ပြေတီဦးရဲ့ဖခင် ကွယ်လွန်သွားတဲ့ သတင်းကြောင့် ပြောစရာစကားလုံး မရှိအောင် ဝမ်းနည်း စိတ်မကောင်း ဖြစ်နေရှာတဲ့ ညီနန္ဒ

unicode

ပြေတီဦးရဲ့ဖခင် ကွယ်လွန်သွားတဲ့ သတင်းကြောင့် ပြောစရာစကားလုံး မရှိအောင် ဝမ်းနည်း စိတ်မကောင်း ဖြစ်နေရှာတဲ့ ညီနန္ဒ

ဒီရက်ပိုင်းမှာတော့ ကိုဗစ်ရောဂါကြောင့် ကိုယ်ချစ်ခင်ရသူတွေ မိသားစုဝင်တွေကို ဆုံးရှုံးရသူတွေများစွာရှိနေတာစိတ်မကောင်းစရာတွေပါပဲ

အနုပညာရှင်တွေထဲမှာဆိုရင်လည်း ကိုဗစ်ကူးစက်ခံရသူတွေ များစွာတွေ့ရပြီး တစ်ချို့ဆိုကွန်လွန်သွားတဲ့သတင်းတွေပါကြားနေရလို့ ပရိသတ်တွေကလည်းစိတ်မကောင်းဖြစ်နေကြတာပါ

အခုလည်း သရုပ်ဆောင်ပြေတီဦးရဲ့ ဖခင်ဖြစ်သူဟာ ကိုဗစ်ရောဂါကူးစက်ခံထားရပြီး မကြာခင်ရက်ပိုင်းတွေက အောက်ဆီဂျင်ထိုးကျမှုတွေရှိခဲ့တာကိုတွေ့ရပါတယ် ဒီနေ့မှာတော့ ပြေတီဦးရဲ့ ဖခင်ကွယ်လွန်သွားတဲ့ သတင်းတွေလူမှုကွန်ရက်စာမျက်နှာထက်မှာပျံ့နှံ့ခဲ့ပါတယ် ။

ဒီသတင်းနဲ့ ပတ်သက်ပြီး ညီနန္ဒကလည်း ပြောစရာစကားလုံး မရှိရအောင်ကို ကြေကွဲဝမ်းနည်းနေမိကြောင်းကို ” သူငယ်ချင်း ပြေတီဦး ရဲ့ဖခင်ဆုံးပြန်ပြီ နှစ်သိမ့်စရာ စကားလုံးရှာမတွေ့ဘူး သူငယ်ချင်းရယ် “ရေးသားဖော်ပြထားပါတယ်

ပြေတီဦး ခမျာ ဖမ်းဆီးထိန်းသိမ်းခံထားရလို့ ခုလို ဖခင် ကွယ်လွန်တာသိရရင် ဘယ်လောက်ဖြေဆည်မရဖြစ်နေမလည်း စိတ်မကောင်းမိတာအမှန်ပါပဲ။ပရိသတ်ကြီးအတွက် ပြေတီဦးရဲ့ ဖခင်ကွယ်လွန်သွားတဲ့ သတင်းလေးကို ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။
Yuan – Cele Zone
Photo – Nyi Nanda

zawgyi






Yuan – Cele Zone
Photo – Nyi Nanda

Add a Comment

Your email address will not be published. Required fields are marked *