ရည်းစားဟောင်းဆီ ခနဆိုပြီးအလည်သွားလိုက်တာ ၃ညအိပ် ကြာသွားတဲ့ ဥက္ကာမင်းမောင်

unicode

ရည်းစားဟောင်းဆီခဏအလည်သွားရင်းက (၃)ရက်ေလာက်ကြာသွားတာမို့ ညီမဖြစ်သူမှ လူပျောက်တိုင်ရမလိုအထိဖြစ်သွားခဲ့ရတဲ့ ဥက္ကာမင်းမောင်

ပရိသတ်ကြီးရေ သရုပ်ဆောင် ဥက္ကာမင်းမောင်တစ်ယောက် ကိုးလကြာလမ်းခွဲထားတဲ့ ရည်းစားဟောင်းနဲ့ပြန်အဆင်ပြေဖွယ် ရှိနေပါတယ်နော်။

သူကတော့ ရည်းစားဟောင်းကိုအခုထိချစ်နေဆဲလို့ ဝန်ခံထားပါသေးတယ်နော်။

“သံယောဇဉ်တခုဆိုတာ လွယ်လွယ်နဲ့ ဖြတ်မရဘူးဘယ်လောက်ပဲစိတ်နာအောင်လုပ်လုပ် နာကျည်းအောင်လုပ်လုပ်

အချိန်ကာလတခုကြာလာတော့လဲ သူနေကောင်းရဲ့လား အဆင်ပြေရဲ့လားခေါင်းထဲအမြဲရောက်ရောက်လာတတ်တာ ဓမ္မတာပါပဲ

ကံမကုန်သေးတော့လဲ ပြန်ဆုံနေသေးတာပေါ့လေ ပြန်တွဲဖို့ မတွဲဖို့ဆိုတာတော့

ကိုယ်တိုင်မသေချာသေးပေမယ့်သူဘေးနားရှိနေတဲ့အချိန်အမှန်အတိုင်းဝန်ခံရရင်ပျော်ပါတယ်.တခုတော့ ပြောထားတယ်.

အတိတ်ကို ဘယ်တော့မှပြန်မစွနဲ့တော့လဲ.နောက်ကြောင်းပြန်လှန် တယောက်ကို တယောက်အပြစ်ဖို့နေလဲအတိတ်ကအတိတ်ပဲဘာမှပြောင်းလဲတော့မှာမဟုတ်ဘူး ရန်ဖြစ်ရတာပဲ အဖတ်တင်တယ်

ကျွန်တော့်ဘဝမှာရန်သူမလိုသလို ဘယ်သူနဲ့မှလဲ အာဃာတတွေမရှိချင်ပါဘူး.သူအမှားကိုယ့်အမှားအရာရာပြည်ဖုံးကားချပြီး ခွင့်လွှတ်လိုက်ပါတယ်

သူနဲ့ အနာဂါတ်ကတော့ ကံစီမံရာပေါ့လေ ပြန်တွဲစေချင်ကြသူများရဲ့ စကားတွေကိုလဲဖတ်ပြီးကြည်နူးရပါတယ်

အတည်ပြန်တွဲဖို့ မတွဲဖို့တော့ စဉ်းစားပါဦးမယ်.ကျွန်တော်ဆိုသော လူဆိုတာလဲ ချစ်ပြီဆိုရင်ကိုယ်မှ

ကိုယ်ဖြစ်နေမှလောဘကြီးတယ်.အတ္တလဲကြီးတယ်.ပစ္စည်းတခုဝယ်ရင်တောင် ၁၀၀၀ တန်ကို

၁ သောင်း လိုက်ပေးရရင်ကြိုက်တာမဟုတ်.အချစ်လဲအဲ့လိုပဲ.. ကိုယ့်အချစ်ကို ၁၀၀ ဖိုးပေးရင်အနည်းဆုံး၉၀ ဖိုးလောက်ပြန်ရမှ ကျေနပ်တဲ့လူစားမျိုး

မဟုတ်ရင်တော့ သွားလိုက်တော့ မေတ္တာမှန်ရင်တော့အပေ​းအယူမျှပြီးရောင်ပြန်ဟက်မှာပေါ့လေ…” လို့ရည်းစားဟောင်းနဲ့ ပတ်သက်တဲ့ ခံစားချက်တွေရင်ဖွင့်ထားပါတယ်နော်။

ရည်းစားဟောင်းရဲ့ အိမ်ကို သုံးရက်လောက် သွားနေခဲ့တာကြောင့် သူ့ညီမလေးမှ စိတ်ပူပြီးလိုက်ရှာခဲ့ရတဲ့ ဂယက်တွေကိုလည်း ပြောပြလာခဲ့ပါတယ်နော်။

ရည်းစားဟောင်းအိမ်ခဏဆိုပြီး သူခေါ်လို့ ခွေးလေးတွေပါခေါ်ပြီးခဏသွားလည်တာ ၃ ရက်ကြာသွားတယ်.

အလုပ်လဲမသွား ကျောင်းလဲပျက် အဖွားရီး Chrissy A Hla ကလဲ ဓါတ်ပုံတွေ့ တော့စပ်စုချင်လို့ဖုန်းတွေတဂျီဂျီဆက်တာ..

ကိုယ်ကမကိုင်.သူဆက်တာသိတောင်မသိဘူး ညီမကလဲ ကိုယ် ပျောက်လို့လိုက်ရှာ ဒီနေ့အလုပ်ပြန်ရောက်တော့လဲ စပ်စုကြတာဆိုတာအင်တာဗျူးချည်းထိုင်ဖြေနေရတယ်

ကဲ..အိမ်းကိုယ်လဲလေလောကီသားပေမို့မသိဘူး မရှိဘူး.ကုန်ပြီဟွင်းဟွင်း” လို့ ရေးသားလာခဲ့ပါတယ်နော်။
celeupdatenews

zawgyi













၁ သောင်း လိုက်ပေးရရင် ကြိုက်တာမဟုတ် အချစ်လဲအဲ့လိုပဲ.. ကိုယ့်အချစ်ကို ၁၀၀ ဖိုးပေးရင် အနည်းဆုံး၉၀းဖိုးလောက်ပြန်ရမှ ကျေနပ်တဲ့ လူစားမျိုး






celeupdatenews

Add a Comment

Your email address will not be published. Required fields are marked *