“မိုးချုပ်ရင် ပြန်လာခေါ်မယ်ဆိုတဲ့ သားဖြစ်သူစကားကို ယုံပြီး စောင့်မျှော်နေတဲ့ အဖွားအို”

unicode

ဒီအမေအသက်နဲ့ရင်းမွေးခဲ့တာသတိရပါဦး

ဒီပုံထဲက အဘွားကို..သေချာကြည့်ပေးကြပါ

နာမည် ဒေါ်ယဥ်လှိုင်

အသက် 80

သားနာမည် ကိုဝင်းနိုင်

ချွေးမနာမည် မမိုမို

နေရပ် မော်လမြိုင် ကျွန်းတောလမ်း

သူ့သားက ကားမောင်းတယ်

ဒါတွေက ဒီအဘွားကိုမေးထားခြင်းဖြစ်ပါတယ်…

အသက်လဲကြီး..နားကလဲမကြားတော့ မနည်းအော်ဟစ်ပြီးမေးထားရပါတယ်…

ဒီနေ့ညနေ4:00ဝန်းကျင်လောက်က ကျွန်တော်တို့ ပဲခူးတိုင်းပဲခူးမြို့ သာယာအေးကျေးရွာ ဇရပ်မှာအဖြူရောင်ကားတစ်စီးထဲက အမျိုးသားတစ်ဦးက ပွေ့ချီပြီး အမျိုးသမီးက စားစရာအဝတ်အထည်ထည့်ထားသောခြင်းကို သယ်ယူပြီးလာပစ်သွားခြင်းဖြစ်ကြောင်း ရွာမှဦးလေးတစ်ဦးမှမြင်တွေ့ခဲ့ခြင်းဖြစ်သည်…

မိုးချုပ်ရင်လာပြန်ခေါ်မယ်လို့ သူ့သားကပြောသွားတယ်တဲ့

အာ့ကိုယုံစားပြီး အိပ်ရာခင်းကိုတောင်မခင်းနိုင်ပဲ ခေါင်းအုံးသဖွယ် အုံးပြီးစောင့်နေရှာတယ်…

မေးကြမြန်းကြတော့..အဘွားမှာမျက်ရည်တွေကျနေတယ်..

မျက်ဝန်းမှာ..အားငယ်ခြင်း ဝမ်းနည်းခြင်းတွေပြည့်နေတယ်..ကျွန်တော့်ရဲ့friတွေထဲက မော်လမြိုင်နေသူတွေ အခုကျွန်တော်တင်ထားတဲ့ လိပ်စာနဲ့ သား ချွေးမ နာမည်တွေရှိ မရှိ မော်လမြိုင်နေသူတွေရှိခဲ့ရင် စုံစမ်းပေးပါဗျာ…တကယ်သာဆိုအခုလိုရောဂါကာလ စစ်ကာလကြီးမှာ အသက်80အမေအိုကိုအခုလို မစွန့်ပစ်သင့်ပါဘူးဗျာ…

အဘွားပုံကို မတင်သင့်မှန်းသိပေမဲ့…တင်လိုက်ရပါတယ်နော်…မကျွေးနိုင်တော့ရင် ဘိုးဘွားရိပ်သာသွားပြီး အကူအညီတောင်းကြပါခင်ဗျာ…
crd#
မူရင်းတင်သူ Alinkartay
21.7.2021

zawgyi



နာမည် ဒေါ်ယဉ်လှိုင်

အသက် 80


ချွေးမနာမည် မမိုမို


သူ့သားက ကားမောင်းတယ်








crd#
21.7.2021

Add a Comment

Your email address will not be published. Required fields are marked *