လွတ်မြောက်နယ်မြေတစ်ခုကိုရောက်ရှိနေပြီး အမှန်တရားအတွက်တိုက်ပွဲဝင်နေတဲ့ အဆိုတော်မိုင်းမိိုင်ဆိုင်း

unicode

Myanmar idol အဆိုပြိုင်ပွဲမှာ ဝင်ရောက်ယှဥ်ပြိုင်ရင်း ဂီတလမ်းခရီးကို စတင်းလျှောက်လှမ်းခဲ့တဲ့ အဆိုတော် မိုင်းမိုင်ဆိုင်းကို အားလုံးသိကြမယ်လို့ထင်ပါတယ်။

မိုင်းမိုင်ဆိုင်းဟာ ဖေဖော်ဝါရီလ(၁)ရက်နေ့ကနေ ပြည်သူ့အာဏာ သိမ်းယူပြီးတဲ့ နောက်ပိုင်းမှာ ဒီမိုကရေစီကိုလိုလားကြတဲ့ ပြည်သူတွေနဲ့အတူ အပြည့်အဝရပ်တည်ပေးခဲ့ပါတယ်။ ဒါ့အပြင် လူထုလှုပ်ရှားမှုတွေမှာ အနုပညာရှင်တစ်ယောက်ဖြစ်ပေမယ့် အားတက်သရော ပူးပေါင်းပါဝင်ပေးခဲ့တာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။

လက်ရှိမှာ မိုင်းမိုင်ဆိုင်းဟာ ပိုပြီးလေးစားဂုဏ်ယူမိတာကတော့ ပြည်သူ့အာဏာပြန်လည်ရယူဖို့အတွက် လွတ်မြောက်နယ်မြေမှာ သူ့ရဲ့အောင်မြင်ကျော်ကြားမှုတွေနဲ့ ချစ်တဲ့အရာတွေကို စွန့်ခွာပြီး စစ်ပညာများသင်ကြားကာ PDF တပ်သားတစ်ယောက်ဖြစ် ခံယူထားသူပဲ ဖြစ်ပါတယ်။

လတ်တလောမှာလည်း သူရဲ့ လူမှုကွန်ယက် လှုပ်ရှားမှုပုံရိပ်လေးတွေနဲ့ တော်လှန်ရေးအတွက် ကြွေးကြော်မှုတွေကို ရေးဖွဲ့ပြီး ဖော်ပြပေးခဲ့ပါတယ်။

ဒီလိုလှုပ်ရှားမှုပုံရိပ်လေးတွေနဲ့ တော်လှန်ရေးအတွက် ကြွေးကြော်မှုတွေနဲ့ ပတ်သက်ပြီး ရှေ့ရေးကိုဘယ်လိုလုပ်မလဲလို့ မေးလာတဲ့အပေါ် သူ့ရဲ့ ခံယူချက်တွေကို ပြတ်သားစွာ ပြောပြလာခဲ့ပါတယ်။ မိုင်းမိုင်ဆိုင်းရဲ့ ပြတ်သားတဲ့ ခံယူချက်တွေကတော့ ကြားသိရသူတွေအဖို့ လေးစားဂုဏ်ယူမိမှာတော့ အမှန်ပါပဲ။

အရင်းအနှီးကြီးကြီးနဲ့ တန်ဖိုးရှိတဲ့အရာတွေကို စွန့်လွှတ်ပြီး ဘာကြောင့် PDF တပ်သားတစ်ယောက်အဖြစ် ခံယူထားတယ်ဆိုတဲ့အကြောင်း ပြောပြထားတာကို အောက်မှာဖတ်ရှုလို့ရအောင် ဖော်ပြပေးလိုက်ပါတယ်။
Source mei mei seng

zawgyi






Source mei mei seng

Add a Comment

Your email address will not be published. Required fields are marked *