လက်ရှိနေထိုင်နေတဲ့ အိမ်နဲ့ဝိုင်းမြေကို ပရဟိတအသင်းထံ ရက်ရက်ရောရောပေးကမ်းလှူဒါန်းလိုက်ပြီး ဝမ်းသာပီတိဖြာနေတဲ့ ကူမဲမြို့ကအဖွားဒေါ်သိန်း

unicode

ကိုဗစ်ရောဂါကူးစက်မှုတွေခံရပြီး မြန်မာပြည်သူအများအပြားဒုက္ခရောက်နေချိန် ပရဟိတသမားတွေဟာလည်း အခက်အခဲများစွာကြားကပဲ ပရဟိတအလုပ်တွေကို နေ့မနားညမနားလုပ်ကိုင်နေကြပါတယ်။

ဒုက္ခရောက်နေသူတွေကို ကူညီပေးနေတဲ့ ပရဟိတအသင်းတွေကို ပြည်သူတွေကလည်း တတ်နိုင်သလောက် လှူဒါန်းပေးမှုတွေ ပြုလုပ်နေကြပါတယ်။

အသက်အရွယ်ကြီးနေပြီဖြစ်တဲ့ လူကြီးတွေကလည်း ငယ်ရွယ်စဥ်က ကြိုးစားရှာဖွေထားတဲ့ အရာပစ္စည်းတွေကို ရောင်းချကာ အလှူအတန်းတွေပြုလုပ်ရင်း ဘဝကိုပေးကမ်းလှူဒါန်းမှုတွေနဲ့ ဖြတ်သန်းနေကြပါတယ်။

သြဂုတ်လ(၇)ရက်နေ့ မနေ့ကတော့ ကူမဲမြို့ အမှတ်(၄)ရပ်ကွက်က အဖွားအိုတစ်ယောက်ဟာ အိမ်နဲ့ ဝိုင်းမြေကို ပရဟိတအသင်းတစ်သင်းထံ လှူဒါန်းခဲ့ပါတယ်။

ကူမဲမြို့၊အမှတ်(၄)၊အင်းဗျားရပ်နေအဖွားဒေါ်သိန်းဟာ သူလက်ရှိနေထိုင်လျက်ရှိနေတဲ့ အိမ်နဲ့ဝိုင်းမြေကို ဗြဟ္မပါလလူမှုကူညီရေးအသင်းကြီးထံ လှူဒါန်းခဲ့တာပဲဖြစ်ပါတယ်။

အဆိုပါအဖွားအိုက ဗြဟ္မပါလလူမှုကူညီရေးအသင်းလိုအပ်သလိုအသုံးပြုနိုင်ရန်အတွက် အခုလိုလှူဒါန်းခဲ့တာဖြစ်ပြီး အဖွားရဲ့အလှူအတွက် ပြည်သူတွေက သာဓုခေါ်ဆိုနေကြပါတယ်။

အဆိုပါအလှူအတွက် သံဃာတော်တွေကို ပင့်ဖိတ်ပြီး ရေစက်ချအမျှပေးဝေခဲ့သလို အဖွားကိုယ်တိုင်လည်း အခုလိုလှူဒါန်းခွင့်ရတဲ့အတွက် ဝမ်းသာပီတိဖြာနေကာ ပြုံးပျော်ရွှင်နေခဲ့ပါတယ်။

ရက်ရက်ရောရောပေးကမ်းလှူဒါန်းခဲ့တဲ့ အဘွားဒေါ်သိန်းကို ဗြဟ္မပါလလူမှုကူညီရေးအသင်းကြီးက ပရဟိတညီအကိုတွေကလည်း လက်အုပ်ချီပြီး ဦးချကန်တော့ခဲ့ကြပါတယ်။

ဗြဟ္မပါလလူမှုကူညီရေးအသင်းကတော့ “အလှူရှင်မိသားစု စိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းနှင့်အတူ အစစ အရာရာ ပြီးပြည့်စုံနိုင်ကြပါစေ “ဆိုပြီး ရေးသားထားပါတယ်။

အိမ်နဲ့ဝိုင်းမြေကို နှမျောခြင်းမရှိဘဲ ရက်ရက်ရောရောလှူဒါန်းခဲ့တဲ့ အဖွားဒေါ်သိန်းရဲ့ သာဓုခေါ်စရာ ပုံရိပ်လေးတွေကိုပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။
Source: Original Uploder

zawgyi

ကိုဗစ္ေရာဂါကူးစက္မႈေတြခံရၿပီး ျမန္မာျပည္သူအမ်ားအျပားဒုကၡေရာက္ေနခ်ိန္ ပရဟိတသမားေတြဟာလည္း အခက္အခဲမ်ားစြာၾကားကပဲ ပရဟိတအလုပ္ေတြကို ေန႕မနားညမနားလုပ္ကိုင္ေနၾကပါတယ္။

ဒုကၡေရာက္ေနသူေတြကို ကူညီေပးေနတဲ့ ပရဟိတအသင္းေတြကို ျပည္သူေတြကလည္း တတ္နိုင္သေလာက္ လႉဒါန္းေပးမႈေတြ ျပဳလုပ္ေနၾကပါတယ္။

အသက္အ႐ြယ္ႀကီးေနၿပီျဖစ္တဲ့ လူႀကီးေတြကလည္း ငယ္႐ြယ္စဥ္က ႀကိဳးစားရွာေဖြထားတဲ့ အရာပစၥည္းေတြကို ေရာင္းခ်ကာ အလႉအတန္းေတြျပဳလုပ္ရင္း ဘဝကိုေပးကမ္းလႉဒါန္းမႈေတြနဲ႕ ျဖတ္သန္းေနၾကပါတယ္။

ၾသဂုတ္လ(၇)ရက္ေန႕ မေန႕ကေတာ့ ကူမဲၿမိဳ႕ အမွတ္(၄)ရပ္ကြက္က အဖြားအိုတစ္ေယာက္ဟာ အိမ္နဲ႕ ဝိုင္းေျမကို ပရဟိတအသင္းတစ္သင္းထံ လႉဒါန္းခဲ့ပါတယ္။

ကူမဲၿမိဳ႕၊အမွတ္(၄)၊အင္းဗ်ားရပ္ေနအဖြားေဒၚသိန္းဟာ သူလက္ရွိေနထိုင္လ်က္ရွိေနတဲ့ အိမ္နဲ႕ဝိုင္းေျမကို ျဗဟၼပါလလူမႈကူညီေရးအသင္းႀကီးထံ လႉဒါန္းခဲ့တာပဲျဖစ္ပါတယ္။

အဆိုပါအဖြားအိုက ျဗဟၼပါလလူမႈကူညီေရးအသင္းလိုအပ္သလိုအသုံးျပဳနိုင္ရန္အတြက္ အခုလိုလႉဒါန္းခဲ့တာျဖစ္ၿပီး အဖြားရဲ႕အလႉအတြက္ ျပည္သူေတြက သာဓုေခၚဆိုေနၾကပါတယ္။

အဆိုပါအလႉအတြက္ သံဃာေတာ္ေတြကို ပင့္ဖိတ္ၿပီး ေရစက္ခ်အမွ်ေပးေဝခဲ့သလို အဖြားကိုယ္တိုင္လည္း အခုလိုလႉဒါန္းခြင့္ရတဲ့အတြက္ ဝမ္းသာပီတိျဖာေနကာ ၿပဳံးေပ်ာ္႐ႊင္ေနခဲ့ပါတယ္။

ရက္ရက္ေရာေရာေပးကမ္းလႉဒါန္းခဲ့တဲ့ အဘြားေဒၚသိန္းကို ျဗဟၼပါလလူမႈကူညီေရးအသင္းႀကီးက ပရဟိတညီအကိုေတြကလည္း လက္အုပ္ခ်ီၿပီး ဦးခ်ကန္ေတာ့ခဲ့ၾကပါတယ္။

ျဗဟၼပါလလူမႈကူညီေရးအသင္းကေတာ့ “အလႉရွင္မိသားစု စိတ္၏ခ်မ္းသာျခင္း၊ကိုယ္၏က်န္းမာျခင္းႏွင့္အတူ အစစ အရာရာ ၿပီးျပည့္စုံနိုင္ၾကပါေစ “ဆိုၿပီး ေရးသားထားပါတယ္။

အိမ္နဲ႕ဝိုင္းေျမကို ႏွေမ်ာျခင္းမရွိဘဲ ရက္ရက္ေရာေရာလႉဒါန္းခဲ့တဲ့ အဖြားေဒၚသိန္းရဲ႕ သာဓုေခၚစရာ ပုံရိပ္ေလးေတြကိုျပန္လည္ေဖာ္ျပေပးလိုက္ရပါတယ္။
Source: Original Uploder

Add a Comment

Your email address will not be published. Required fields are marked *