အောင်လအန်ဆန် က ဘရာဇီးနိုင်ငံသား လီအန်ဒရိုအတေးစ်ကို ပထမအချီမှာတင် အလဲထိုးအနိုင်ရ

unicode

အောင်လအန်ဆန်က ဘရာဇီးနိုင်ငံသားလီအန်ဒရိုအတေးစ်ကို ပထမအချီမှာတင်အလဲထိုးအနိုင်ရ

စင်ကာပူနိုင်ငံမှာကျင်းပနေတဲ့ One Championshipရဲ့ BATTLEGROUNDပြိုင်ပွဲကြီးမှာအောင်လအန်ဆန်ကဘရာဇီးလ်ဖိုက်တာ လီအန်ဒရိုအတေးစ်ကိုပထမအချီမှာတင်အလဲထိုးသက်အနိုင်ယူလိုက်ပါတယ်။

အောင်လကမစ်ဒယ်ဝိတ်တန်းတွဲဆိုင်းမှာထိုးသက်တာဖြစ်ပြီး ပထမအချီအတွင်း ၃မိနစ်နဲ့ ၄၅စက္ကန့်မှာအနိုင်ရလိုက်တာလဲ ဖြစ်ပါတယ်။

“မြန်မာပြည်ကလူတွေအတွက် ကျနော်ဆုတောင်းပေးချင်ပါတယ်။ဒီနှစ်ကလူတိုင်းအတွက်ခက်ခဲတဲ့နှစ်တစ်နှစ်ပါ ။

အထူးသဖြင့် ကျနော့်အတွက်လည်းတော်တော်ခက်ခဲပါတယ် ။ တိုင်းပြည်က ဒီလိုအခြေအနေတွေကြုံနေရတဲ့အချိန်မှာပြိုင်ပွဲအတွက် လေ့ကျင့်ဖို့တောင်စိတ်ပိုင်းဆိုင်ရာအရခက်ခဲပါတယ်

မြန်မာပြည်ကလူကြီးတွေအနေနဲ့ကိုယ်ကျိုးစီးပွားထက် တိုင်းပြည်အနာဂတ်အတွက်ကြည့်ပေးကြစေလိုပါတယ်” လို့ အောင်လအန်ဆန်ကအနိုင်ယူပြီးချိန်မှာပြောဆိုသွားခဲ့ပါတယ်။

ပြိုင်ပွဲကို မြန်မာစံတော်ချိန် ည၇နာရီမှာစတင်ခဲ့ပြီး ONE ရဲ့ YouTube ချန်နယ်ကနေတိုက်ရိုက်ထုတ်လွှင့်နေတာလဲဖြစ်ပါတယ်။

zawgyi








Add a Comment

Your email address will not be published. Required fields are marked *