အမျိုးသားအင်္ဂါနဲ့တူတဲ့ အကောင်ကြီးတဲ့၊ လုပ်ကြဦး

unicode

မိုင်ယာမီ အင်တာနေရှင်နယ်လေဆိပ်မှာ အခုပြောမယ့်အကောင်ကို တွေ့လိုက်ချိန်မှာ အမေရိကန်အမျိုးသမီးထုကြီးအတွက် စိတ်ဝင်စားစရာဖြစ်လာပါတယ်။ မကြာသေးခင်ကမှ ကိုလံဘီယာ၊ ဗင်နီဇွဲလားမှာတွေ့ခဲ့လို့ အမျိုးသမီးတွေ စိတ်ဝင်စားနေတဲ့အကောင်ဟာ အမေရိကားကိုရောက်လာခဲ့ပါပြီ။

လောလောဆယ်ဘာအကောင်လဲမပြောခင်မှာ ပုံစံကမြွေနဲ့ဆင်ပြီး၊ အမျိုးသား အင်္ဂါနဲ့တူလို့ လွယ်လွယ်ကူကူပဲ Penis Snake လို့ သတ်မှတ်လိုက်ကြပါတယ်။ မြန်မာလိုလှအောင်ပြန်ရင် ရွှေပန်းမြွေလို့ဆိုနိုင်ပါတယ်။ တကယ်က ဘိုင်အိုအခေါ်အရ ကေစီလီရန် (caecilian) လို့ခေါ်ပါတယ်။

အကောင်အရွယ်အစားက တပေမပြည့်တပြည့်ကနေ ၅ပေအထိရှိပြီး၊ မျက်စိအမြင်က မရှိသလောက်ပါပဲ။ ကေစီလီရန်လို့ခေါ်တာက မျက်စိအမြင်အာရုံနည်းတဲ့အတွက် လက်တင်ဘာသာစကားနဲ့ မျက်ကန်းလေးလို့ဆိုတာဖြစ်ပါတယ်။ ပုံစံအရတော့ ရွှေပန်းမြွေဆန်ဆန်ပါ။

တကယ်ကမြွေမဟုတ်ပါဘူး။ အန်ဖီဘီရန် (Amphibian) အမျိုးအစားဖြစ်တဲ့အတွက် ဖား၊ ကင်းလိပ်ရှောတို့လို အကောင်တွေနဲ့မျိုးနွယ်ဝင်ဖြစ်ပါတယ်။ အစာရှာရင် မျက်လုံးနဲ့နှာခေါင်းကြားက အာရုံခံလေးတွေနဲ့ရှာပြီး၊ အစာမှန်းသိတာနဲ့ကြိတ်ပါတယ်။ သွားတွေက အပ်ချောင်းလေးတွေလိုမျိုးပုံစံရှိပါတယ်။

ရေချိုနဲ့ကုန်ပေါ်နှစ်ခုလုံးမှာအသက်ရှင်နိုင်သလို တီကောင်၊ပိုးကောင်နဲ့ ဖားသေးသေးလေးတွေ၊ မြွေသေးသေးလေးတွေကို စားပါတယ်။ ထူးဆန်းအကောင်အမျိုးအစားထဲပါတဲ့အတွက် အမေရိကန်မှာတွေ့တာနဲ့ ပြတိုက်တွေထဲမှာ သီးသန့်ထည့်ထားပါတယ်။ လူတွေကလည်းစိတ်ဝင်စားကြပါတယ်။

ရှားပါးတဲ့အတွက် အိမ်မွေးအဖြစ်လည်းမွေးစားကြချိန်မှာ ဈေးကွက်တခုလည်းရှိလာပါတယ်။ ဒါပေမဲ့ ကေစီလီရန် တနည်း ရွှေပန်းမြွေက သဘာဝအတိုင်းရှင်သန်ရမယ့်မျိုးစိတ်ပါ။ ဗမာ့စပါးအုံလို အမေရိကားမှာ အိမ်မွေးတိရစ္ဆာန်လုပ်ရင်းကနေ မလိုလားအပ်တဲ့ ပြဿနာတွေရှိလာနိုင်ပေမဲ့ လက်ရှိမှာတော့ လူတွေကိုအန္တရာယ်ပေးတာမျိုး လုံးဝမရှိသေးပါဘူး။ အမျိုးသမီးတွေကတော့ ပုံစံနဲ့တင် လန့်နေကြတယ်လို့သိရပါတယ်။

zawgyi

မိုင္ယာမီ အင္တာေနရွင္နယ္ေလဆိပ္မွာ အခုေျပာမယ့္အေကာင္ကို ေတြ႕လိုက္ခ်ိန္မွာ အေမရိကန္အမ်ိဳးသမီးထုႀကီးအတြက္ စိတ္ဝင္စားစရာျဖစ္လာပါတယ္။ မၾကာေသးခင္ကမွ ကိုလံဘီယာ၊ ဗင္နီဇြဲလားမွာေတြ႕ခဲ့လို႔ အမ်ိဳးသမီးေတြ စိတ္ဝင္စားေနတဲ့အေကာင္ဟာ အေမရိကားကိုေရာက္လာခဲ့ပါၿပီ။

ေလာေလာဆယ္ဘာအေကာင္လဲမေျပာခင္မွာ ပုံစံကေႁမြနဲ႕ဆင္ၿပီး၊ အမ်ိဳးသား အဂၤါနဲ႕တူလို႔ လြယ္လြယ္ကူကူပဲ Penis Snake လို႔ သတ္မွတ္လိုက္ၾကပါတယ္။ ျမန္မာလိုလွေအာင္ျပန္ရင္ ေ႐ႊပန္းေႁမြလို႔ဆိုနိုင္ပါတယ္။ တကယ္က ဘိုင္အိုအေခၚအရ ေကစီလီရန္ (caecilian) လို႔ေခၚပါတယ္။

အေကာင္အ႐ြယ္အစားက တေပမျပည့္တျပည့္ကေန ၅ေပအထိရွိၿပီး၊ မ်က္စိအျမင္က မရွိသေလာက္ပါပဲ။ ေကစီလီရန္လို႔ေခၚတာက မ်က္စိအျမင္အာ႐ုံနည္းတဲ့အတြက္ လက္တင္ဘာသာစကားနဲ႕ မ်က္ကန္းေလးလို႔ဆိုတာျဖစ္ပါတယ္။ ပုံစံအရေတာ့ ေ႐ႊပန္းေႁမြဆန္ဆန္ပါ။

တကယ္ကေႁမြမဟုတ္ပါဘူး။ အန္ဖီဘီရန္ (Amphibian) အမ်ိဳးအစားျဖစ္တဲ့အတြက္ ဖား၊ ကင္းလိပ္ေရွာတို႔လို အေကာင္ေတြနဲ႕မ်ိဳးႏြယ္ဝင္ျဖစ္ပါတယ္။ အစာရွာရင္ မ်က္လုံးနဲ႕ႏွာေခါင္းၾကားက အာ႐ုံခံေလးေတြနဲ႕ရွာၿပီး၊ အစာမွန္းသိတာနဲ႕ႀကိတ္ပါတယ္။ သြားေတြက အပ္ေခ်ာင္းေလးေတြလိုမ်ိဳးပုံစံရွိပါတယ္။

ေရခ်ိဳနဲ႕ကုန္ေပၚႏွစ္ခုလုံးမွာအသက္ရွင္နိုင္သလို တီေကာင္၊ပိုးေကာင္နဲ႕ ဖားေသးေသးေလးေတြ၊ ေႁမြေသးေသးေလးေတြကို စားပါတယ္။ ထူးဆန္းအေကာင္အမ်ိဳးအစားထဲပါတဲ့အတြက္ အေမရိကန္မွာေတြ႕တာနဲ႕ ျပတိုက္ေတြထဲမွာ သီးသန႔္ထည့္ထားပါတယ္။ လူေတြကလည္းစိတ္ဝင္စားၾကပါတယ္။

ရွားပါးတဲ့အတြက္ အိမ္ေမြးအျဖစ္လည္းေမြးစားၾကခ်ိန္မွာ ေဈးကြက္တခုလည္းရွိလာပါတယ္။ ဒါေပမဲ့ ေကစီလီရန္ တနည္း ေ႐ႊပန္းေႁမြက သဘာဝအတိုင္းရွင္သန္ရမယ့္မ်ိဳးစိတ္ပါ။ ဗမာ့စပါးအုံလို အေမရိကားမွာ အိမ္ေမြးတိရစာၦန္လုပ္ရင္းကေန မလိုလားအပ္တဲ့ ျပႆနာေတြရွိလာနိုင္ေပမဲ့ လက္ရွိမွာေတာ့ လူေတြကိုအႏၲရာယ္ေပးတာမ်ိဳး လုံးဝမရွိေသးပါဘူး။ အမ်ိဳးသမီးေတြကေတာ့ ပုံစံနဲ႕တင္ လန႔္ေနၾကတယ္လို႔သိရပါတယ္။

Add a Comment

Your email address will not be published. Required fields are marked *