အောင်လကို အလဲထိုးပြီး အနိုင်ယူမည်ဟု လီအန်ဒရိုအတိတ် ပြော

unicode

ဇူလိုင် ၃ဝ ရက်မှာ ထိုးသတ်ရမယ့် အောင်လအန်ဆန်နဲ့ပွဲမှာ အလဲထိုးပြီး အနိုင်ယူချင်ကြောင်း ပြိုင်ဘက် ဘရာဇီးဖိုက်တာ လီအန်ဒါရိုအတိတ်က ပြောပါတယ်။

အောင်လအန်ဆန်ဟာ မစ်ဒယ်ဝိတ်နဲ့ လိုက်ဟဲဗီးဝိတ်ချန်ပီယံ ခါးပတ်၂ ခုကို လက်လွှတ်လိုက်ရပြီးနောက် မစ်ဒယ်ဝိတ်ရွှေခါးပတ်ကို ပြန်လည်ရယူနိုင်ဖို့အတွက် အတိတ်နဲ့ ပွဲက အရေးပါနေပါတယ်။

ဘရာဇီးဖိုက်တာ လီအန်ဒရို အတိတ်ကတော့ အောင်လအန်ဆန် က ဖိုက်တာကောင်းတစ်ဦးဖြစ်လို့ လေးစားမှုရှိပေမယ့် ဒုတိယအချီလောက်မှ အလဲထိုးပြီး အနိုင်ယူချင်တယ်လို့ One Championship နဲ့ အင်တာဗျူးမှာပြောပါတယ်။

အန်ဒရိုအတိတ်က “ဒီပွဲက ကျနော့်အတွက် အရမ်းစိတ်လူပ်ရှားစရာပါ။ လွန်ခဲ့တဲ့ ၃ နှစ်လောက်က ကျနော် သူ့ကို အားပေးခဲ့ပါတယ်။ ဒီအချိန်ကတော့ သူနဲ့ ယှဉ်ပြိုင်ရဖို့ဖြစ်လာခဲ့ပြီ။ ဒီပွဲက ခါးပတ်ပွဲမဟုတ်သေးပေမယ့် စိတ်လှုပ်ရှားမိပါတယ်။

သူက သူ့နိုင်ငံရဲ့ ခမ်းနားတဲ့စံပြ MMAကစားသမားဖြစ်ပြီး လေးစားစရာ ကောင်းပါတယ်။ သူ့အနေနဲ့ ချန်ပီယံမဟုတ်တော့တဲ့အတွက် ဒေါထွက်နေမှာတော့ အမှန်ပါ။ ကျနော်က ဖွင့်ပြီး တိုက်ခိုက်ရတာကြိုက်တယ်။ သူက လက်သီးကောင်းတာကြောင့် ပွဲကောင်းတစ်ပွဲ ဖြစ်လာမှာပါ။

သူက ချန်ပီယံဖြစ်ပြီးသားပါ။ ဒီတစ်ကြိမ်တော့ ကျနော့်အတွက် ဖြစ်လာမှာပါ။ ဒုတိယအချီမှာ အနိုင်ယူနိုင်မယ်လို့ ထင်တယ်။ ဒါက ကျနော့်ရည်မှန်းချက်ပါ။ အလဲထိုးသွားချင်တယ်။ သူနဲ့ ထိုးသတ်ရတာက ခက်ခဲမယ်ဆိုတာ သိတယ်။

သူ့ကို ဘယ်သူမှလည်း အလဲထိုးဖူးတာ မတွေ့ဖူးသေးဘူး။ ဒီပွဲကတော့ သူ့ကိုအလဲထိုးနိုင်မယ့် အခွင့်အရေးပါပဲ” လို့ အတိတ်ကပြောခဲ့တာဖြစ်ပါတယ်။

အောင်လအန်ဆန်ကတော့ ဘဝက တိုက်ပွဲဖြစ်ပြီး လက်ရှိကာလမှာ ဘယ်လိုအခြေအနေတွေပဲ ကြုံတွေ့နေရပါစေ ဆက်ပြီးတိုက်ပွဲဝင်သွားရမှာဖြစ်တယ်လို့ သူ့ရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာကနေ ရေးသားထားပါတယ်။

အသက် ၃၅ နှစ်ရှိ ဘရာဇီးဂျူဂျစ်ဆုချန်ပီယံ ၅ ကြိမ်ရ လီအန်ဒရိုအတိတ်ဟာ MMA ၁၅ ပွဲမှာ ၁၁ ပွဲနိုင် ၄ ပွဲရှုံးထားပါတယ်။ အောင်လအန်ဆန် အနိုင်ယူခဲ့ဖူးတဲ့ မိုဟာမက်အလီ၊ ဗစ်တာလီဘစ်ဒက်ရှ် တို့ကိုလည်း အနိုင်ယူခဲ့ဖူးပြီး ဒီရိုက်ဒါကိုတော့ ရှုံးနိမ့်ခဲ့ပါတယ်

zawgyi

ဇူလိုင္ ၃ဝ ရက္မွာ ထိုးသတ္ရမယ့္ ေအာင္လအန္ဆန္နဲ႕ပြဲမွာ အလဲထိုးၿပီး အနိုင္ယူခ်င္ေၾကာင္း ၿပိဳင္ဘက္ ဘရာဇီးဖိုက္တာ လီအန္ဒါရိုအတိတ္က ေျပာပါတယ္။

ေအာင္လအန္ဆန္ဟာ မစ္ဒယ္ဝိတ္နဲ႕ လိုက္ဟဲဗီးဝိတ္ခ်န္ပီယံ ခါးပတ္၂ ခုကို လက္လႊတ္လိုက္ရၿပီးေနာက္ မစ္ဒယ္ဝိတ္ေ႐ႊခါးပတ္ကို ျပန္လည္ရယူနိုင္ဖို႔အတြက္ အတိတ္နဲ႕ ပြဲက အေရးပါေနပါတယ္။

ဘရာဇီးဖိုက္တာ လီအန္ဒရို အတိတ္ကေတာ့ ေအာင္လအန္ဆန္ က ဖိုက္တာေကာင္းတစ္ဦးျဖစ္လို႔ ေလးစားမႈရွိေပမယ့္ ဒုတိယအခ်ီေလာက္မွ အလဲထိုးၿပီး အနိုင္ယူခ်င္တယ္လို႔ One Championship နဲ႕ အင္တာဗ်ဴးမွာေျပာပါတယ္။

အန္ဒရိုအတိတ္က “ဒီပြဲက က်ေနာ့္အတြက္ အရမ္းစိတ္လူပ္ရွားစရာပါ။ လြန္ခဲ့တဲ့ ၃ ႏွစ္ေလာက္က က်ေနာ္ သူ႕ကို အားေပးခဲ့ပါတယ္။ ဒီအခ်ိန္ကေတာ့ သူနဲ႕ ယွဥ္ၿပိဳင္ရဖို႔ျဖစ္လာခဲ့ၿပီ။ ဒီပြဲက ခါးပတ္ပြဲမဟုတ္ေသးေပမယ့္ စိတ္လႈပ္ရွားမိပါတယ္။

သူက သူ႕နိုင္ငံရဲ႕ ခမ္းနားတဲ့စံျပ MMAကစားသမားျဖစ္ၿပီး ေလးစားစရာ ေကာင္းပါတယ္။ သူ႕အေနနဲ႕ ခ်န္ပီယံမဟုတ္ေတာ့တဲ့အတြက္ ေဒါထြက္ေနမွာေတာ့ အမွန္ပါ။ က်ေနာ္က ဖြင့္ၿပီး တိုက္ခိုက္ရတာႀကိဳက္တယ္။ သူက လက္သီးေကာင္းတာေၾကာင့္ ပြဲေကာင္းတစ္ပြဲ ျဖစ္လာမွာပါ။

သူက ခ်န္ပီယံျဖစ္ၿပီးသားပါ။ ဒီတစ္ႀကိမ္ေတာ့ က်ေနာ့္အတြက္ ျဖစ္လာမွာပါ။ ဒုတိယအခ်ီမွာ အနိုင္ယူနိုင္မယ္လို႔ ထင္တယ္။ ဒါက က်ေနာ့္ရည္မွန္းခ်က္ပါ။ အလဲထိုးသြားခ်င္တယ္။ သူနဲ႕ ထိုးသတ္ရတာက ခက္ခဲမယ္ဆိုတာ သိတယ္။

သူ႕ကို ဘယ္သူမွလည္း အလဲထိုးဖူးတာ မေတြ႕ဖူးေသးဘူး။ ဒီပြဲကေတာ့ သူ႕ကိုအလဲထိုးနိုင္မယ့္ အခြင့္အေရးပါပဲ” လို႔ အတိတ္ကေျပာခဲ့တာျဖစ္ပါတယ္။

ေအာင္လအန္ဆန္ကေတာ့ ဘဝက တိုက္ပြဲျဖစ္ၿပီး လက္ရွိကာလမွာ ဘယ္လိုအေျခအေနေတြပဲ ႀကဳံေတြ႕ေနရပါေစ ဆက္ၿပီးတိုက္ပြဲဝင္သြားရမွာျဖစ္တယ္လို႔ သူ႕ရဲ႕ ေဖ့စ္ဘြတ္ခ္ စာမ်က္ႏွာကေန ေရးသားထားပါတယ္။

အသက္ ၃၅ ႏွစ္ရွိ ဘရာဇီးဂ်ဴဂ်စ္ဆုခ်န္ပီယံ ၅ ႀကိမ္ရ လီအန္ဒရိုအတိတ္ဟာ MMA ၁၅ ပြဲမွာ ၁၁ ပြဲနိုင္ ၄ ပြဲရႈံးထားပါတယ္။ ေအာင္လအန္ဆန္ အနိုင္ယူခဲ့ဖူးတဲ့ မိုဟာမက္အလီ၊ ဗစ္တာလီဘစ္ဒက္ရွ္ တို႔ကိုလည္း အနိုင္ယူခဲ့ဖူးၿပီး ဒီရိုက္ဒါကိုေတာ့ ရႈံးနိမ့္ခဲ့ပါတယ္

Add a Comment

Your email address will not be published. Required fields are marked *