လူငယ်တွေက ကိုယ့်အနာဂတ်ကိုယ်ပြန်ရဖို့ အစွမ်းကို ကြိုးစားတိုက်ပွဲဝင်နေတာလို့ ဆိုလာတဲ့ ခင်ဝင့်ဝါ..

unicode

လူငယ်တွေက ကိုယ့်အနာဂတ်ကိုယ်ပြန်ရဖို့ အစွမ်းကို ကြိုးစားတိုက်ပွဲဝင်နေတာလို့ ဆိုလာတဲ့ ခင်ဝင့်ဝါ..

ပရိသတ် အချစ်တော် သရုပ်ဆောင် မင်းသမီးချောလေး ခင်ဝင့်ဝါကတော့ လက်ရှိ အချိန်မှာ လှုပ်ရှား နေတဲ့ ပြည်သူ့ လှုပ်ရှားမှုတွေ မှာ ပြည်သူဘက်ကနေ ရပ်တည်ပြီး ပါဝင်လှုပ်ရှားနေတာ ပဲ ဖြစ်ပါတယ်။

ခင်ဝင့်ဝါကတော့ မော်ဒယ်လ် လောက ကနေ သရုပ်ဆောင် လောက ကို ခြေစုံ ပစ် ဝင်ရောက်လာတဲ့ အနုပညာရှင်တွေ ထဲက တစ်ယောက်လည်း ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ စကားပြော ဆိုဟန်တွေ ကြောင့် ပရိသတ်တွေ ရဲ့ အားပေးထောက်ခံ မှုကို ရရှိ ခဲ့တာ ဆိုရင်လည်း မမှားပါဘူး။

ကျစ်လစ်သွယ်လျ တဲ့ အမိုက်စား ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီး စွဲဆောင်မှု ရှိတဲ့အပြုံးတွေကြောင့် ပုရိသယောက်ျားတွေ သည်းသည်း လှုပ်ဝန်းရံတာ ကို ခံနေရတဲ့ သူတစ်ဦး ပဲဖြစ်ပါတယ်။

ဗီဒီယို ခေတ်ကတည်း က အနုပညာလောကထဲ ရောက်ရှိလာခဲ့ပြီး ယခု အချိန်မှာတော့ ရုပ်ရှင် ဇာတ်ကားကြီးတွေကို လက်ခံ ရိုက်ကူးနေကာ ပရိသတ်တွေ အခိုင်အမာ ရရှိထားတာ ပဲ ဖြစ်ပါတယ်။ လက်တလောမှာတော့ ခင်ဝင့်ဝါ တစ်ယောက်ဟာ အနုပညာ အလုပ်တွေ ကို ရပ်နားထားပြီး ပြည်သူ့ လှုပ်ရှားမှုတွေမှာ ပါဝင် လှုပ်ရှားနေတာ ပဲ ဖြစ်ပါတယ်။

ယခုအခါမှာလည်း ပြည်သူ့လှုပ်ရှားမှုမှာ ရှေ့ဆုံးက ဦးဆောင်ပါဝင်ကာ ပြည်သူဘက်ကနေ ရပ်တည်ခဲ့တဲ့ လှုပ်ရှားမှု တစ်ခုက ပုံရိပ်လေးတွေ ကိုမျှဝေလာတာပဲ ဖြစ်ပါတယ်။ ” တွဲတိုင်းမှာ ခေါင်းစက်ပါတယ်လူငယ်တွေအားလုံး က သူတို့ ရဲ့အနာဂတ် ကို ကိုယ်တိုင် တိုက်ယူနေကြရတယ်…….” ဆိုပြီး သူမရဲ့ လူမှု ကွန်ယက် စာမျက်နှာမှာ ဖော်ပြလာတာပဲ ဖြစ်ပါတယ်။

ယခုအချိန်မှာ ပြည်သူထဲက ပြည်သူ တစ်ယောက်အနေနဲ့ နေ့စဉ်ရက်ဆက် လှုပ်ရှားမှုတွေကို ဦးဆောင် ပါဝင်နေတာပဲ ဖြစ်ပါတယ်။ကဲ…ပရိသတ်ကြီးတို့ အတွက် ခင်ဝင့်ဝါရဲ့ လှုပ်ရှားမှု က ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်တာ ပဲ ဖြစ်ပါတယ်နော်…..။
Photo Khine wint war

zawgyi







Photo Khine wint war

Add a Comment

Your email address will not be published. Required fields are marked *