မသေထမင်းမသေဟင်းကိုသာမှီဝဲနေရတဲ့ တောထဲက PDF တွေရဲ့ ကြမ်းတမ်းလွန်းတဲ့ဘဝကို အသေအချာဖော်ပြလာတဲ့ ပြည်သူတစ်ဦး
unicode
လူငယ်ဘဝမှာပျော်စရာတွေအများကြီးရှာဖွေလို့ရပါရက်နဲ့ မတရားမှုကိုငုံ့မခံချင်တဲ့စိတ်တစ်ခုတည်းနဲ့ အရာအားလုံးကိုစွန့်လွှတ်ပြီး ခက်ခဲကြမ်းတမ်းတဲ့လမ်းကိုရွေးချယ်ခဲ့တဲ့ PDF လူငယ်တွေဟာတကယ်ကိုလေးစားထိုက်သူတွေပါ။
သူတို့က ဘဝတွေကိုရင်းပြီးစွန့်လွှတ်အနစ်နာခံထားတာမို့ ပြည်သူတွေကလည်း
သူတို့စိတ်ဓာတ်ခွန်အားမကျသွားအောင် တတ်နိုင်သမျှလူအားရော စိတ်ခွန်အားရောပေးသင့်ပါတယ်။
တိုက်ပွဲတစ်ခုကိုအောင်နိုင်တယ်ဆိုတာစစ်ရေးစစ်ရာကျွမ်းကျင်ဖို့ လိုအပ်သလို
စိတ်ဓာတ်ခွန်အားကြံ့ခိုင်ဖို့လည်းလိုအပ်ပါတယ်။အဖက်ဖက်ကပြည့်စုံနေရင်ပြည်သူတွေလိုချင်တဲ့ပြည်သူ့အောင်ပွဲဟာမဝေးတော့ပါဘူး။
ဒီလိုအခြေအနေတွေဖြစ်ဖို့ဆိုတာလည်းပြည်သူတွေရဲ့အားဟာ အများကြီးလိုအပ်ပါတယ်။
တစ်တိုင်းပြည်လုံးဒုက္ခပင်လယ်ဝေနေတဲ့အခြေအနေတွေကနေ လွတ်မြောက်ဖို့ဆိုရင်တစ်ယောက်နဲ့ တစ်ယောက်တွဲလက်ညီညီနဲ့ စည်းလုံးနေဖို့လိုအပ်ပါတယ်။
တောထဲက PDF လူငယ်လေးတွေဟာမိသားစုတွေနဲ့ခွဲခွာပြီး ဒုက္ခတွေခါးစည်းခံနေရသလိုအာဟာရလည်းပြည့်ပြည့်ဝဝမရရှိရင်ရေရှည်တောင့်ခံဖို့အဆင်မပြေနိုင်တော့ပါဘူး။
ဒါကြောင့်ပြည်သူတွေဟာ PDF လူငယ်လေးတွေကို အများကြီးထောက်ပံ့ပေးဖို့ လိုအပ်ပါတယ်။
PDF တွေအတွက်အလှူခံပေးတဲ့ ပရဟိတအကျိုးတော်ဆောင်တစ်ယောက်ဟာ ” CDM သမားတွေဘက်ကိုမလှည့်နိုင်တော့တာတွက်တောင်းပန်ပါတယ် PDFကလေးတွေဟာတောထဲတောင်ထဲမှာ မိဝေးဖဝေးနဲ့ငတ်နေတာကပိုဆိုးပါတယ်တောင်းပန်ပါတယ်
PDF တွေပဲလှူပေးပါခုချိန်မှာ PDF တွက် Admin တို့ထပ်လက်ခံပေးပါမယ် နိင်သလောက်ပဲလှူပါ 50/100 မှ တတ်နိုင်သလောက်လှူပေးလို့ရပါတယ်ဖြေးဖြေးချင်းရသလောက်ချင်းပဲလှူသွားမှာမို့ မထည့်နိုင်သေးရင်စိတ်မကောင်းမဖြစ်ပါနဲ့နော်
09424205607 / Wave 09253612533 / K pay ကိုလည်းလွှဲလို့ရပါတယ်ရှင် ” ဆိုပြီးသူတို့စားရတဲ့တစ်နပ်စာအာဟာရပုံရိပ်လေးတွေနဲ့ အလှူခံပေးလာခဲ့ပါတယ်။စာဖတ်သူတို့လည်း တတ်နိုင်သလောက်နည်းများမဆိုပါဝင်လှူဒါန်းပေးဖို့ ထပ်မံတိုက်တွန်းလိုက်ပါတယ်။
zawgyi
Add a Comment
Your email address will not be published. Required fields are marked *