ယနေ့ညနေထိနိုင်ငံစုံမှအလှူငွေ အရပ်ရပ် စုစုပေါင်း ကျပ်သိန်း ၁၃၀၀ ရရှိကြောင်းပြောပြလာတဲ့ ထားထက်ထက်

unicode

ယနေ့ညနေထိနိုင်ငံစုံမှအလှူငွေ အရပ်ရပ် စုစုပေါင်း ကျပ်သိန်း ၁၃၀၀ ရရှိကြောင်းပြောပြလာတဲ့ ထားထက်ထက်

၂၀၂၁ခုနှစ်၊သြဂုတ်၅ရက်။

“”မိဘနဲ့ ဝေးနေရပေမယ့် အားလုံးရဲ့ မေတ္တာတွေရလို့ နွေးထွေးပြီး ခွန်အားဖြစ်ရပါတယ်ရှင်။မနေ့ညကနဲ့ ဒီနေ့ ညနေထိနိုင်ငံစုံမှ အလှူငွေ အရပ်ရပ် စုစုပေါင်း ကျပ်သိန်း ၁၃၀၀ ရရှိပါတယ်ရှင်။

( US စာရင်းများမပါဝင်သေးပါ )အသေးစိတ်ကိုတော့ လုံခြုံစွာထုတ်ယူ သိမ်းဆည်းပြီးတဲ့အခါ တင်ပြပါမယ်။ကျန်တဲ့ လိုအပ်ငွေ သိန်း ၁၂၀၀ ကို

အမြန်ပြည့်ဖို့ ဆက်ပြီးတိုက်ပွဲဝင်ပါဦးမယ်ရှင် ” လို့ ထားထက်ထက်မှ ဒီက​နေ့သြဂုတ်၅ရက် ည​နေမှာ ​ပြောဆိုထားခဲ့တာပါ။

ဆက်လက်ပြီး​တော့ “မနေ့က အလှူခံ ပိုစ့်ရဲ့ comment မှာ မြင်ခဲ့ရလို့ ခက်ခဲနေကြတဲ့ တိုက်ပွဲဝင် ရဲဘော် ညီအကိုမောင်နှမတွေ အတွက် မေဦးတို့ ၊

ကိုထွားတို့နဲ့ တိုင်ပင်ညှိနှိုင်းပြီး တိုက်ရိုက်ချိတ်ဆက် အဖြေရှာပေးသွားပါမယ်လို့ ကတိပြုပါတယ်.”လို့ ​ပြောပါ​သေးတယ်။

“အလှူလိုတဲ့နေရာနဲ့ အလှူရှင်တွေနဲ့ တိုက်ရိုက်ချိတ်ဆက်ပေးတာမျိုး ကူညီပေးသွားပါမယ်ရှင် ကျွန်မမှာ ကိုယ်ပိုင်စခန်း ကိုယ်ပိုင်အဖွဲ့မရှိပါဘူး

ရဲဘော်ညီအကို မောင်နှမ အားလုံးရဲ့ အမကြီး ၊နှမလေးနေရာတော့ နေခွင့်ပြုမယ်မဟုတ်လားရှင်” လို့ ထားထက်ထက်က ​ပြောဆိုထားခဲ့ခြင်းပဲဖြစ်ပါသည်။
credit

zawgyi







credit

Add a Comment

Your email address will not be published. Required fields are marked *