ကွယ်လွန်သွားတဲ့ မွေးနေ့ရှင် ဦးမေတ္တာမပါဘဲနဲ့ ရက်လည်‌‌နေ့မှာကျင်းပခဲ့ရတဲ့မွေးနေ့ပွဲလေးရဲ့ကြေကွဲစရာပုံရိပ်များ

unicode

ကွယ်လွန်သူဦးမေတ္တာကတော့ မိသားစုဝင်တွေနဲ့ ပရိသတ်တွေကို ထားပြီး ထွက်သွားခဲ့တာ ရက်လည်သွားခဲ့ပြီဖြစ်ပါတယ်။ဦးမေတ္တာမရှိတော့ဘူးဆိုတာကို မိသားစုဝင်တွေကလည်း ညှိုးငယ်စွာဖြေသိမ့်နေရတာဖြစ်ပါတယ်။

မိသားစုဝင်တစ်ယောက်ကို ဆုံးရှုံးလိုက်ရတဲ့ ကျန်ရစ်သူတွေရဲ့သောကတွေကို ပရိသတ်တွေက ကိုယ်ချင်းစာနေကြတာဖြစ်ပါတယ်။

ဒါ့ကြောင့် ကျန်ရစ်သူမိသားစုနဲ့ထပ်တူ ဦးမေတ္တာအတွက် ဝမ်းနည်းကြေကွဲနေကြတာဖြစ်ပါတယ်။

မနေ့ကဆိုရင်တော့ ဦးမေတ္တာရဲ့ ဇနီး၊သားနဲ့သမီးတို့က ရက်လည်အတွက် အိမ်မှာပဲ ဘုန်းကြီးပင့်ပြီး ဆွမ်းကပ်လှူဒါန်းကြတာဖြစ်ပါတယ်။

ရက်လည်နေ့မှာလည်း ခင်ပွန်းမရှိတော့လို့ ဝမ်းနည်းနေတဲ့မိခင်ကို မေတ္တာမြင့်မြတ်ဟိန်းက ဘေးနားကနေ နှစ်သိမ့်ပေးနေတာဖြစ်ပါတယ်။

နိုဝင်ဘာလ (၈) ရက်နေ့ဆိုရင် ဦးမေတ္တာက အသက် (၆၇)နှစ်ပြည့်တော့မှာဖြစ်လို့ မွေးရက်တူတဲ့ ဩဂုတ်လ (၈)ရက်နေ့မှာ မိသားစုဝင်တွေက မွေးနေ့အကြိုကျင်းပပေးခဲ့တာဖြစ်ပါတယ်။

မွေးနေ့ရှင်မပါတော့တဲ့ မွေးနေ့ပွဲလေးကိုကျင်းပပေးရတာဖြစ်လို့ မိသားစုဝင်တွေလည်း နာကျင်ခံစားနေရမှာပဲဖြစ်ပါတယ်။

မွေးနေ့ကိတ်ပေါ်မှာ ထွန်းထားတဲ့ ဖယောင်းတိုင်မီးတွေကိုလည်း ဇနီးဖြစ်သူကမှုတ်ပြီး ကိတ်မုန့်လေးခွဲကာမိသားစုဝင်တွေကို ခွံ့ကျွေးခဲ့တာဖြစ်ပါတယ်။

ဦးမေတ္တာကို ချစ်ခင်အားပေးကြတဲ့ ပရိသတ်တွေလည်း သူ့အတွက်ဆုမွန်ကောင်းလေးတောင်းပေးနိုင်ကြဖို့အတွက် ကျန်ရစ်သူမိသားစုဝင်တွေရဲ့ မွေးနေ့အကြိုကျင်းပနေကြတဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။
Credit

zawgyi









Credit

Add a Comment

Your email address will not be published. Required fields are marked *