Myanmar Idol မှ အဆိုတော် ဇော်မင်းဦး ကွယ်လွန်

unicode

ပရိသတ်ရေ Myanmar Idol ပြိုင်ပွဲဝင်ဇော်မင်းဦးကိုတော့ ပရိသတ်တွေ မှတ်မိကြဦးမယ်ထင်ပါတယ်။ဇော်မင်းဦးကတော့ Myanmar Idol Season(1)မှာဝင်ရောက်ယှဉ်ပြိုင်ခဲ့တာပဲဖြစ်ပါတယ်။

ပရိသတ်အားပေးမှုကို တခဲနက်ရရှိခဲ့တဲ့ Myanmar Idol ပြိုင်ပွဲကြီးရဲ့( Season 1)ပြိုင်ပွဲဝင်ဇော်မင်းဦးကတစ်ယောက် မသေဆုံးခင်ယခင်ကမမှတ်မိနိုင်လောက်အောင်ပြောင်းလဲသွားခဲ့တာကြောင့် ပရိသတ်တွေသို့လောသို့လောဖြစ်နေရပါသေးတယ်နော်။

ဇော်မင်းဦးဟာ Myanmar Idol (season 1)တုန်းက အကောင်းဆုံးယဉ်ပြိုင်ခဲ့ပြီးပရိသတ်အားပေးမှုရခဲ့တဲ့ပြိုင်ပွဲဝင်တစ်ဦးဖြစ်ခဲ့ပါတယ်။

ကံမကောင်းစွာနဲ့ winner မဖြစ်ခဲ့ပေမယ့်အိမ်ပြန်လမ်းမှာ ပရိသတ်အားပေးမှုကိုတခဲနက်ရရှိခဲ့သူလည်းဖြစ်ပါတယ်။

#Myanmar Idolမှ ပြိုင်ပွဲဝင်ဟောင်းတစ်ဦးဖြစ်တဲ့အဆိုတော် ဇော်မင်းဦး ယနေ့ July29ရက်နေ့တွင်ကွယ်လွန်သွားပြီဖြစ်ကြောင်းကို

တေးသံရှင်စောလားထော်ဝါးကသူ့ရဲ့လူမှုကွန်ယက်စာမျက်နှာမှာဝမ်းနည်းကြောင်းယခုလိုရေးသားဖော်ပြခဲ့ပါတယ်။

Myanmar Idol Season 1ရဲ့ Top 5ဆုရှင်ဇော်မင်းဦးဟာ ပြိုင်ပွဲပြီးတဲ့တနှစ်အကြာမှာ “ကိုယ်ကျင့်တရား”လို့အမည်ပေးထားတဲ့ တကိုယ်တော်အခွေဟာထွက်ရှိခဲ့ပါသေးတယ်နော်။

Myanmar Idol တွင်လည်း ရော့ခ်ဂီတနဲ့ ပရိသတ်အားပေးမှုရခဲ့တဲ့ ဇော်မင်းဦးဟာ “ကိုယ်ကျင့်တရား”လို့

အမည်ပေးထားတဲ့ သူ့ရဲ့တကိုယ်တော်တေးစီးရီးမှာလည်း ရော့ခ်သီချင်းအများစု ပါဝင်ထားခဲ့တယ်လို့သိရပါတယ်။

အသံပါဝါကောင်းကောင်းနဲ့ သီချင်းတွေသီဆိုနိုင်ခဲ့တဲ့ ဇော်မင်းဦးတစ်ယောက်ကောင်းရာဘုံဘ၀ရောက်ရှိနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

ပရိသတ်ကြီးအတွက် ဇော်မင်းဦးရဲ့ပုံရိပ်‌ေဟာင်းလေးတွေကိုဖော်ပြပေးလိုက်ပါတယ်နော်။

zawgyi











ပရိသတ်ကြီးအတွက် ဇော်မင်းဦးရဲ့ ပုံရိပ်‌ဟောင်းလေးတွေကိုဖော်ပြပေးလိုက်ပါတယ်နော်။

Add a Comment

Your email address will not be published. Required fields are marked *