ချို့တဲ့ပြည်သူတွေအတွက် အခမဲ့ဈေးတန်းလေးပြုလုပ်ပေးကာ ရက်ရက်ရောရောလှူဒါန်းခဲ့ကြတဲ့ စေတနာရှင်လူငယ်လေးများ
unicode
မြန်မာနိုင်ငံရဲ့လက်ရှိနိုင်ငံရေးအခြေအနေတွေနဲ့ ကိုဗစ်ကူးစက်မှုအခြေအနေတွေကြောင့် ပြည်သူတွေအနေနဲ့ စား၀တ်နေရေးကြပ်တည်းနေကြတဲ့အပြင် သေဆုံးသူဦးရေတွေဟာလည်း နေ့စဉ်နဲ့အမျှ ထောင်နဲ့ချီနေတာဖြစ်ပါတယ်။
အခုလို အခြေအနေအမျိုးမျိုးကြောင့် ပြည်သူချင်း ကူညီထောက်ပံ့မှုတွေပြုလုပ်နေကြပြီး တတ်နိုင်တဲ့ဘက်ကနေ ငွေကြေး၊အစားအသောက်၊ဆေးဝါးစတာတွေကို ကူညီ‌ပေးနေကြတာကိုတွေ့ရပါတယ်။
အခက်အခဲဒုက္ခတွေကြားမှာ ပြည်သူချင်းသာလျှင် စေတနာရှေ့ထားပြီး ရရာနည်းလမ်းနဲ့အချင်းချင်း ထောက်ပံ့ပေးနေကြရတာပါ။ အလံဖြူ၊ အလံဝါထောင်ထားကြတဲ့အိမ်တွေ တွေ့ရင်လည်း ပြည်သူချင်းကူညီထောက်ပံ့မှုတွေပြုလုပ်နေကြတာကိုတွေ့ရပြီး
အခုအခါမှာဆိုရင်လည်း စေတနာရှင်လူငယ်လေးတွေစုပေါင်းပြီး အခမဲ့ဈေးတန်းလေးပြုလုပ်ပေးခဲ့ကြတာဖြစ်ပါတယ်။
စေတနာရှင်လူငယ်လေးဟာ သူ့ရဲ့Facebookစာမျက်နှာမှာ “လိုအပ်သူများအတွက်အခမဲ့စျေးတန်း တစ်ခါမှမလှူဘူးတဲ့ပုံစံလှူချင်လို့ဆိုပြီး
အိမ်ထောင်စု၁၅၀စာ ကုန်စိမ်းအသီးအနှံ၁၁မျိုးနဲ့ ငါးသေတ္တာ ၊ကြက်ဥ ၊ ခေါက်ဆွဲအပြင် Mask ဆေးဝါးတွေတန်းစီခင်းပြီးအခမဲ့စျေးတန်းလုပ်ပေးခဲ့တာပါ
ခါတိုင်းအလှူတွေထက်ပိုပင်ပန်းပေမဲ့ပြန်ရတဲ့ပီတိကတကယ်ကိုခါတိုင်းထက်ပိုပျော်ရပါတယ်အစ်မရေအဲ့လိုအတန်းလိုက်လေးလှူချင်လို့ဘယ်လိုတွေလုပ်ရမလည်းဆိုပြီးသွားအပူကပ်သမျှအကြံပေး/လိုက်ကူညီပေးသောအစ်မ Nann Moh Moh Khaing ကျေးဇူးပါခင်ဗျာ
ကျွန်တော်လုပ်ချင်သမျှအပင်ပန်းခံလိုက်ကူပေးနေသောညီအစ်ကိုများကိုလည်းတအားချစ်ပါတယ်
ပြည်သူမှပြည်သူသို့.” ဆိုပြီး ပုံလေးတွေနဲ့အတူ မျှဝေပေးလာပါတယ်။ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
Credit
zawgyi
စေတနာရှင်လူငယ်လေးဟာ သူ့ရဲ့ Facebookစာမျက်နှာမှာ “လိုအပ်သူများအတွက်အခမဲ့ဈေးတန်း တစ်ခါမှမလှူဘူးတဲ့ပုံစံလှူချင်လို့ဆိုပြီးအိမ်ထောင်စု၁၅၀စာကုန်စိမ်းအသီးအနှံ၁၁မျိုးနဲ့ ငါးသေတ္တာ ၊ကြက်ဥ ၊ ခေါက်ဆွဲ အပြင် Mask ဆေးဝါးတွေ တန်းစီခင်းပြီးအခမဲ့ဈေးတန်းလုပ်ပေးခဲ့တာပါ
Credit
Add a Comment
Your email address will not be published. Required fields are marked *