႕အစည္းမွ ဝင္ေရာက္ဖမ္းဆီးရန္ ျပဳလုပ္ခဲ့တာေၾကာင့္ ထြက္ေျပးေနတဲ့  လူငယ္ေလး (၅)ဦးဟာငါးထပ္တိုက္ေပၚကေန ခုန္ခ်သြားတဲ့ ျဖစ္စဥ္တစ္ခု ျဖစ္သြားခဲ့ပါတယ္။

 ဒီျဖစ္စဥ္ေၾကာင့္ လူငယ္ (၅) ဦးစလုံး ေသဆုံးသြားၿပီး တိုက္ေပၚကေန မခုန္ခ်ခဲ့သူႏွစ္ဦးမွာလည္းဖမ္းဆီးခံလိုက္ရေၾကာင္းကနဦးသတင္းမ်ားအရသိရွိရပါတယ္။တိုက္ေပၚမွ ျပဳတ္က်ေသဆုံးသြားတဲ့ လူငယ္ေလး (၅) ဦးတြင္ အမ်ိဳးသမီးငယ္ တစ္ဦးပါဝင္ေၾကာင္းသိရပါတယ္။

ဒီျဖစ္စဥ္နဲ႕ ပတ္သက္ၿပီး ျပည္သူမ်ားအားလုံးက ဆုံးရႈံးသြားရတဲ့ လူငယ္ေလးေတြအတြက္ ေျဖမဆည္နိုင္ေအာင္ဝမ္းနည္းေနၾကရတာ ျဖစ္ပါတယ္။ 

မၾကာေသးခင္ နာရီပိုင္းေလာက္ကလည္း ေသဆုံးသြားတဲ့ အထဲမွာ ပါဝင္တဲ့ေမာင္ေကာင္းမင္းသန႔္ရဲ႕ သူငယ္ခ်င္းျဖစ္သူမွ သူ မေသဆုံးခင္ ရက္ပိုင္းေလာက္က စိတ္ထဲမွာ ခံစားေနရတာေတြကို ေျပာျပထားတဲ့ မွတ္တမ္းတစ္ခုကို ျပန္လည္ေဝမွ်ေပးလာတာ ျဖစ္ပါတယ္။

ဒါကေတာ့ ” ငါဖမ္းမိခဲ့ၿပီး ေသသြားခဲ့ရင္ ငါ့အတြက္ ပိုတိုက္ပြဲဝင္ေပးပါ မင္းတို႔သူငယ္ခ်င္းႀကီး လိုခ်င္ေနတဲ့ ဒီမိုကေရစီကို ရေအာင္ယူေပးပါ ” ဆိုၿပီးေရးသားထားတဲ့ ေနာက္ဆုံး မွတ္တမ္းကို သူငယ္ခ်င္း ျဖစ္သူမွဝမ္းနည္းစြာျဖင့္ ေဝမွ်ေပးထားတာပါ။ 

ဂ႐ုစိုက္ဖို႔ အတန္တန္မွာေနတဲ့ၾကားကအခုလိုမ်ိဳး လုပ္သြားခဲ့တဲ့ ေကာင္းမင္းသန႔္အတြက္ သူ႕သူငယ္ခ်င္းမွဝမ္းနည္းခံစားေနရတာ ျဖစ္ပါတယ္။

 ဒီလူငယ္ေလး (၅)ဦးဟာ လူေသေပမယ့္ နာမည္မေသတဲ့ ၾကယ္ပြင့္ေတြအျဖစ္  ေကာင္းကင္ေပၚမွာ အၿမဲတည္ရွိေနၾကမွာအေသခ်ာပါပဲ။

 ျမင့္ျမတ္တဲ့ စိတ္ဓာတ္သြင္းၿပီးအနိုင္ပိုင္းသြားၾကတဲ့ သူရဲေကာင္းငါးေယာက္စလုံး ေကာင္းရာမြန္ရာဘုံဘဝမွာ

 ေအးခ်မ္းစြာ အနားယူနိုင္ပါေစလို႔ဆုေတာင္းေပးရင္း ဒီသတင္းကို တင္ဆက္ေပးလိုက္ ရပါတယ္။
Source and Photo Crd-Original Uploader 

Add a Comment

Your email address will not be published. Required fields are marked *