နေ့စဉ်တိုင်း ကိုဗစ်လူနာတွေကို ကူညီလုပ်ဆောင်ပေးရတာကြောင့် အရမ်းပင်ပန်းပြီး လမ်းမပေါ်မှာပဲ ခြေပစ်လက်ပစ် အိပ်ကာ အနားယူနေကြတဲ့ ပရဟိတ သူရဲကောင်းများ

unicode

ခုလတ်တလော ပြည်သူတွေ ကြုံတွေ့ခံစားနေရတဲ့ ကိုဗစ်ရောဂါတွေနဲ့ ပတ်သက်ပြီး အစစအရာရာ ထိပ်ဆုံးကနေကူညီဆောင်ရွက်ပေးနေသူတွေကတော့ ပရဟိတအသင်းသားတွေပဲ ဖြစ်ပါတယ်

ပရဟိတအလုပ်ဆိုတာကိုယ်ကျိုးစွန့်ပြီးလုပ်ဆောင်ရတဲ့ အလုပ်မို့ တော်ရုံလူတိုင်းမလုပ်နိုင်ပါဘူး ။ခုလိုကိုဗစ်ရောဂါကူးစက်မှုတွေ များနေချိန်ဆို ပိုတောင်ဆိုးပါတယ်

သူတို့ကိုယ်တိုင် ကူးစက်ခံရမှာကို မစိုးရိမ်ဘဲ အရာရာအစွမ်းကုန်ကူညီပေးနေကြတာပါ ။မီးသင်္ဂြိုဟ်တဲ့ နေရာတွေဆိုရင်လည်း သေဆုံးသူတွေများလို့ ထမင်းတောင်သုသာန်မှာပဲ အဆင်ပြေသလိုစားပြီး နေ့ရောညရော အလောင်းတွေအကုန် မီးသင်္ဂြိုဟ်ပြီးသည်အထိ ပင်ပင်ပန်းပန်းစောင့်ဆိုင်းပေးနေကြတာကို စိတ်မကောင်းစွာတွေ့ရပါတယ်

ဒီလို ကိုဗစ်လူနာတွေကိုနေ့မအား ၊ ညမအားကူညီလုပ်ကိုင်ပေးနေတာကြောင့် အရမ်းပင်ပန်းလာလို့ မြေကြီးပေါ်မှာပဲ ခြေပစ်လက်ပစ် အိပ်ကာအနားယူနေကြတဲ့ပရဟိတ အသင်းသားတွေရဲ့ ပုံရိပ်တွေကလည်းပြည်သူတွေရဲ့ ရင်ကိုထိမှန်စေခဲ့ပါတယ် ။

ပြည်သူအတွက်ဆို မမောဘူးဆိုတဲ့သူတို့လေးတွေလည်းကိုဗစ်လူနာတွေ၊ သေဆုံးသူတွေကို လိုက်ကူပေးရင်းခုဆိုကူးစက်ခံထားရသူတွေတောင်ရှိနေတယ်လို့သိရပါတယ်

ကိုဗစ်ကူးစက်ခံထားရတဲ့ ပရဟိတအသင်းသားတွေလည်း အမြန်သက်သာပျောက်ကင်းပါစေ ဆုတောင်းပေးရင်းပရိသတ်ကြီးအတွက် ဒီသတင်းလေးကိုပြန်လည်ဝေမျှပေးလိုက်ပါတယ်။

zawgyi








Add a Comment

Your email address will not be published. Required fields are marked *