နွေဦးတော်လှန်ရေးမှာ အမှန်တရားဘက်ကရပ်တည်ခဲ့တာကြောင့် တစ်မိသားစုလုံးရှောင်ပြေးနေရတဲ့ ဖွေးစိန်လေးရဲ့ (၃၃) နှစ်ပြည့်မွေးနေ့

unicode

နွေဦးတော်လှန်ရေးမှာ အမှန်တရားဘက်ကရပ်တည်ခဲ့တာကြောင့် တစ်မိသားစုလုံးရှောင်ပြေးနေရတဲ့ ဖွေးစိန်လေးရဲ့ (၃၃) နှစ်ပြည့်မွေးနေ့

ပရိတ်သတ်ကြီးရေ….ပြည်သူချစ် သရုပ်ဆောင်ဖွေးဖွေး ကတော့ အပီ ပိုင်နိုင်တဲ့ သရုပ်ဆောင်ချက်တွေ နဲ့အတူ ကျရာဇာတ်ကောင်တိုင်းမှာ အကောင်းဆုံးသရုပ်ဆောင်နိုင်တာကြောင့်ပရိတ်သတ်ကြီးတွေရဲ့ချစ်ခင်အားပေးမှုကိုအခိုင်အမာ ၊အပြည့်အဝရရှိထားတဲ့ထပ်ဆင့် အကယ်ဒမီမင်းသမီးချောလေးပဲဖြစ်ပါတယ်။ ဖွေးဖွေးကတော်လှန်ရေးကြီးမှာလဲ ပြည်သူတွေနဲ့အတူ

အမှန်တရားဘက်က ပါဝင်ပြီးလူထုလှုပ်ရှားမှုတွေမှာလဲအားတက်သရော ပါဝင်ခဲ့ပါတယ်၊ဒီလိုပါဝင်ခဲ့တဲ့အတွက်ကြောင့်ပုဒ်မ၅၀၅ကနဲ့ မတရားအမှုဖွင့်အရေးယူထားခြင်းခံရတာကြောင့်ဘေးကင်းရာကိုရှောင်းတိမ်းနေရပါတယ်။ အနုပညာလောကမှာ ရုပ်ရှင်နဲ့ဗီဒီယိုဇာတ်ကောင်းပေါင်းများစွာကို ကျရာဇာတ်ရုပ်တိုင်းမှာ ပီပြင်ပိုင်နိုင်စွာသရုပ်ဆောင်နိုင်တဲ့အတွက် အကယ်ဒမီထူးချွန်ဆုကြီးကို

ထိုက်ထိုက်ရရှိခဲ့တဲ့ ပရိတ်သတ်တွေရဲ့အချစ်တော်မင်းသမီးချောလေးဖွေးဖွေးဟာဆိုရင် အောင်မြင်မှုတွေနဲ့အနုပညာလမ်းကြောင်းမှာ လျှောက်လှမ်းခဲ့တာ ယနေ့ထိတိုင်ပါပဲနော်။

အခုလက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေမှာ ဆိုရင်လည်း ဖွေးဖွေးက ပြည်သူလူထုနဲ့တစ်သားတည်းရပ်တည်ခဲ့တာပဲဖြစ်ပါတယ်။ဖွေးဖွေးဟာဆိုရင် နွေဦးတော်လှန်ရေးရဲ့လူထုလှုပ်ရှား မှုမှာလည်း

တက်တက်ကြွကြွနဲ့လမ်းမပေါ်ထွက်ကာလွတ်လပ်စွာနဲ့ဆန္ဒ ဖော်ထုတ်ခဲ့တာပဲဖြစ်ပါတယ်နော်.။ယနေ့မှာတော့ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီဖွေးဖွေးရဲ့ ပြည်သူနဲ့တစ်သားတည်းရပ်တည်ပြီး အမှန်တရားအတွက်ရဲရဲဝင့်ဝင့် တိုက်ပွဲဝင်နေတဲ့ ပြည်သူချစ်တဲ့ မင်းသမီးချောလေးအတွက် ပရိတ်သတ်တွေကလည်း မွေးနေ့ဆုတောင်းပေးနေကြတာပဲဖြစ်ပါတယ်။

ပြည်သူနဲ့တစ်သားတည်းရပ်တည်ပေးခဲ့တဲ့ အကယ်ဒမီဖွေးဖွေးတစ်ယောက် ယနေ့ကျရောက်တဲ့ (၃၃)နှစ်ပြည့်မွေးနေ့မှစပြီး အောင်မြင်မှုများစွာကို ပိုင်ဆိုင်နိုင်ပြီး စိတ်ကျန်းသာကိုယ်ကျန်းမာစွာနဲ့ ဘဝတစ်လျှောက်လုံး နေနိုင်ပါစေလို့ ခေတ်ရိုးရာ မှ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်နော်။
crd- ခေတ်ရိုးရာ

zawgyi







crd- ခေတ်ရိုးရာ

Add a Comment

Your email address will not be published. Required fields are marked *