“စားဝတ်နေရေးအမှန်တကယ်အခက်အခဲဖြစ်နေတဲ့ပြည်သူတွေကို အခြေခံစားသောက်ကုန်များ လှူဒါန်းပေးခဲ့တဲ့ ဒိန်းဒေါင်”

unicode

ပရိသတ်တွေရဲ့ အချစ်တော်ဖြစ်တဲ့ ရုပ်ရှင်နဲ့ ဗီဒီယို သရုပ်ဆောင် ဟာသလူရွှင်တော် ဒိန်းဒေါင်ကတော့ ဒီနေ့မှာ စားဝတ်နေရေးခက်ခဲနေတဲ့ ပြည်သူတွေအတွက် စားသောက်ကုန်လှူဒါန်းတဲ့ အလှူလေးကို ပြုလုပ်ခဲ့ပါတယ်။

ဒိန်းဒေါင်ကတော့ သူကိုယ်တိုင် ဦးစီးပြီး “ချွန်တွန်း” လို့ အမည်ပေးထားတဲ့ ပရဟိတလူမှုကူညီရေး အသင်းလေးတစ်ခုကို တည်ထောင်ထားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါစတင်ဝင်ရောက်လာချိန်ကတည်းက စားဝတ်နေရေးခက်ခဲနေတဲ့ပြည်သူတွေအတွက် စားသောက်ကုန်တွေအလှူငွေတွေလှူဒါန်းပေးခြင်းနဲ့

ကိုယ်ဝန်ဆောင်မိခင်တွေ မီးဖွားနိုင်ရေးအတွက် တတ်နိုင်သမျှအစွမ်းကုန်ကူညီပေးခဲ့ပါသေးတယ်။ ဒီနေ့ သြဂုတ်လ (၇)ရက်နေ့မှာလည်း ဒိန်းဒေါင်က သူ့ရဲ့ ပရဟိတအဖွဲ့နဲ့အတူ စားသောက် ကုန်လှူဒါန်းတဲ့ အလှူလေးကို ပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။

တကယ်ခက်ခဲနေတဲ့ပြည်သူတွေအတွက် လှူဒါန်းပေးတဲ့ အလှူလေးဖြစ်ပြီး ပရိသတ်တွေလည်း အလှူလေးကို ကြည်နူးပီတိဖြစ်လို့ရအောင် ဒိန်းဒေါင်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မှတ်တမ်းတင်မျှဝေဖော်ပြထားခဲ့ပါသေးတယ်။

ပရိသတ်ကြီးရေ ဒိန်းဒေါင်တို့ ပရဟိတအဖွဲ့ရဲ့အလှူလေးကို ပရိသတ်ကြီးတွေက သာဓုခေါ်ဆိုပေး ခဲ့ကြပါဦးနော်။
Photo Dain Daung

zawgyi

ပရိသတ္ေတြရဲ႕ အခ်စ္ေတာ္ျဖစ္တဲ့ ႐ုပ္ရွင္နဲ႕ ဗီဒီယို သ႐ုပ္ေဆာင္ ဟာသလူ႐ႊင္ေတာ္ ဒိန္းေဒါင္ကေတာ့ ဒီေန႕မွာ စားဝတ္ေနေရးခက္ခဲေနတဲ့ ျပည္သူေတြအတြက္ စားေသာက္ကုန္လႉဒါန္းတဲ့ အလႉေလးကို ျပဳလုပ္ခဲ့ပါတယ္။

ဒိန္းေဒါင္ကေတာ့ သူကိုယ္တိုင္ ဦးစီးၿပီး “ခြၽန္တြန္း” လို႔ အမည္ေပးထားတဲ့ ပရဟိတလူမႈကူညီေရး အသင္းေလးတစ္ခုကို တည္ေထာင္ထားခဲ့ပါတယ္။

ျမန္မာနိုင္ငံမွာ ကိုဗစ္ကပ္ေရာဂါစတင္ဝင္ေရာက္လာခ်ိန္ကတည္းက စားဝတ္ေနေရးခက္ခဲေနတဲ့ျပည္သူေတြအတြက္ စားေသာက္ကုန္ေတြအလႉေငြေတြလႉဒါန္းေပးျခင္းနဲ႕

ကိုယ္ဝန္ေဆာင္မိခင္ေတြ မီးဖြားနိုင္ေရးအတြက္ တတ္နိုင္သမွ်အစြမ္းကုန္ကူညီေပးခဲ့ပါေသးတယ္။ ဒီေန႕ ၾသဂုတ္လ (၇)ရက္ေန႕မွာလည္း ဒိန္းေဒါင္က သူ႕ရဲ႕ ပရဟိတအဖြဲ႕နဲ႕အတူ စားေသာက္ ကုန္လႉဒါန္းတဲ့ အလႉေလးကို ျပဳလုပ္ခဲ့တာပဲျဖစ္ပါတယ္။

တကယ္ခက္ခဲေနတဲ့ျပည္သူေတြအတြက္ လႉဒါန္းေပးတဲ့ အလႉေလးျဖစ္ၿပီး ပရိသတ္ေတြလည္း အလႉေလးကို ၾကည္ႏူးပီတိျဖစ္လို႔ရေအာင္ ဒိန္းေဒါင္က သူ႕ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာကေန မွတ္တမ္းတင္မွ်ေဝေဖာ္ျပထားခဲ့ပါေသးတယ္။

ပရိသတ္ႀကီးေရ ဒိန္းေဒါင္တို႔ ပရဟိတအဖြဲ႕ရဲ႕အလႉေလးကို ပရိသတ္ႀကီးေတြက သာဓုေခၚဆိုေပး ခဲ့ၾကပါဦးေနာ္။
Photo Dain Daung