မိသားစုက ငွေငါးသောင်းပေးပြီး ပစ်ထားခဲ့လို့ လမ်းဘေးတစ်နေရာမှာ ဒုက္ခပင်လယ်ဝေနေရတဲ့ ပြင်ဦးလွင်မြို့က သနားစရာအဖိုးအို

unicode

မိဘတွေဟာအသက်အရွယ်ကြီးရင့်လာတဲ့အခါမှာ ကလေးလိုပြန်ဖြစ်သွားတတ်ပါတယ်။ သားသမီးတွေရဲ့ပြုစုစောင့်ရှောက်မှုနဲ့ သက်တောင့်သက်သာနေရမယ့်ဘဝမျိုးကို လူတိုင်းပိုင်ဆိုင်ချင်ကြပါတယ်။

ကိုယ်ငယ်စဉ်ကလေးဘဝကတည်းက လူလားမြောက်အောင် ပျိုးထောင်ပေးလာခဲ့တဲ့ ကိုယ့်မိဘကို ဘယ်လိုနည်းနဲ့မှ မစွန့်ပစ်သင့်ပါဘူး။

မိဘမှမဟုတ်ပါဘူး ကိုယ့်အပေါ်ကျေးဇူးရှိဖူးတဲ့ ဘယ်သူ့ကိုမဆိုကျေးဇူးမကန်းသင့်ဘူးဆိုတာအခြေခံလူ့ကျင့်ဝတ်ကို နားလည်သူတိုင်း သဘောပေါက်ကြမှာပါ။

အခုလိုခေတ်ပျက်ကြီးထဲမှာ တစ်ယောက်နဲ့တစ်ယောက် ပိုလို့တောင်မေတ္တာထားသင့်ပေမယ့်

မိသားစုကရက်ရက်စက်စက်စွန့်ပစ်လိုက်တဲ့ အဖိုးတစ်ယောက်ကတော့ ပြင်ဦးလွင်ရဲ့လမ်းမပေါ်မှာ အထီးကျန်နေခဲ့ရပါတယ်။

မိသားစုဝင်တွေဟာ ထိုင်းနိုင်ငံမှာရှိကြပြီး အဖိုးကိုတော့ ငွေငါးသောင်းပေးကာ အပြတ်ပဲဆိုတဲ့ စကားနဲ့အဆက်အသွယ်မလုပ်ဘဲ ပစ်ထားခဲ့ကြတယ်လို့သိရပါတယ်။

အဖိုးရဲ့ခက်ခဲတဲ့ဘဝကို မကြည့်ရက်နိုင်တဲ့ပြည်သူတစ်ဦးဟာ အဖိုးလိုအပ်တာလေးတွေမေးတဲ့အချိန်မှာ ညဘက်ရောက်ရင် မှောင်တာကြောင့် မီးခြစ်နဲ့ဖယောင်းတိုင်သာပေးပါလို့တောင်းဆိုခဲ့ပါတယ်။

သနားစရာအဖိုးအတွက် နောက်ထပ်လိုအပ်တာလေးတွေကိုလည်း ထပ်မံလှူဒါန်းခဲ့ကြောင်း အားလုံးပီတိဖြစ်ရအောင် ဝေမျှပေးခဲ့ပါသေးတယ်။

နောက်ထပ်စေတနာရှင်တွေဟာလည်း အဖိုးအဆင်ပြေစေဖို့ လှူဒါန်းပေးမယ့်အကြောင်း မှတ်ချက်တွေရေးသားခဲ့ကြပါတယ်။

အဖိုးကိုလှူဒါန်းခဲ့တဲ့ ပုံရိပ်တွေကို ” ဒီအဖိုးကိုလမ်းကြုံရင်ဝင်လှူပေးကြပါဦးရှင့် အဖိုးမိသားစုကထိုင်းမှာပါတဲ့ ငွေငါးသောင်းပေးပြီးအပြတ်လို့ပြောလွှတ်လိုက်တာလို့ပြောပါတယ်

ညဘက်ဆိုမှောင်လို့ ဖယောင်းတိုင်နဲ့မီးခြစ်ပဲပေးပါတဲ့ လိုအပ်မယ်ထင်တာလေးတွေတော့ တတ်နိုင်သလောက် လှူပေးခဲ့ပါတယ်

မိတ်ဆွေတို့လည်းလမ်း ကြုံရင်ဝင်လှူပေးကြပါဦးနော် လိပ်စာက / ပြင်ဦးလွင်မိုးကုတ်လမ်းရေငယ်မှမိုးကြိုးသွားလမ်း ရထားသံလမ်းအနီး ”

ဆိုပြီးဖော်ပြလာခဲ့ပါတယ်။စာဖတ်သူတို့လည်း အဖိုးကိုတွေ့ရင် ကူညီပေးကြဖို့ တိုက်တွန်းလိုက်ပါတယ်။
ប្រភព៖ Ÿü Ÿü Lwíñ’s FB Acc

zawgyi

မိဘေတြဟာအသက္အ႐ြယ္ႀကီးရင့္လာတဲ့အခါမွာ ကေလးလိုျပန္ျဖစ္သြားတတ္ပါတယ္။ သားသမီးေတြရဲ႕ျပဳစုေစာင့္ေရွာက္မႈနဲ႕ သက္ေတာင့္သက္သာေနရမယ့္ဘဝမ်ိဳးကို လူတိုင္းပိုင္ဆိုင္ခ်င္ၾကပါတယ္။ ကိုယ္ငယ္စဥ္ကေလးဘဝကတည္းက လူလားေျမာက္ေအာင္ ပ်ိဳးေထာင္ေပးလာခဲ့တဲ့ ကိုယ့္မိဘကို ဘယ္လိုနည္းနဲ႕မွ မစြန႔္ပစ္သင့္ပါဘူး။

မိဘမွမဟုတ္ပါဘူး ကိုယ့္အေပၚေက်းဇူးရွိဖူးတဲ့ ဘယ္သူ႕ကိုမဆိုေက်းဇူးမကန္းသင့္ဘူးဆိုတာ အေျခခံလူ႕က်င့္ဝတ္ကို နားလည္သူတိုင္း သေဘာေပါက္ၾကမွာပါ။

အခုလိုေခတ္ပ်က္ႀကီးထဲမွာ တစ္ေယာက္နဲ႕တစ္ေယာက္ ပိုလို႔ေတာင္ေမတၱာထားသင့္ေပမယ့္

မိသားစုက ရက္ရက္စက္စက္စြန႔္ပစ္လိုက္တဲ့ အဖိုးတစ္ေယာက္ကေတာ့ ျပင္ဦးလြင္ရဲ႕လမ္းမေပၚမွာ အထီးက်န္ေနခဲ့ရပါတယ္။

မိသားစုဝင္ေတြဟာ ထိုင္းနိုင္ငံမွာရွိၾကၿပီး အဖိုးကိုေတာ့ ေငြငါးေသာင္းေပးကာ အျပတ္ပဲဆိုတဲ့ စကားနဲ႕အဆက္အသြယ္မလုပ္ဘဲ ပစ္ထားခဲ့ၾကတယ္လို႔သိရပါတယ္။

အဖိုးရဲ႕ခက္ခဲတဲ့ဘဝကို မၾကည့္ရက္နိုင္တဲ့ျပည္သူတစ္ဦးဟာ အဖိုးလိုအပ္တာေလးေတြေမးတဲ့အခ်ိန္မွာ ညဘက္ေရာက္ရင္ ေမွာင္တာေၾကာင့္ မီးျခစ္နဲ႕ဖေယာင္းတိုင္သာေပးပါလို႔ေတာင္းဆိုခဲ့ပါတယ္။

သနားစရာအဖိုးအတြက္ ေနာက္ထပ္လိုအပ္တာေလးေတြကိုလည္း ထပ္မံလႉဒါန္းခဲ့ေၾကာင္း အားလုံးပီတိျဖစ္ရေအာင္ ေဝမွ်ေပးခဲ့ပါေသးတယ္။

ေနာက္ထပ္ေစတနာရွင္ေတြဟာလည္း အဖိုးအဆင္ေျပေစဖို႔ လႉဒါန္းေပးမယ့္အေၾကာင္း မွတ္ခ်က္ေတြေရးသားခဲ့ၾကပါတယ္။

အဖိုးကိုလႉဒါန္းခဲ့တဲ့ ပုံရိပ္ေတြကို ” ဒီအဖိုးကိုလမ္းႀကဳံရင္ဝင္လႉေပးၾကပါဦးရွင့္ အဖိုးမိသားစုကထိုင္းမွာပါတဲ့ ေငြငါးေသာင္းေပးၿပီးအျပတ္လို႔

ေျပာလႊတ္လိုက္တာလို႔ေျပာပါတယ္ ညဘက္ဆိုေမွာင္လို႔ ဖေယာင္းတိုင္နဲ႕မီးျခစ္ပဲေပးပါတဲ့ လိုအပ္မယ္ထင္တာေလးေတြေတာ့ တတ္နိုင္သေလာက္ လႉေပးခဲ့ပါတယ္

မိတ္ေဆြတို႔လည္းလမ္း ႀကဳံရင္ဝင္လႉေပးၾကပါဦးေနာ္ လိပ္စာက / ျပင္ဦးလြင္မိုးကုတ္လမ္းေရငယ္မွမိုးႀကိဳးသြားလမ္း ရထားသံလမ္းအနီး ”

ဆိုၿပီး ေဖာ္ျပလာခဲ့ပါတယ္။ စာဖတ္သူတို႔လည္း အဖိုးကိုေတြ႕ရင္ ကူညီေပးၾကဖို႔ တိုက္တြန္းလိုက္ပါတယ္။
ប្រភព៖ Ÿü Ÿü Lwíñ’s FB Acc

Add a Comment

Your email address will not be published. Required fields are marked *