တောတောင်ထဲမှာ အနေဆင်းရဲ၊အစားဆင်းရဲနဲ့ စစ်ပညာသင်ယူနေရတဲ့ သူတို့ရဲ့အခြေအနေမှန်ကိုပြသလာတဲ့ PDFရဲဘော်တစ်ဦး

unicode

နိုင်ငံရေးအခြေအနေတင်းမာမှုတွေကြောင့် အာ‌ဏာရှင်စနစ်ကို အမြစ်ဖြတ်တော်လှန်ဖို့အတွက် Gen Zလူငယ်လေးတွေဟာ လွတ်မြောက်နယ်မြေတွေမှာ အသီးသီးစစ်ပညာသင်ယူနေကြတာဖြစ်ပါတယ်။

အခုလိုတောတောင်‌ထဲတွေမှာ စစ်ပညာသင်ယူကြရင်း အခက်အခဲမျိုးစုံကြုံတွေ့ကြရပြီး ငှက်ဖျားရောဂါ အန္တရာယ်တွေလည်း စိုးရိမ်ရတဲ့အပြင် ကျွတ်တွေ၊မျှော့တွေလည်းပေါများပြီး တောင်ကျရေအန္တရာယ်တွေလည်း ကြုံကြရပါတယ်။

တောထဲမှာ အခုလိုပင်ပင်ပန်းပန်းနဲ့စစ်ပညာသင်ယူနေရတာဟာ တကယ်ကိုမလွယ်ကူလှတဲ့ ကိစ္စတစ်ရပ်ပါ။ အခုလိုအခက်အခဲတွေမျိုးစုံရှိနေပေမယ့်လည်း

PDFလူငယ်လေးတွေဟာ အာ‌ဏာရှင်ကိုတော်လှန်ဖို့အတွက် စိတ်အားထက်သန်နေပြီး စစ်ပညာကြိုးစားသင်ယူနေကြတာကိုတွေ့ရပါတယ်။

PDFလူငယ်လေးတွေဟာ အစားအသောက်လည်း ချို့တဲ့ကြသလို နေရတဲ့နေရာတွေကလည်း အတော်လေးအဆင်မပြေဖြစ်နေကြတာတွေ့ရပါတယ်။

မကြာသေးမီက PDFလူငယ်လေးတစ်ဦးဟာ သူ့ရဲ့ Facebookစာမျက်နှာမှာ “အဲ့လောက်ထိ ဒုက္ခ ခံစရာမလိုပါဘူးလို့ မပြောပါနဲ့ ကျွန်တော်တို့လဲ အိမ်မှာပဲ နွေးနွေးထွေးထွေးနဲ့

ပြန်လာနေချင်တာပဲဒါပေမယ့် တိတ်ဆိတ်ပြီး ခြောက်ခြားစရာကောင်းတဲ့ရပ်ကွက်ကြီး မိဘတွေကတစ်ခြား ညီအစ်ကိုတွေတစ်ခြားဖြစ်နေတဲ့ အချိန်မှာကျွန်တော်တို့မှာရွေးချယ်စရာ များများစားစားမရှိခဲ့ဘူး အားလုံးကို အကူညီတောင်းခံပါတယ်ဗျ

မေးချင်တာသိချင်တာ ရှိရင်လဲ ကျွန်တော့ CB မှာ လာမေးမြန်းလို့ရပါတယ်ခင်ဗျ….” ဆိုပြီးရေးသားကာ အခြေအနေမှန်ပုံရိပ်တွေကို မျှဝေထားပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
သတင်းအရင်းမြစ်: Myanmarload
Crd-myanmarload

zawgyi

နိုင္ငံေရးအေျခအေနတင္းမာမႈေတြေၾကာင့္ အာ‌ဏာရွင္စနစ္ကို အျမစ္ျဖတ္ေတာ္လွန္ဖို႔အတြက္ Gen Zလူငယ္ေလးေတြဟာ လြတ္ေျမာက္နယ္ေျမေတြမွာ အသီးသီးစစ္ပညာသင္ယူေနၾကတာျဖစ္ပါတယ္။

အခုလိုေတာေတာင္‌ထဲေတြမွာ စစ္ပညာသင္ယူၾကရင္း အခက္အခဲမ်ိဳးစုံႀကဳံေတြ႕ၾကရၿပီး ငွက္ဖ်ားေရာဂါ အႏၲရာယ္ေတြလည္း စိုးရိမ္ရတဲ့အျပင္ ကြၽတ္ေတြ၊ေမွ်ာ့ေတြလည္းေပါမ်ားၿပီး ေတာင္က်ေရအႏၲရာယ္ေတြလည္း ႀကဳံၾကရပါတယ္။

ေတာထဲမွာ အခုလိုပင္ပင္ပန္းပန္းနဲ႕စစ္ပညာသင္ယူေနရတာဟာ တကယ္ကိုမလြယ္ကူလွတဲ့ ကိစၥတစ္ရပ္ပါ။ အခုလိုအခက္အခဲေတြမ်ိဳးစုံရွိေနေပမယ့္လည္း

PDFလူငယ္ေလးေတြဟာ အာ‌ဏာရွင္ကိုေတာ္လွန္ဖို႔အတြက္ စိတ္အားထက္သန္ေနၿပီး စစ္ပညာႀကိဳးစားသင္ယူေနၾကတာကိုေတြ႕ရပါတယ္။

PDFလူငယ္ေလးေတြဟာ အစားအေသာက္လည္း ခ်ိဳ႕တဲ့ၾကသလို ေနရတဲ့ေနရာေတြကလည္း အေတာ္ေလးအဆင္မေျပျဖစ္ေနၾကတာေတြ႕ရပါတယ္။

မၾကာေသးမီက PDFလူငယ္ေလးတစ္ဦးဟာ သူ႕ရဲ႕ Facebookစာမ်က္ႏွာမွာ “အဲ့ေလာက္ထိ ဒုကၡ ခံစရာမလိုပါဘူးလို႔ မေျပာပါနဲ႕ ကြၽန္ေတာ္တို႔လဲ အိမ္မွာပဲ ေႏြးေႏြးေထြးေထြးနဲ႕

ျပန္လာေနခ်င္တာပဲဒါေပမယ့္ တိတ္ဆိတ္ၿပီး ေျခာက္ျခားစရာေကာင္းတဲ့ရပ္ကြက္ႀကီး မိဘေတြကတစ္ျခား ညီအစ္ကိုေတြတစ္ျခားျဖစ္ေနတဲ့ အခ်ိန္မွာကြၽန္ေတာ္တို႔မွာေ႐ြးခ်ယ္စရာ မ်ားမ်ားစားစားမရွိခဲ့ဘူး အားလုံးကို အကူညီေတာင္းခံပါတယ္ဗ်

ေမးခ်င္တာသိခ်င္တာ ရွိရင္လဲ ကြၽန္ေတာ့ CB မွာ လာေမးျမန္းလို႔ရပါတယ္ခင္ဗ်….” ဆိုၿပီးေရးသားကာ အေျခအေနမွန္ပုံရိပ္ေတြကို မွ်ေဝထားပါတယ္။ ပရိသတ္ေတြအတြက္ ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္။
သတင္းအရင္းျမစ္: Myanmarload
Crd-myanmarload

Add a Comment

Your email address will not be published. Required fields are marked *