သူ့နာမည်သုံးပြီး ငွေလိမ်ခံနေရတာတွေပြန်ကြားရလို့ စိတ်မကောင်းကြီးစွာဖြစ်နေရတဲ့ ခိုင်နှင်းဝေ

unicode

သူ့နာမည်သုံးပြီး ငွေလိမ်ခံနေရတာတွေပြန်ကြားရလို့ စိတ်မကောင်းကြီးစွာဖြစ်နေရတဲ့ ခိုင်နှင်းဝေ

သူမရဲ့နာမည်ကိုအလွဲသုံးစားလုပ်ကာ အလှူခံနေကြတဲ့သူတွေရဲ့အကြောင်းကို ပြတ်ပြတ်သားသားအသိပေးလာတဲ့ ခိုင်နှင်းဝေပရဟိတအလုပ်တွေနဲ့ ပရိသတ်တွေရဲ့လေးစားချစ်ခင်မှုတွေကို များစွာရရှိထားတဲ့ ခိုင်နှင်းဝေကတော့လှူဒါန်းမှုတွေကိုလည်း ဆက်တိုက်ပြုလုပ်နေသူပဲဖြစ်ပါတယ်။

ခိုင်နှင်းဝေဟာ မိဘမဲ့ဂေဟာကိုလည်းဦးစီးနေတဲ့အပြင် လတ်တလောပြည်သူတွေကြုံတွေ့နေရတဲ့ အောက်ဆီဂျင်အခက်အခဲတွေ၊စား၀တ်နေရေးအခက်အခဲတွေနဲ့ ရေဘေးသင့်အခက်အခဲတွေကိုပါ စိတ်အားတက်ကြွစွာနဲ့ပါ၀င်ကူညီပေးနေတာကိုတွေ့ရပါတယ်။

ခိုင်နှင်းဝေဟာ ပရဟိတအလုပ်တွေကိုတတ်နိုင်သရွေ့လုပ်ကိုင်နေသူဖြစ်ကာသူမရဲ့ပရဟိတအဖွဲ့အစည်းကိုလည်းအလှူငွေလာရောက်လှူဒါန်းကြတဲ့ သူတွေအများအပြားရှိပါတယ်။

အခုလိုလှူဒါန်းသူတွေများပြားလာတာနဲ့အမျှ ခိုင်နှင်းဝေရဲ့ နာမည်ကိုအလွဲသုံးစားလုပ်ကာ

မသမာသောနည်းလမ်းနဲ့ အလှူခံနေကြတဲ့သူတွေလည်း ရှိလာနေတာကိုတွေ့ရပါတယ်။ဒီအကြောင်းအရာလေးကို ခိုင်နှင်းဝေဟာသူမရဲ့လူမှုကွန်ယက်စာမျက်နှာမှာ

ကျမ နာမည်နဲ့ pageအတုများစွာပေါ်နေကာ မှားယွင်းလှုမိလို့ လာပြောကြတဲ့အတွက်စိတ်မကောင်းဖြစ်မိပါတယ်

ဖုန်းနံပါတ်ရောအကောင့်တွေပါဆင်တူယိုးမှားလုပ်ကာ page အတုအများကြီးဖြစ်နေတဲ့အတွက်မပြောချင်ပေမဲ့အသိပေးရခြင်းဖြစ်ပါတယ်ရှင်

ဖော်ပြပါ အကောင့်တွေရော pageတွေရောမှာ ကျမ page မဟုတ်ပဲ အတုများသာဖြစ်ပါတယ်အားလုံးပဲသတိထား၍ စီစစ်ပြီး မှားယွင်းမှုများကင်းဝေးကြပါစေရှင်..” ဆိုပြီး အသိပေးလာခဲ့တာဖြစ်ပါတယ်။

ပရိသတ်တွေအတွက်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။သတိပေးထားပေမဲ့ ဆက်လုပ်နေတဲ့အတွက် အားလုံးကို အသိပေးရခြင်းဖြစ်ပါတယ်မှားပီး လှူမိလို့လာပြောပြတဲ့သူတွေအတွက်လဲစိတ်မကောင်းဖြစ်မိလို့ ထပ်ပြီးမမှားကြဘို့အသိပေးရခြင်းဖြစ်ပါတယ်ရှင်..

zawgyi














Add a Comment

Your email address will not be published. Required fields are marked *