ဆန်တစ်ပြည် ငွေတစ်ကျပ်၊ကြက်ဥဆယ်လုံးကို ငွေတစ်ကျပ်နှုန်းနဲ့ ရောင်းချပေးခဲ့တဲ့ လေးစားဖွယ် ပြည်သူတစ်ဦး

unicode

ဆန်တစ်ပြည် ငွေတစ်ကျပ်၊ကြက်ဥဆယ်လုံးကို ငွေတစ်ကျပ်နှုန်းနဲ့ ရောင်းချပေးခဲ့တဲ့ လေးစားဖွယ် ပြည်သူတစ်ဦး

မြန်မာနိုင်ငံမှာ နေထိုင်ကြတဲ့ ပြည်သူ ပြည်သားတွေကတော့ ရုတ်တရာက် ပြောင်းလဲသွားတဲ့ နိုင်ငံရေး အခြေအနေတွေ အပြင် ကိုဗစ်ရောဂါ ကပ်ဆိုးကြီးကိုပါ ထပ်မံ ရင်ဆိုင်နေရတာကြောင့် အရာရာ အဆင်မပြေမှုတွေကို ကြုံတွေ့နေကြရပါတယ် ။

အလုပ်တွေလည်း ရပ်နားထားကြရလို့ တစ်နေ့လုပ်မှ တစ်နေ့စားရသူတွေ ၊ ကျန်းမာရေး မကောင်းနေသူတွေ အတွက် စားဝတ်နေရေး အရမ်းကို ခက်ခဲနေကြတာပါ ။

ဒီလိုတွေ ပြည်သူတွေ ခက်ခဲနေကြလို့ စေတနာ အလှူရှင်တွေ ပရဟိတ အသင်းတွေ စုပေါင်းပြီး တတ်နိုင်သလောက် ဝိုင်းဝန်းကာ ကူညီထောက်ပံ့လှူဒါန်းမှုတွေ ပြုလုပ်ပေးလျက်ရှိပါတယ် ။

ဒါ့အပြင် ဒီရက်ပိုင်းမှ အဆမတန် ဈေးတက်နေတဲ့ ကြက်ဥတွေကိုလည်း တစ်ချို့ အလှူရှင်တွေက ငွေငါးကျပ်နဲ့ ရောင်းပေးတာတွေ ၊ လှူဒါန်ပေးတာတွေ ပြုလုပ်လာကြတာ တကယ်ကြည်နူး ပီတိဖြစ်စရာပါ ။

အခုလည်း စားဝတ်နေရေး အဆင်မပြေဖြစ်နေတဲ့ အိမ်ထောင်စုတွေအတွက် ခဏတာပဲဖြစ်ဖြစ် အဆင်ပြေစေရန် ရည်ရွယ်ပြီး ဆန်တစ်ပြည် (သို့မဟုတ် ) ကြက်ဥ ဆယ်လုံးကို ငွေတစ်ကျပ်နှုန်းနဲ့ ရောင်းပေးနေတဲ့ ပြည်သူတစ်ဦးရဲ့ ပို့စ်လေး ပျံ့နှံ့ခဲ့ပါတယ် ။

ပုံတွေထဲမှာ အလုအယက် လာရောက်ဝယ်ယူပြီး ပျော်ရွှင်နေကြတာကို တွေ့ရတာ အပျော်တွေကူးစက်မိတာ အမှန်ပါပဲ ။ ပရိသတ်ကြီးအတွက် ဆန်တစ်ပြည် (သို့မဟုတ် ) ကြက်ဥ ဆယ်လုံးကို ငွေတစ်ကျပ်နဲ့ ရောင်းချပေးနေတဲ့ ပုံရိပ်တွေကို ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။

zawgyi

ဆန္တစ္ျပည္ ေငြတစ္က်ပ္၊ၾကက္ဥဆယ္လုံးကို ေငြတစ္က်ပ္ႏႈန္းနဲ႕ ေရာင္းခ်ေပးခဲ့တဲ့ ေလးစားဖြယ္ ျပည္သူတစ္ဦး

ျမန္မာနိုင္ငံမွာ ေနထိုင္ၾကတဲ့ ျပည္သူ ျပည္သားေတြကေတာ့ ႐ုတ္တရာက္ ေျပာင္းလဲသြားတဲ့ နိုင္ငံေရး အေျခအေနေတြ အျပင္ ကိုဗစ္ေရာဂါ ကပ္ဆိုးႀကီးကိုပါ ထပ္မံ ရင္ဆိုင္ေနရတာေၾကာင့္ အရာရာ အဆင္မေျပမႈေတြကို ႀကဳံေတြ႕ေနၾကရပါတယ္ ။

အလုပ္ေတြလည္း ရပ္နားထားၾကရလို႔ တစ္ေန႕လုပ္မွ တစ္ေန႕စားရသူေတြ ၊ က်န္းမာေရး မေကာင္းေနသူေတြ အတြက္ စားဝတ္ေနေရး အရမ္းကို ခက္ခဲေနၾကတာပါ ။

ဒီလိုေတြ ျပည္သူေတြ ခက္ခဲေနၾကလို႔ ေစတနာ အလႉရွင္ေတြ ပရဟိတ အသင္းေတြ စုေပါင္းၿပီး တတ္နိုင္သေလာက္ ဝိုင္းဝန္းကာ ကူညီေထာက္ပံ့လႉဒါန္းမႈေတြ ျပဳလုပ္ေပးလ်က္ရွိပါတယ္ ။

ဒါ့အျပင္ ဒီရက္ပိုင္းမွ အဆမတန္ ေဈးတက္ေနတဲ့ ၾကက္ဥေတြကိုလည္း တစ္ခ်ိဳ႕ အလႉရွင္ေတြက ေငြငါးက်ပ္နဲ႕ ေရာင္းေပးတာေတြ ၊ လႉဒါန္ေပးတာေတြ ျပဳလုပ္လာၾကတာ တကယ္ၾကည္ႏူး ပီတိျဖစ္စရာပါ ။

အခုလည္း စားဝတ္ေနေရး အဆင္မေျပျဖစ္ေနတဲ့ အိမ္ေထာင္စုေတြအတြက္ ခဏတာပဲျဖစ္ျဖစ္ အဆင္ေျပေစရန္ ရည္႐ြယ္ၿပီး ဆန္တစ္ျပည္ (သို႔မဟုတ္ ) ၾကက္ဥ ဆယ္လုံးကို ေငြတစ္က်ပ္ႏႈန္းနဲ႕ ေရာင္းေပးေနတဲ့ ျပည္သူတစ္ဦးရဲ႕ ပို႔စ္ေလး ပ်ံ့ႏွံ႕ခဲ့ပါတယ္ ။

ပုံေတြထဲမွာ အလုအယက္ လာေရာက္ဝယ္ယူၿပီး ေပ်ာ္႐ႊင္ေနၾကတာကို ေတြ႕ရတာ အေပ်ာ္ေတြကူးစက္မိတာ အမွန္ပါပဲ ။ ပရိသတ္ႀကီးအတြက္ ဆန္တစ္ျပည္ (သို႔မဟုတ္ ) ၾကက္ဥ ဆယ္လုံးကို ေငြတစ္က်ပ္နဲ႕ ေရာင္းခ်ေပးေနတဲ့ ပုံရိပ္ေတြကို ျပန္လည္ေဝမွ်ေပးလိုက္ပါတယ္ ။

Add a Comment

Your email address will not be published. Required fields are marked *