ပြည်သူ့အောင်ပွဲ (၅၅) ရက်သာလိုတော့တယ်လို့ပြောလာတဲ့ ဗေဒင်ဆရာမတစ်ဦး
unicode
ပြည်သူ့အောင်ပွဲရက်ပေါင်း၅၅ရက်သာလိုပါတော့တယ်။
ကိုယ့်ထမင်းကိုယ်စားပြီး ကိုယ်ကြိုက်တဲ့အစိုးရကို ရွေးချယ်ပိုင်ခွင့်မရှိဘူး။ကိုယ့်ထမင်းကိုယ်စားပြီးအောက်ဆီဂျင်တောင်လွတ်လပ်စွာဖြည့်ခွင့်မရှိဘူး။
ကိုယ့်ထမင်းကိုယ်စားပြီး ဆေးရုံတက်ခွင့်တောင်လူတိုင်းမှာမရှိကြဘူး။ကိုယ့်ထမင်းကိုယ်စားပြီးကိုယ့်ငွေကိုယ်တောင်ပြန်ထုတ်ချင်လိုထုတ်လို့မရဘူး။
အဲဒါ ဝဋ်ကြွေးကြောင့်မဟုတ်ဘူး။စစ်တပ်ကအနိုင်ကျင့်သမျှကို ကြောက်ပြီးငုံ့ခံနေတာသက်တမ်းကြာလာလို့။
ကြောက်တတ်နေသရွေ့ အခါခါနာကျင်စွာရှင်သန်နေရလိမ့်မယ်။မအလအဖွဲ့နဲ့စကစတွေကိုတော်လှန်နိုင်မဲ့နေ့မှာ အားလုံးနဲ့အတူပါဝင်ပါ။
လက်နက်မဲ့ပြည်သူတွေကို အနိုင်ကျင့်နေတဲ့ မအလနဲ့စစ်ကောင်စီကို နောက်ထပ်အနိုင်ကျင့်မှုတွေဆက်မပြုနိုင်ဖို့အတွက် ပြည်သူအားလုံးပါဝင်ပြီးတိုက်ထုတ်ဖို့လိုတယ်။ပြည်သူမညီရင်စစ်.ကျွန်ဆက်ဖြစ်နေလိမ့်မယ်။
ကြိုးစားနေတဲ့ပြည်သူအချင်းချင်းကူညီပြီးတိုက်ပါ မတိုက်နိုင်ရင် တိုက်ပေးမဲ့သူတွေအတွက်ငွေလှူပါ။ငွေမလှူနိုင်ရင်သစ္စာဆိုပြီးဆုတောင်းပေးပါ။
”မအလနဲ့စကစတွေကို နည်းလမ်းပေါင်းစုံနဲ့ ဆန့်ကျင်၊တော်လှန်၊ တိုက်ခိုက်နေသူများအားလုံး ဘေးကင်းကျန်းမာ၍ မအလတို့အဖွဲ့ကိုအမြန်ဆုံးနိုင်ပါစေ”စစ်.အာဏာ.ရှင်မောင်းထုတ်ပွဲမှာ တစ်နေရာကနေပါဝင်ဖို့မကြောက်ပါနဲ့။ဘေးကင်းကျန်းမာပါစေ။
Copy ယူလိုသူများ ခွင့်ပြုပါတယ်၊ခရက်တစ်ပေးရန်မလိုပါ
မေတ္တာဖြင့် May Thingyan Hein-Myitmakha #အရေးတော်ပုံအောင်ပြီ။
zawgyi
Add a Comment
Your email address will not be published. Required fields are marked *