ကျဆုံးခဲ့တာငါးလပြည့်သွားပြီဖြစ်တဲ့ ပြည်သူ့ရင်ထဲက သူရဲကောင်းမလေး ကြယ်စင်

unicode

ပြီးခဲ့တဲ့ မတ်လ (၃) ရက်နေ့မှာကျဆုံးသွားခဲ့တဲ့ မန္တလေးက သူရဲကောင်မလေး ကြယ်စင် (ခ) တိန့်ကျားရှီကို ပြည်သူလူထုကြီးကသတိတရရှိနေဆဲပါပဲ။ ဒီနေ့သြဂုတ်လ (၃) ရက်နေ့ဟာတော့ သူမကျဆုံးခဲ့တာ (၅)လ တိတိပြည့်တဲ့နေ့ပဲဖြစ်ပါတယ်။

အမှန်တရားအတွက်တိုက်ပွဲဝင်ရင်း သိက္ခာရှိရှိ ကျဆုံးသွားခဲ့တာမို့ ပြည်သူတွေဟာ သူမရဲ့သေဆုံးမှုအတွက် နှမြောတသဖြစ်ရသလို ဂုဏ်လည်းယူနေကြပါတယ်။ အဖေတစ်ခု သမီးတစ်ခုဘဝမှာ ဖခင်ဖြစ်သူဟာ တစ်ယောက်တည်း ကျန်ရစ်ခဲ့ပေမယ့် ကြယ်စင်ရဲ့ ဖခင်ဟာ ကျဆုံးသွားတဲ့သမီးလေးအတွက် အမြဲတမ်းဂုဏ်ယူနေခဲ့သူတစ်ယောက်ပါ။

သမီးလေးကျဆုံးခဲ့စဉ်က မေတ္တာကြေးတွေလာရောက်ပေးကမ်းကြတာရှိပေမယ့် ဒီငွေတွေကို လိုအပ်တဲ့နေရာမှာအသုံးပြုဖို့ အားလုံးပြန်လည်လှူဒါန်းပေးခဲ့ပါတယ်။ အနာဂတ်ကောင်းတွေ ပိုင်ဆိုင်ထားတဲ့ (၁၉) နှစ်အရွယ် မိန်းမငယ်လေးဟာ သတ္တိအပြည့်နဲ့ ယုံကြည်ရာအတွက် အသက်စွန့်သွားခဲ့တာတကယ်ကို လေးစားစရာကောင်းလွန်းပါတယ်။ သူမကိုယ်တိုင်လည်း လူငယ်တစ်ယောက်ဖြစ်သလို တခြားလူငယ်တွေရဲ့အနာဂတ်တွေ မပျောက်စေဖို့ စွမ်းစွမ်းတမံ တိုက်ပွဲဝင်ရင်း သိက္ခာရှိရှိကျဆုံးခဲ့ရတာပါ။

အချိန်တွေဘယ်လောက်ပဲကြာသွားပါစေ သူမ ကျဆုံးခဲ့တဲ့နေ့ရက်ရောက်တိုင်း ပြည်သူလူထုကြီးက သတိတရနဲ့ လွမ်းဆွတ်နေဦးမှာပါ။ အမှန်တရားဆိုတာဘယ်တော့မှ ပျောက်ဆုံးမသွားသလို အမှန်တရားအတွက် တိုက်ပွဲဝင်ခဲ့တဲ့ သူရဲကောင်းတွေရဲ့ နာမည်ဂုဏ်သတင်းဟာလည်း ဘယ်တော့မှ မတိမ်ကောသွားပါဘူး။

ပြည်သူအားလုံးရဲ့ရင်ထဲမှာ နွေဦးတော်လှန်ရေးမှာကျဆုံးသွားခဲ့ရတဲ့ ပြည်သူ့သူရဲကောင်းတွေရဲ့နာမည်ဟာ ကဗျည်းတင်ပြီးသားဖြစ်နေမှာပါ။ ကျဆုံးသွားခဲ့တဲ့ သူရဲကောင်းတိုင်းလည်း ကောင်းမွန်တဲ့ဘုံဘဝတွေမှာ အေးချမ်းသာယာရှိနေပါစေလို့ တောင်းဆုပြုပါတယ်။
Credit Myanmarload

zawgyi

ၿပီးခဲ့တဲ့ မတ္လ (၃) ရက္ေန႕မွာက်ဆဳံးသြားခဲ့တဲ့ မႏၲေလးက သူရဲေကာင္မေလး ၾကယ္စင္ (ခ) တိန႔္က်ားရွီကို ျပည္သူလူထုႀကီးကသတိတရရွိေနဆဲပါပဲ။ ဒီေန႕ ၾသဂုတ္လ (၃) ရက္ေန႕ဟာေတာ့ သူမ က်ဆဳံးခဲ့တာ (၅) လ တိတိျပည့္တဲ့ေန႕ပဲျဖစ္ပါတယ္။

အမွန္တရားအတြက္တိုက္ပြဲဝင္ရင္း သိကၡာရွိရွိ က်ဆဳံးသြားခဲ့တာမို႔ ျပည္သူေတြဟာ သူမရဲ႕ေသဆုံးမႈအတြက္ ႏွေျမာတသျဖစ္ရသလို ဂုဏ္လည္းယူေနၾကပါတယ္။ အေဖတစ္ခု သမီးတစ္ခုဘဝမွာ ဖခင္ျဖစ္သူဟာ တစ္ေယာက္တည္း က်န္ရစ္ခဲ့ေပမယ့္ ၾကယ္စင္ရဲ႕ ဖခင္ဟာ က်ဆဳံးသြားတဲ့သမီးေလးအတြက္ အၿမဲတမ္းဂုဏ္ယူေနခဲ့သူတစ္ေယာက္ပါ။

သမီးေလးက်ဆဳံးခဲ့စဥ္က ေမတၱာေၾကးေတြလာေရာက္ေပးကမ္းၾကတာရွိေပမယ့္ ဒီေငြေတြကို လိုအပ္တဲ့ေနရာမွာအသုံးျပဳဖို႔ အားလုံးျပန္လည္လႉဒါန္းေပးခဲ့ပါတယ္။ အနာဂတ္ေကာင္းေတြ ပိုင္ဆိုင္ထားတဲ့ (၁၉) ႏွစ္အ႐ြယ္ မိန္းမငယ္ေလးဟာ သတၱိအျပည့္နဲ႕ ယုံၾကည္ရာအတြက္ အသက္စြန႔္သြားခဲ့တာတကယ္ကို ေလးစားစရာေကာင္းလြန္းပါတယ္။ သူမကိုယ္တိုင္လည္း လူငယ္တစ္ေယာက္ျဖစ္သလို တျခားလူငယ္ေတြရဲ႕အနာဂတ္ေတြ မေပ်ာက္ေစဖို႔ စြမ္းစြမ္းတမံ တိုက္ပြဲဝင္ရင္း သိကၡာရွိရွိက်ဆဳံးခဲ့ရတာပါ။

အခ်ိန္ေတြဘယ္ေလာက္ပဲၾကာသြားပါေစ သူမ က်ဆဳံးခဲ့တဲ့ေန႕ရက္ေရာက္တိုင္း ျပည္သူလူထုႀကီးက သတိတရနဲ႕ လြမ္းဆြတ္ေနဦးမွာပါ။ အမွန္တရားဆိုတာဘယ္ေတာ့မွ ေပ်ာက္ဆုံးမသြားသလို အမွန္တရားအတြက္ တိုက္ပြဲဝင္ခဲ့တဲ့ သူရဲေကာင္းေတြရဲ႕ နာမည္ဂုဏ္သတင္းဟာလည္း ဘယ္ေတာ့မွ မတိမ္ေကာသြားပါဘူး။

ျပည္သူအားလုံးရဲ႕ရင္ထဲမွာ ေႏြဦးေတာ္လွန္ေရးမွာက်ဆဳံးသြားခဲ့ရတဲ့ ျပည္သူ႕သူရဲေကာင္းေတြရဲ႕နာမည္ဟာ ကဗ်ည္းတင္ၿပီးသားျဖစ္ေနမွာပါ။ က်ဆဳံးသြားခဲ့တဲ့ သူရဲေကာင္းတိုင္းလည္း ေကာင္းမြန္တဲ့ဘုံဘဝေတြမွာ ေအးခ်မ္းသာယာရွိေနပါေစလို႔ ေတာင္းဆုျပဳပါတယ္။
Credit Myanmarload

Add a Comment

Your email address will not be published. Required fields are marked *