“စစ်သားရဲ့ သားသမီး ပါဝင်တဲ့ အဖွဲ့ကို ဆန္ဒပြတဲ့ အဖွဲ့ထင်ပြီး ဖမ်းလိုက်မိတဲ့ ရဲတပ်ဖွဲ့”

unicode

စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် ဒီနေ့ သြဂုတ် ၇ ရက် မနက် ၁၀ နာရီခန့်က မဂ်လာဥယျာဉ်ရပ်ကွက်အမှတ် ၁၁ ကျောင်းနားမှာ သာကူကျိုယူဖို့သွားနေတဲ့ လူငယ် ၇ ယောက်ကို သံသယနဲ့ ရဲတွေက ဖမ်းဆီးသွားတယ်လို့သတင်းရရှိပါတယ်။

ကလေးမြို့တွင် မနက်ပိုင်း ဆန္ဒပြတဲ့လူငယ်တွေကို ဖမ်းဖို့ရဲကား ၃ စီးနဲ့ အရပ်ဝတ်လူအချို့က လမ်းကြားထဲကနေ စောင့်နေကြတာပါ။

ဒါပေမယ့် ဆန္ဒပြတဲ့လူငယ်တွေဟာ ချက်ချင်းလူစုခွဲနိုင်လို့ အဖမ်းခံရတဲ့သူမရှိပါ။ ဆန္ဒပြတဲ့လူငယ်တွေကို ဖမ်းဖို့စောင့်နေရင်း သာကူကျိုယူဖို့

လူငယ် ၇ ယောက်အဖွဲ့လိုက်သွားနေတာကို သံသယနဲ့ဖမ်းဆီးတာဖြစ်ပါတယ်။ ဒါပေမယ့် ၎င်းတို့ထဲတွင် စစ်သားရဲ့ သားသမီး ၁ ယောက်ပါလို့ နေ့လည် ၁၂ လောက်မှာ ပြန်လွတ်လိုက်တယ်လို့သိရတယ်။

ကလေးမြို့နယ်တွင် အာဏာသိမ်းပြီးနောက်ပိုင်း ဆန္ဒပြလူငယ်နဲ့ သင်တန်းဆင်းသံသယနဲ့ဖမ်းဆီးခံရတာ ၇၀ လောက်ရှိပြီး ၎င်းတို့ဟာ တကြိမ်မျှ ရုံးထုတ်စစ်ဆေးတာမရှိခဲ့ပါ။

ဒါ့ပြင် ပထမအကြမ်လွှတ်ငြိမ်းခွင့်နဲ့ ဒုတိယအကြိမ်လွတ်ငြိမ်းခွင့်ထဲမှာလည်း တစ်ယောက်မျှ မလွတ်ဘူးလို့သိရပါတယ်။
Crd -Zalen

zawgyi

စစ္ကိုင္းတိုင္း၊ ကေလးၿမိဳ႕တြင္ ဒီေန႕ ၾသဂုတ္ ၇ ရက္ မနက္ ၁၀ နာရီခန႔္က မဂ္လာဥယ်ာဥ္ရပ္ကြက္အမွတ္ ၁၁ ေက်ာင္းနားမွာ သာကူက်ိဳယူဖို႔သြားေနတဲ့ လူငယ္ ၇ ေယာက္ကို သံသယနဲ႕ ရဲေတြက ဖမ္းဆီးသြားတယ္လို႔သတင္းရရွိပါတယ္။

ကေလးၿမိဳ႕တြင္ မနက္ပိုင္း ဆႏၵျပတဲ့လူငယ္ေတြကို ဖမ္းဖို႔ရဲကား ၃ စီးနဲ႕ အရပ္ဝတ္လူအခ်ိဳ႕က လမ္းၾကားထဲကေန ေစာင့္ေနၾကတာပါ။

ဒါေပမယ့္ ဆႏၵျပတဲ့လူငယ္ေတြဟာ ခ်က္ခ်င္းလူစုခြဲနိုင္လို႔ အဖမ္းခံရတဲ့သူမရွိပါ။ ဆႏၵျပတဲ့လူငယ္ေတြကို ဖမ္းဖို႔ေစာင့္ေနရင္း သာကူက်ိဳယူဖို႔

လူငယ္ ၇ ေယာက္အဖြဲ႕လိုက္သြားေနတာကို သံသယနဲ႕ဖမ္းဆီးတာျဖစ္ပါတယ္။ ဒါေပမယ့္ ၎တို႔ထဲတြင္ စစ္သားရဲ႕ သားသမီး ၁ ေယာက္ပါလို႔ ေန႕လည္ ၁၂ ေလာက္မွာ ျပန္လြတ္လိုက္တယ္လို႔သိရတယ္။

ကေလးၿမိဳ႕နယ္တြင္ အာဏာသိမ္းၿပီးေနာက္ပိုင္း ဆႏၵျပလူငယ္နဲ႕ သင္တန္းဆင္းသံသယနဲ႕ဖမ္းဆီးခံရတာ ၇၀ ေလာက္ရွိၿပီး ၎တို႔ဟာ တႀကိမ္မွ် ႐ုံးထုတ္စစ္ေဆးတာမရွိခဲ့ပါ။

ဒါ့ျပင္ ပထမအၾကမ္လႊတ္ၿငိမ္းခြင့္နဲ႕ ဒုတိယအႀကိမ္လြတ္ၿငိမ္းခြင့္ထဲမွာလည္း တစ္ေယာက္မွ် မလြတ္ဘူးလို႔သိရပါတယ္။
Crd -Zalen

Add a Comment

Your email address will not be published. Required fields are marked *