ရုပ်ရှင်နှင့်ဗီဒီယို ဝါရင့်သရုပ်ဆောင် ဦးစံမတူ ယနေ့ မနက်ပိုင်းတွင် ကွယ်လွန်

unicode

ရုပ်ရှင်နှင့်ဗီဒီယို ဝါရင့်သရုပ်ဆောင် ဦးစံမတူ ယနေ့မနက်ပိုင်းတွင်ကွယ်လွန်

ရုပ်ရှင်နှင့်ဗီဒီယို ဝါရင့် ဟာသသရုပ်ဆောင်ကြီးဦးစံမတူ (အသက် ၉၀ နှစ်)ဟာယနေ့၊ သြဂုတ်လ၃ရက်နေ့၊ နံနက်၆ နာရီခွဲ အချိန်က လူကြီးရောဂါနဲ့ကွယ်လွန်သ့ားကြောင်းသိရှိရပါတယ်။

“ရုပ်ရှင်နှင့်ဗီဒီယိုဝါရင့် ဟာသသရုပ်ဆောင်ဦးစံမတူ ကွယ် လွန် သွားပြန်ပါပြီဗျာ။ဘဘကောင်းရာဘုံဘဝကိုရောက်ပါစေ” လို့ လူရွှင်တော်ကောင်းကျော်က စိတ်မကောင်းစကားဆိုပါတယ် ။

ဦးစံမတူဟာ ဇာတ်သဘင်လောကမှရုပ်ရှင်နယ်ပယ်သို့ ရောက်ရှိ ခဲ့သူဖြစ်ပြီး ၊ ရုပ်ရှင်ဇာတ်ကားပေါင်း၂၀၀ကျော်မှာပါဝင် သရုပ်ဆောင်ခဲ့ရာ ဟာသသရုပ်ဆောင်ဦးပလာတာနဲ့ အတွဲညီညီ သရုပ်ဆောင်ခဲ့သူဖြစ်ပါတယ် ။

ရန်ကုန်မြို့ ရွှေဂုံတိုင်မှာနေထိုင်တဲ့ ဝါရင့်ရုပ်ဆောင်ကြီးဦးစံမတူ ကွယ်လွန်သွားတဲ့အတွက်မိသားစုတွေနဲ့ထပ်တူဝမ်းနည်းကြေကွဲ ရပါတယ် ။

ဝါရင့် သရုပ်ဆောင် ဦးစံမတူကောင်းရာဘုံဘဝရောက်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော် ။

zawgyi


ရုပ်ရှင် နှင့် ဗီဒီယိုဝါရင့် ဟာသသရုပ် ဆောင်ကြီးဦးစံမတူ (အသက် ၉၀ နှစ်)ဟာယနေ့၊သြဂုတ်လ ၃ ရက်နေ့၊ နံနက် ၆ နာရီခွဲအချိန်ကလူကြီး ရောဂါနဲ့ ကွယ်လွန် သွားကြောင်းသိရှိရပါတယ် ။


ဦးစံမတူဟာ ဇာတ်သဘင်လောကမှ ရုပ်ရှင်နယ်ပယ်သို့ ရောက်ရှိ ခဲ့သူ ဖြစ်ပြီး ၊ ရုပ်ရှင်ဇာတ်ကားပေါင်း ၂၀၀ ကျော်မှာပါဝင် သရုပ်ဆောငျခဲ့ရာဟာသသရုပ်ဆောင် ဦးပလာတာနဲ့ အတွဲညီညီ သရုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ် ။



Add a Comment

Your email address will not be published. Required fields are marked *