အမေချက်ပြီးထည့်ပေးလိုက်တဲ့ ဆန်ပြုတ်လေးကို လမ်းဘေးတစ်နေရာမှာထိုင်ပြီး အားရှိအောင် ဗိုက်ဖြည့်တင်းနေတဲ့ ပရဟိတသမားတစ်ဦ
unicode
အမေချက်ပြီးထည့်ပေးလိုက်တဲ့ ဆန်ပြုတ်လေးကို လမ်းဘေးတစ်နေရာမှာထိုင်ပြီး အားရှိအောင် ဗိုက်ဖြည့်တင်းနေတဲ့ ပရဟိတသမားတစ်ဦး
ကိုဗစ်တတိယလှိုင်းမှာ သေဆုံးသူတွေ တစ်နေ့ကို ရာချီရှိနေတာကြောင့် ပရဟိတအဖွဲ့တွေလည်း သုသာန္ကို မနားမေန ပို့ဆောင်ပေးနေရတာဖြစ်ပါတယ်။
သေဆုံးသူတွေများပြားလွန်းလို့ နာရေးကားတွေ၊Ambulance တွေတောင် မလောက်တော့တဲ့အခြေအနေပဲဖြစ်ပါတယ်။
သုသာန်တွေမှာလည်း ပရဟိတသမားတွေက Dead Body ကို မီးသြင်္ဂိုလ်နိုင်ဖို့အတွက် စိတ်ရှည်လက်ရှည် စောင့်ဆိုင်းရသေးတာဖြစ်ပါတယ်။
သေဆုံးသူတွေကိုခေါက်တုံ့ခေါက်ပြန် သယ်ဆောင်နေရတာကြောင့် ပရဟိတအဖွဲ့တွေလည်း အရမ်းပင်ပန်းနေကြပြီဖြစ်ပါတယ်။
အခုလိုမျိုး စေတနာပြည့်ဝကြတဲ့ ပရဟိတအဖွဲ့တွေကို ပြည်သူလူထုကလည်း ကျေးဇူးတင်ကြပြီး သူတို့အဟာရပြည့်ဝဖို့အတွက် စားစရာတွေလည်း လှူဒါန်းကြပါတယ်။ပရဟိတအဖွဲ့တွေက တစ်နေကုန် မနားမနေလုပ်ဆောင်နေရတာကြောင့် အစားအသောက်တောင် ကြုံသလို သုံးဆောင်ရတာဖြစ်ပါတယ်။
အခုဆိုရင်တော့ ဘိုစိန်လူမှုကူညီရေးအသင်း(ရန်ကုန်)မွ ပရဟိတသမားတစ်ဦးက ထမင်းတစ်နပ်အတွက် အဆင်ပြေသလိုလေးဖြည့်တင်းနေရတာဖြစ်ပါတယ်။သူကေတာ့ သွားနာနေတာကြောင့် ထမင်းစားလို့မရဘဲ ပျော့တဲ့အစားအစာလေးတွေသာစားနိုင်တာဖြစ်ပါတယ်။ဒါ့ကြောင့် သူ့ရဲ့မိခင်က ဆန်ပြုတ်လေးချက်ပြီး ထမင်းချိုင့်လေးနဲ့ထည့်ပေးလိုက်တာဖြစ်ပါတယ်။
အဲ့ဒီပရဟိတသမားကလည်း မိခင်ချက်ပေးလိုက်တဲ့ ဆန်ပြုတ်ကို နတျသုဒ်ဓါနဲ့တောငျမလဲနိုငျဘူး ဆိုပြီး လမ်းဘေးတစ်နေရာမှာ စားသောက်နေတာဖြစ်ပါတယ်။
အခုလိုမျိုး အများအကျိုးအတွက်ဆို အနစ်နာခံကူညီတတ်တဲ့ ပရဟတိသမားတစ်ဦးရဲ့ အဟာရဖြည့်တင်းနေတဲ့ပုံရိပ်လေးကို လေးစားစွာနဲ့ပြန်လည်မျှဝေပေးလိုက်ပါတယ်။
Credit
zawgyi
Credit
Add a Comment
Your email address will not be published. Required fields are marked *