ကိုဗစ်ပိုးကူးစက်ခံထားရပြီး အောက်စီဂျင်ထိုးကျလာတဲ့‌ အောင်လ အတွက် အောက်စီဂျင်အိုးအကူညီတောင်းလာတဲ့ ဝိုင်းစုခိုင်သိန်း

unicode

တတိယ လှိုင်းအနေနဲ့ ပြန်လည်ဖြစ်ပေါ်နေတဲ့ ကိုဗစ်ရောဂါကတော့ ဒီရက်ပိုင်းမှာ အရှိန်အဟုန် မြင့်စွာနဲ့ နေရာ တော်တော်များများမှာ ကူးစက်ဖြစ်ပွားလျက်ရှိပါတယ်

မြန်မာနိုင်ငံမှာဆိုရင်လည်း ကူးစက်သူတွေ များပြားလာလို့ အောက်ဆီဂျင် မလုံလောက်မှု ပြသာနာ တွေလည်း ကြုံတွေ့နေရပြီး တော်တော်လေး အခက်ကြုံနေရပါတယ်

ကိုဗစ် ရောဂါကတော့ ဒီရက်ပိုင်း မြန်မာနိုင်ငံ နေရာ အနှံ့အပြားမှာ ဆိုးရွာ လာတာကိုတွေ့ရပါတယ် ။ လူမှုကွန်ရက် စာမျက်နှာ ထက်မှာဆိုရင်လည်း သေဆုံးသူ သတင်းတွေ ၊ အောက်ဆီဂျင် အရေးပေါ် လိုအပ်လို့ တောင်းခံနေကြတဲ့ သတင်းတွေကလည်း အပြည့်ပါပဲ ။

အောက်ဆီဂျင် လိုအပ်နေသူတွေလည်း ရှိနေသေးလို့ အလှူရှင်တွေလည်း စုပေါင်းလှူဒါန်းပေးလျက်ရှိပါတယ် ။

ဂီတလောကရဲ့ငွေကြယ်ပွင့်နှစ်ဦးဖြစ်တဲ့ အဆိုတော် အောင်လနဲ့ အဆိုတော် ဝိုင်းစုခိုင်သိန်းတို့ကတော့ အရမ်းကိုလိုက်ဖက်ညီတဲ့ အနုပညာရှင်စုံတွဲလေးပဲ ဖြစ်ပါတယ် ။ အောင်လနဲ့ ဝိုင်းစုခိုင်သိန်းတို့စုံတွဲလေးက ဂီတအလုပ်တွေကို အတွဲညီညီနဲ့ အတူလက်တွဲကာ လုပ်ကိုင်နေကြတာလည်း ဖြစ်ပါတယ်။

ဝေဖန်တိုက်ခိုက်မှုတွေကြားကနေ နားလည်မှုရှိရှိလက်တွဲခဲ့ကြတဲ့ သူတို့စုံတွဲလေးကို ပရိသတ်တွေကလည်း ဒီနေ့အထိ ဝန်းရံအားပေးနေကြတာပဲ ဖြစ်ပါတယ်

ဒီနေ့မှာတော့ ဝိုင်းစုကသူရဲ့ အကောင့်ကနေပြီး ဒီ ခင်ပွန်းဖြစ်သူမှာ ကိုဗစ်ရောဂါကူးစက်ခံရပြီး နေမကောင်းနေတာ ဖြစ်ကြောင်း ရေးသားဖော်ပြထားတာကိုတွေ့ရပါတယ်

ကိုအောင်လ အောက်ဆီဂျင်ကျနေလို့ပါအောက်ဆီဂျင်အိုးလေး ဌားလို့ရရင်ဌားပေးပါနော်” ဟုဆိုကာ သူမရဲ့ အကောင့်ကနေ အကူညီတောင်းခံလာတာပဲဖြစ်ပါတယ်။

ဒီအကြောင်းလေးကို ကြားသိရတဲ့ ပြည်သူတွေကလည်း များစွာစိတ်မကောင်းဖြစ်ရပါတယ်။
Photo Wine su

zawgyi









Photo Wine su

Add a Comment

Your email address will not be published. Required fields are marked *