ချစ်သူလေးနဲ့အတူ ပျော်ပွဲစားထွက်ဖို့ လိုင်းပေါ်ကနေ ရွက်ဖျင်တဲလေး မှာယူခဲ့သော အမျိုးသားရဲ့ ကြေကွဲဖွယ်အဖြစ်

unicode

အွန်လိုင်းကနေ ပစ္စည်းမှာယူခြင်းသည် ရင်ခုန်စိတ်လှုပ်ရှားဖို့ ကောင်းပြီး အပြင်မှာထက် ဈေးသက်သာသည့်အပြင် အချိန်ကုန် လူပင်ပန်းစရာလည်း မလိုတော့ပဲ ယနေ့ခတ်တွင် တော်တော်များများ အွန်လိုင်းကနေဝယ်ယူခြင်းကို အထူးစိတ်ဝင်စားလာကြသည်။

ထို့ကြောင့် ထိုင်းနိုင်ငံမှ အမျိုးသားတစ်ဦးသည် အားလပ်ရက်တွင် ချစ်သူကောင်မလေးနှင့် ပျော်ပွဲစားထွက်ရန်အတွက် လိုင်းပေါ်ကနေ ရွက်ဖျင်တဲအား မှာယူခဲ့သည်။

အမျိုးသားလည်း အပြင်မှာထက် လိုင်းပေါ်ကဈေးနှုန်းသက်သာနေ၍ စိတ်ပါပြီး အချစ်သင်္ကတလေးအနေဖြင့် ပန်းရောင်လေးကို ရွေးချယ်မှာယူခဲ့သည်။

အမျိုးသားခမျာ စိတ်ကူးလေးနှင့်တွေးကာ ကြည်နူးနေရင်း ပစ္စည်းရောက်လာချိန်မှာတော့ ရွက်ဖျင်တဲမှာ ခွေးလေး ကြောင်လေးများအတွက် ထုတ်ထားသော ပစ္စည်းဖြစ်နေ၍ အတော်လေးကြေကွဲခဲ့ရသည်။

အမျိုးသားသည် မှာယူစဉ်က ဈေးနှုန်းကိုသာ အလေးပေးကြည့်ခဲ့ပြီး ထုတ်ကုန်အကြောင်းအရာများကိုတော့ သေချာမဖတ်ခဲ့သည့်အတွက် ချစ်သူလေးနှင့် ပျော်ပွဲစားထွက်မည့်အစီအစဉ်လည်း ပျက်သွားခဲ့ရသည်။
Credit Hlaing (Love Feeling )

zawgyi






Add a Comment

Your email address will not be published. Required fields are marked *