အိမ်ထောင်ဦးစီးတစ်ယောက်ကို မျက်ရည်လည်စေခဲ့တဲ့ ပါရာစီတမော တစ်ကဒ် နှင့် တစ်ထောင်တန် (၄)ရွက်

unicode

လောဘသားတွေ ဖတ်ပါကိုယ်ချင်းစာပါဒီလိုလူတွေဘယ်လောက်များနေမလဲ၁၀၀၀ကျပ်တန်လေး၄ရွက်

မနေ့ညနေ၄နာရီခန့်ကအိမ်မှာနေရတာပျင်းလာဆေးခန်းအတွက် ဆေးနည်းနည်းလိုတာရှိလို့ကိုယ်တိုင်ထွက်ဝယ်လိုက်တယ်။

(အရင်ကဆေးဝယ်တာဝန်ခံကအမျိုးသမီးသူမရှိတော့ ခုမှကိုယ်တိုင်ဝယ်ရတာ။)

ကိုယ့်အတွက်လိုတဲ့ဆေးတွေယူပြီးကျသင့်စာရင်းတွက်နေတုန်း ဆေးဝယ်သူတွေရောက်လာတော့ဆိုင်ရှင်ကိုကျွန်တော်ကအားပါတယ်။ဘာအလုပ်မှမရှိဘူး။

သူတို့အရင်ရောင်းလိုက်ပါဆိုပြီးလာဝယ်သူတွေကိုခပ်လှမ်းလှမ်းကငေးနေမိပါတယ်။အဲဒီအချိန်မျက်စိလွှဲလို့မရတဲ့လူတစ်ယောက် ဆိုင်ရှေ့ရောက်လာတယ်။

သူ့ပုံစံက ဗလကောင်းကောင်းအသက်က ၃၅-၄၀လောက်လုံခြည်ကိုတိုတိုဝတ်ထားတယ်။သူ့လက်နှင့်လုံခြည်မှာဘိလပ်မြေ အစအနတွေတွေ့တော့

ပန်းရံအလုပ်လုပ်တာလို့ထင်ပါတယ်။သူ့ကြည့်ရတာအလုပ်ပြန် အိမ်အတွက်ဆေးလာဝယ်တယ်ထင်ပါရဲ့။ကျွန်တော်ပြောချင်တာခုမှစပါ့မယ်။

သူကဆိုင်ကကလေးမလေးကိုပါရာစီတမောတစ်ကပ်ပေးပါဆိုပြီး ခါးကြားလုံခြည်နှင့်လိပ်ထားတဲ့တစ်ထောင်တန်တစ်ရွက်ပေးပြီးပြောပါတယ်။

ဆိုင်ကကလေးကတစ်ကာဒ်၃၀၀၀လို့ပြောလိုက်တော့အံသြထိပ်လန့်သွားတဲ့သူ့မျက်နှာကအပြောင်းအလဲကိုကျွန်တော့်တစ်သက်ဘယ်တော့မှမေ့တော့မည်မဟုတ်ပါ။

လှမ်းထားတဲ့သူ့လက်ကိုပြန်ရုပ်။

တစ်ဖက်ခါးပုံကြားထဲက လိပ်ထားတဲ့ပိုက်ဆံကိုထုပ်ကြည့်နေတယ်။

ကျွန်တော်မသိမသာလှမ်းကြည့်နေမိတယ်။အားလုံးတစ်ထောင်တန်လေးရွက်။ဒါတစ်နေ့တာသူ့လုပ်အားခလားမသိ။အိမ်ကအမျိုးသမီး

ဒါမှမဟုတ် ကလေးတစ်ယောက်ယောက်ဖျားလို့ ပါရာစီတမောမှာလိုက်လို့ဝယ်တယ်ထင်ပါတယ်။

ပါရာကိုတစ်ထောင်ထားကျန်တာကဟင်းဘိုးထင်ပါရဲ့။

တစ်ထောင်တန်လေးရွက်လက်ထဲကိုင်ပြီးသူ့ခေါင်းငုံ့စဉ်းစားနေတယ်။

ကျွန်တော်လဲသူ့ကိုဘယ်လိုပြောပြီးကူညီရမလဲ စဉ်းစားနေတယ်။
ခဏနေ့တော့

သူ့ပါးစပ်ကအသံတိုးတိုးလေးထွက်လာတယ်။တစ်ကာဒ်ပေးပါတဲ့။ကျွန်တော်လည်းအရဲစွန်ပြီးကူညီဘို့ဆုံးဖြတ်လိုက်တယ်။

သူ့သိက္ခာကိုထိခိုက်မှာစိုးတာပါ။ကျွန်တော့်ဝယ်ထားတဲ့ဆေးအိပ်ထဲက paracetamol၂ကာဒ်ယူပြီးသူ့ကိုပေးလိုက်တယ်။

ဒီမယ်ခင်ဗျကျွန်တော်ကဒီဆေးတွေကကျွန်တော့်ရွာကလူတွေကို ဝေဘို့လှူဘို့ဝယ်ထားတာပါ။

ဒီထဲက နှစ်ကပ်လှူလိုက်မယ်နော်ဆိုပြီးပေးလိုက်တော့မျက်ရည်လည်ပြီး

ကျေးဇူးတင်ပါတယ်ဆိုပြောလက်ကလေးတုန်တုန်နှင့်ယူသွားရှာတယ်။ဆေးဆိုင်ကထွက်ပြီးနှစ်ဆိုင်ကျော်ကကုန်စုံဆိုင်ဝင်ပြီးက်န္တဲ့၄၀၀၀ဘိုး

ဘာတွေဝယ်သွားတယ်မသိပါဘူး။ကြွပ်ကြွပ်အိပ်ကလေးဆွဲပြီး ထွက်သွားပါတော့တယ်။

(အသနားခံချင်တာကတော့ဆင်းရဲသားတွေအပေါ်ဆေးတွေကိုတော့အဆမတန်စျေးမတင်ကြပါနဲ့ )

(မှတ်ချက်။ပုံထဲက၁၀၀၀လေးရွက်ကကုန်စုံဆိုင်ကမိတ်ဆွေကိုမေတ္တာရပ်ခံပြီးလဲလာတာပါ။)

Add a Comment

Your email address will not be published. Required fields are marked *