ဆေးရုံတက်ပြီး ကုသမှုခံယူနေရတဲ့ သားလေးကို အဝေးကနေ video call ခေါ်ရင်းဖြင့်သာ အလွမ်းသယ်နေရတဲ့ ပြည်ကျော်

unicode

ဟားငါးကောင်အဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ လူရွှင်တော် ပြည်ကျော်ကတော့ ပြည်သူတွေနဲ့အတူ အမှန်တရားဘက်ကနေရပ်တည်ပေးခဲ့ဖြစ်ပြီး လက်ရှိအချိန်မှာလည်း လွတ်မြောက်နယ်မြေတွင် တော်လှန်ရေးတိုက်ပွဲများအတွက် ကျရာအခန်းကဏ္ဍကနေ တတ်နိုင်သလောက် ဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။

မိသားစုဝင်များနဲ့ အဝေးမှာ နေနေရပေမယ့်လည်း အားတဲ့ အချိန်တိုင်း video call ခေါ်ရင်းနဲ့သာ လွမ်းဆွတ်မှုကို ဖြေဖျောက်နေရတာ ဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်းလောက်ကလည်း ပြည်ကျော်ရဲ့ လူမှုကွန်ယက်မှာ ပုံလေးတွေ တင်ထားတာ ဖြစ်ပါတယ်။

ဒါကတော့ ဆေးရုံတက်ပြီး ကုသမှုခံယူနေရတဲ့ သားလေးကို video call ခေါ်ပြီးအားပေးစကားပြောခဲ့တာလေးတွေကို ကို screenshot ရိုက်ပြီး ပြန်လည်ဝေမျှပေးလာတာ ဖြစ်ပါတယ်။ ” သားလေးရေ မင်းကိုယ်ထဲမှာ စီးနေတဲ့ အဖေ့သွေးတွေ ဘယ်လောက်ရဲလဲ ပြလိုက်စမ်း ” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။

သားဖြစ်သူ ဆေးရုံတက်နေရချိန်မှာ အနားမှာ ရှိမပေးနိုင်တဲ့အတွက် ပြည်ကျော်တစ်ယောက် စိတ်မကောင်းဖြစ်နေတာလည်း ဖြစ်ပါတယ်။ပရိသတ်တွေကလည်း ပြည်ကျော်ရဲ့သားလေး အမြန်ဆုံး နေကောင်းသက်သာစေရန် comments များရေးသားပြီးဆုတောင်းပေးနေကြတာကိုလည်း မြင်တွေ့ရပါတယ်။

အနုပညာရှင်တွေ ဖြစ်ကြပေမယ့်လည်း တိုင်းပြည်အတွက် အရေးကြီးဆုံး အချိန်ရောက်နေတဲ့အခါ ကိုယ်ကျိုးကိုတောင် မငဲ့ကွက်ဘဲ တောထဲမှာ ပင်ပန်းဆင်းရဲစွာနေထိုင်နေတဲ့ ပြည်ကျော်ရဲ့ စိတ်ဓာတ်ကို ပရိသတ်များအားလုံးက လေးစားဂုဏ်ယူနေကြရတာ ဖြစ်ပါတယ်။

မိသားစုဝင်များကို စွန့်ခွာပြီး တော်လှန်ရေးအတွက် ဆောင်ရွက်ပေးနေကြသူများဟာ တကယ်ကို တန်ဖိုးရှိလွန်းလှပါတယ်။ အရေးတော်ပုံကြီး အမြန်ဆုံးအောင်မြင်ပြီး ချစ်ရတဲ့ မိသားစုဝင်များနဲ့ အမြန်ဆုံး ပြန်လည်ဆုံဆည်းနိုင်ကြပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။
Source and Photo Crd-Pyay Kyaw’s Facebook Account

zawgyi

ဟားငါးေကာင္အဖြဲ႕ဝင္ တစ္ဦးျဖစ္တဲ့ လူ႐ႊင္ေတာ္ ျပည္ေက်ာ္ကေတာ့ ျပည္သူေတြနဲ႕အတူ အမွန္တရားဘက္ကေနရပ္တည္ေပးခဲ့ျဖစ္ၿပီး လက္ရွိအခ်ိန္မွာလည္း လြတ္ေျမာက္နယ္ေျမတြင္ ေတာ္လွန္ေရးတိုက္ပြဲမ်ားအတြက္ က်ရာအခန္းက႑ကေန တတ္နိုင္သေလာက္ ေဆာင္႐ြက္ေပးေနတာ ျဖစ္ပါတယ္။

မိသားစုဝင္မ်ားနဲ႕ အေဝးမွာ ေနေနရေပမယ့္လည္း အားတဲ့ အခ်ိန္တိုင္း video call ေခၚရင္းနဲ႕သာ လြမ္းဆြတ္မႈကို ေျဖေဖ်ာက္ေနရတာ ျဖစ္ပါတယ္။ မၾကာေသးခင္ နာရီပိုင္းေလာက္ကလည္း ျပည္ေက်ာ္ရဲ႕ လူမႈကြန္ယက္မွာ ပုံေလးေတြ တင္ထားတာ ျဖစ္ပါတယ္။

ဒါကေတာ့ ေဆး႐ုံတက္ၿပီး ကုသမႈခံယူေနရတဲ့ သားေလးကို video call ေခၚၿပီးအားေပးစကားေျပာခဲ့တာေလးေတြကို ကို screenshot ရိုက္ၿပီး ျပန္လည္ေဝမွ်ေပးလာတာ ျဖစ္ပါတယ္။ ” သားေလးေရ မင္းကိုယ္ထဲမွာ စီးေနတဲ့ အေဖ့ေသြးေတြ ဘယ္ေလာက္ရဲလဲ ျပလိုက္စမ္း ” ဆိုၿပီး ေရးသားထားတာ ျဖစ္ပါတယ္။

သားျဖစ္သူ ေဆး႐ုံတက္ေနရခ်ိန္မွာ အနားမွာ ရွိမေပးနိုင္တဲ့အတြက္ ျပည္ေက်ာ္တစ္ေယာက္ စိတ္မေကာင္းျဖစ္ေနတာလည္း ျဖစ္ပါတယ္။ပရိသတ္ေတြကလည္း ျပည္ေက်ာ္ရဲ႕သားေလး အျမန္ဆုံး ေနေကာင္းသက္သာေစရန္ comments မ်ားေရးသားၿပီးဆုေတာင္းေပးေနၾကတာကိုလည္း ျမင္ေတြ႕ရပါတယ္။

အႏုပညာရွင္ေတြ ျဖစ္ၾကေပမယ့္လည္း တိုင္းျပည္အတြက္ အေရးႀကီးဆုံး အခ်ိန္ေရာက္ေနတဲ့အခါ ကိုယ္က်ိဳးကိုေတာင္ မငဲ့ကြက္ဘဲ ေတာထဲမွာ ပင္ပန္းဆင္းရဲစြာေနထိုင္ေနတဲ့ ျပည္ေက်ာ္ရဲ႕ စိတ္ဓာတ္ကို ပရိသတ္မ်ားအားလုံးက ေလးစားဂုဏ္ယူေနၾကရတာ ျဖစ္ပါတယ္။

မိသားစုဝင္မ်ားကို စြန႔္ခြာၿပီး ေတာ္လွန္ေရးအတြက္ ေဆာင္႐ြက္ေပးေနၾကသူမ်ားဟာ တကယ္ကို တန္ဖိုးရွိလြန္းလွပါတယ္။ အေရးေတာ္ပုံႀကီး အျမန္ဆုံးေအာင္ျမင္ၿပီး ခ်စ္ရတဲ့ မိသားစုဝင္မ်ားနဲ႕ အျမန္ဆုံး ျပန္လည္ဆုံဆည္းနိုင္ၾကပါေစလို႔ ဆုေတာင္းေပးရင္း ဒီသတင္းကို တင္ဆက္ေပးလိုက္ ရပါတယ္။
Source and Photo Crd-Pyay Kyaw’s Facebook Account

Add a Comment

Your email address will not be published. Required fields are marked *