ဆေးဝါးတွေနဲ့အတူ ကြက်သားဆန်ပြုတ်တွေပါလှူဒါန်းပေးခဲ့တဲ့ ခိုင်နှင်းဝေ
unicode
ဆေးဝါးတွေနဲ့အတူ ကြက်သားဆန်ပြုတ်တွေပါလှူဒါန်းပေးခဲ့တဲ့ ခိုင်နှင်းဝေပရိသတ်ကြီးရေပရိသတ်တွေရဲ့အချစ်တော်ခိုင်နှင်းဝေကတော့
မနေ့ကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ အသက်(၆၀)နှင့်အထက် အဖိုးအဖွားတွေအတွက် ဆေးဝါးတွေလှူဒါန်ပေးဖို့ ပြင်ဆင်နေခဲ့တာကို
ပရိသတ်တွေသိရှိအောင်ဖော်ပြထားခဲ့ပါတယ်။အလှူလေးကတော့ သူ့ရဲ့သူ့ရဲ့အလှူရှင်တွေလှူဒါန်းထားတဲ့အလှူငွေတွေထဲကနေလှူဒါန်းတာဖြစ်ပြီးဒီနေ့
သြဂုတ်လ (၉)ရက်နေ့မှာခိုင်နှင်းဝေကကိုယ်တိုင်ကိုယ်ကျ အဖိုးအဖွားတွေရဲ့အိမ်တွေအထိလိုက်လံလှူဒါန်းပေးခဲ့တာပါ။ ဆေးဝါးတွေအပြင်
ခိုင်နှင်းဝေကအဖိုးအဖွားတွေအားရှိစေဖို့ရည်ရွယ်ပြီး သူကိုယ်တိုင်ချက်တဲ့ကြက်သားဆန်ပြုတ်တွေကိုပါအဖိုးအဖွားတွေနဲ့ လိုအပ်နေတဲ့သူတွေအတွက်
ထပ်မံလှူဒါန်းပေးခဲ့ပါသေးတယ်။သူနဲ့အလှူရှင်တွေလှူဒါန်းတဲ့ ကြည်နူးဖွယ်အလှူပုံရိပ်လေးတွေကိုလည်း းသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ
မျှဝေဖော်ပြထားခဲ့ပါသေးတယ်။CeleCity ပရိသတ်ကြီးတွေလည်း ခိုင်နှင်းဝေနဲ့သူ့ရဲ့အလှူရှင်တွေစုပေါင်းလှူဒါန်းတဲ့အလှူလေးကိုသာဓုခေါ်ဆိုနိုင်စေဖို့
CeleCityကနေ ပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ်။ CeleCity ပရိသတ်ကြီးတွေကခိုင်နှင်းဝေတို့ရဲ့အလှူလေးကို ထပ်တူကုသိုလ်ရအောင်ဝမ်းမြောက်ဝမ်းသာနဲ့သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။
zawgyi
Add a Comment
Your email address will not be published. Required fields are marked *