ကိုယ်ပိုင်ကားကို ရောင်းပြီး အောက်ဆီဂျင် ဝယ်ယူရန်အတွက် အလှူငွေတွေ လှူဒါန်းပေးခဲ့တဲ့ မြဝတီမြို့က လေးစားစရာ ပြည်သူတစ်ဦး

unicode

Covid -19 ရောဂါကြောင့်အောက်ဆီဂျင်မလုံလောက်တဲ့ ပြဿနာတွေကို နေရာအနှံ့အပြားက ပြည်သူတွေကြုံတွေ့ ရင်ဆိုင်နေရပါတယ် ။အောက်ဆီဂျင်ပြတ်လပ်မှုတွေကြောင့် သေဆုံးကြသူတွေလည်း တစ်နေ့ထက်တစ်နေ့မနည်းတော့ပါဘူး

ဒါ့ကြောင့် ခုဆိုရင်တတ်နိုင်သလောက်ပြည်သူတွေ ၊ပရဟိတ အသင်းတွေပူးပေါင်းပြီးအောက်ဆီဂျင်လုံလောက်အောင် ဝယ်ယူလှူဒါန်းမှုတွေပြုလုပ်နေပါပြီ။

ပြည်သူတွေရဲ့ ကိုယ်ချင်းစာနာစိတ်အပြည့်ရှိပြီးစည်းလုံးနေမှုတွေကတော့ မိမိပိုင်ဆိုင်တဲ့အရာတွေကိုပါရောင်းချပြီးလှူဒါန်းပါဝင်နေကြတဲ့အထိပါပဲ

တစ်ချို့ဆို အိမ်တွေမြေဂရမ်တွေနဲ့ပါအောက်ဆီဂျင်အိုးတွေကို အလဲအထပ်လုပ်ကာလှူဒါန်းကြတာတွေ့ရပါတယ်အခုလည်း မြဝတီမြို့မှာပြည်သူတစ်ယောက်က သူရဲ့ကားကိုရောင်းချကာ အောက်ဆီဂျင်ဝယ်ယူရန်အတွက် အလှူငွေများလှူဒါန်းခဲ့တဲ့ပို့စ်လေးကိုတွေ့ရပါတယ်

ဒီသတင်းကို သိသိချင်းပြည်သူတွေကလည်း သူရဲ့မွန်မြတ်တဲ့ လုပ်ရပ်ကိုချီးကျုးခဲ့ကြတာတွေ့ရပါတယ်

မြန်မာလူမျိုးတွေရဲ့ သဒ္ဓါတရားထက်သန်မှု ၊ဖေးမကူညီတတ်မှုတွေကတော့ တကယ်ကိုလေးစားစရာတွေပါပဲ

ခုလိုဝိုင်းဝန်းလှူဒါန်းမှုတွေကြောင့် မကြာခင်မှာအောက်ဆီဂျင်လိုအပ်နေတဲ့ပြဿနာတွေကို အမြန်ဆုံးဖြေရှင်းနိုင်တော့မယ်လို့ ယုံကြည်မိရင်းပရိသတ်ကြီးအတွက်ဒီသတင်းလေးကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်
Credit

zawgyi

Covid -19 ရောဂါကြောင့် အောက်ဆီဂျင် မလုံလောက်တဲ့ ပြဿနာတွေကို နေရာအနှံ့အပြားက ပြည်သူတွေကြုံတွေ့ ရင်ဆိုင်နေရပါတယ် အောက်ဆီဂျင် ပြတ်လပ်မှုတွေကြောင့် သေဆုံးကြသူတွေလည်းတစ်နေ့ထက်တစ်နေ့မနည်းတော့ပါဘူး






Credit

Add a Comment

Your email address will not be published. Required fields are marked *