ဒီကနေ့မှာ ကိုဗစ်ရောဂါနဲ့ကွယ်လွန်သွားပြီဖြစ်တဲ့ တေးသံရှင်ရွှေရည်သိန်းတန်ရဲ့ခင်ပွန်း ကိုနေလ

unicode

ချစ်ပရိသတ်ကြီးရေ မြန်မာသံစဉ်တေးသီချင်းတွေနဲ့ ဂီတမှတ်တိုင်ကြီးကြီးမားမားကို စိုက်ထူထားနိုင်သူ တေးသံရှင် တွံ့တေးသိန်းတန်ကတော့ လူသေသွားပေမယ့် သူ့ရဲ့ နာမည်နဲ့ သီချင်းတွေက ပရိသတ်တွေကြားမှာ ဒီနေ့ဒီအချိန်ထိ ရှင်သန်နေဆဲ ဖြစ်ပါတယ်။

တွံ့တေးသိန်းတန်ရဲ့ သမီးဖြစ်သူ ရွှေရည်သိန်းတန်ကလည်း ဖခင်ဖြစ်သူရဲ့ အနုပညာကို အမွေတွေကို ဆက်ခံထားနိုင်သူဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားသူတစ်ယောက်ဖြစ်ပါတယ်။

ရွှေရည်သိန်းတန်ဟာဆိုရင် မင်းသားနေလနဲ့အိမ်ထောင်ကျပြီး သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်ထားပြီး အိမ်ထောင်ရေးမှာကံကောင်းသူတစ်ယောက်လည်းဖြစ်ပါတယ်နော်.။

ရွှေရည်သိန်းတန်ရဲ့ခင်ပွန်းကိုနေလဟာဆိုရင် ဒီကနေ့ဇူလိုင်လ (၂၆)ရက်နေ့မှာ ကိုဗစ်ရောဂါနဲ့ကွယ်လွန်သွားတာပဲဖြစ်ပါတယ်နော်။

ဇနီးအပေါ်မှာအရမ်းကိုချစ်တတ်တဲ့ ကိုနေလကွယ်လွန်သွားင်္ပြီဆိုတဲ့သတင်းကိုကြားကြားချင်းမှာပဲခင်မင်သူမိတ်ဆွေအားလုံးက မယုံကြည်နိုင်လောက်အောင်ကိုဖြစ်ခဲ့ကြရပါတယ်။

မရွှေရည်သိန်းတန်တစ်ယောက်ဘယ်လောက်တောင်ဝမ်းနည်းကြေကွဲနေမလည်းနော်။မိသားစုနဲ့ထပ်တူဝမ်းနည်းရပါတယ်။

ကိုနေလကောင်းရာမွန်ရာဘုံဘဝမှာ အေးချမ်းစွာနဲ့အနားယူပါတော့နော် RIP ပါ။ပရီတ်သတ်ကြီးကလည်း မရွှေရည်သိန်းတန်အတွက်အားပေးစကားလေးပြောပေးပါအုံးနော်။ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။
Credit

zawgyi







Credit

Add a Comment

Your email address will not be published. Required fields are marked *