ကွယ်လွန်သွားတဲ့ဖခင်ကို ရည်စူးပြီး ထောပတ်ထမင်းတွေလှူဒါန်းပေးခဲ့တဲ့ ညီနန္ဒ

unicode

ကွယ်လွန်သွားတဲ့ဖခင်ကိုရည်စူးပြီးထောပတ်ထမင်းတွေလှူဒါန်းပေးခဲ့တဲ့ ညီနန္ဒ

ဇာတ်ပို့ကောင်းတစ်ယောက်ဖြစ်ညီနန္ဒကတော့ကျရာဇာတ်ရုပ်မှာပီပြင်စွာသရုပ်ဆောင်နိုင်ပြီးအနုပညာအရည်အချင်းပြည့်ဝတဲ့သူတစ်ယောက်ပါ။

ညီနန္ဒကတော့လူထုတော်လှန်ရေးကြီးမှာပါဝင်ခဲ့ပြီးပြည်သူတွေနဲ့အတူအမှန်တရားဘက်ကရပ်တည်ခဲ့တာကြောင့်ဖမ်းဝရမ်းထုတ်ခံရပြီးထွက်ပြေးတိမ်းရှောင်ခဲ့ရတာလည်းဖြစ်ပါတယ်။

မကြာသေမိကညီနန္ဒရဲ့ဖခင်ကကူးစက်မြန်ကိုဗစ်ရောဂါရဲ့ဒဏ်ကိုမခံနိုင်ဘဲကွယ်လွန်သွားခဲ့ရတာလည်းဖြစ်ပါတယ်။

ဒီနေ့နဲ့ဆိုဖခင်ကွယ်လွန်တာ၇ရက်ပြည့်ပြီမို့ရက်လည်ကသိုလ်လေးပြုလုပ်ခဲ့တာဖြစ်ပါတယ်။အဲဒါကတော့ဖခင်ကကြိုက်တဲ့ထောပတ်ထမင်းကိုလှူဒါန်းပေးခဲ့တာဘဲဖြစ်ပါတယ်။

အလှူနဲ့ပတ်သက်ပြီးလည်းဒီနေ့အဖေ့ရက်လည်အလှူအတွက်အဖေအရမ်းကြိုက်တဲ့ကိုနန္ဒထောပတ်ထမင်းရဲ့မျိုးဆက်စနိုးဦး

ထောပတ်ထမင်းပွဲ၂၅၀ကိုဘုန်းကြီးကျောင်းနေ့ဆွမ်းအဖေ့မိတ်ဆွေအိမ်များ၊အဖေအမောဖောက်နေချိန်မှာစောင့်ရှောက်ပေးခဲ့ကြတဲ့

ဆရာဝန်များ၊ကိုဝေဠုကျော်ဖောင်ဒေးရှင်း၊ဒီရက်ပိုင်းစိတ်ရောကိုယ်ပါပင်ပန်းနေကြတဲ့ပရဟိတအဖွဲ့များ၊အဖေ့ခန္ဓာကိုယ်မီးသဂြိုလ်ခဲ့တဲ့ကြည်စုသုသာန်မှပရဟိတဝန်ထမ်းများသို့ပေးပို့လှူဒါန်းခဲ့ပါတယ်။

သားတို့ပြုသမျှကုသိုလ်တွေကိုထပ်တူရပြီးငြိမ်းချမ်းစွာအနားယူပါအဖေဆိုပြီးဖခင်အတွက်ကောင်းမှုကုသိုလ်ပြုခဲ့ပုံကိုပြောပြလာတာလည်းဖြစ်ပါတယ်။

zawgyi










Add a Comment

Your email address will not be published. Required fields are marked *