အလှူရှင်တွေပေးတဲ့ ထမင်းဗူးကို မစားခင် ဆုတောင်းပေးရင်း သုသာန်မှာပဲ အဆင်ပြေသလို စားနေကြရတဲ့ ပရဟိတသူရဲကောင်းများ

unicode

ကိုဗစ်ရောဂါကူးစက်မှု နှုန်းတွေကလည်း မြန်နေသလို သေဆုံးသူတွေလည်း တစ်နေ့တစ်နေ့ လျော့သွားတယ် မရှိပါဘူး ။ တာဝန်ယူ ကုသပေးမယ့် အဖွဲ့အစည်းတွေ ၊ နေရာတွေ မရှိလို့ ပြည်သူတွေခမျာ အတော်လေး အခက်ကြုံနေရပါတယ် ။

ဒီလိုအချိန်မှာ ပြည်သူတွေကို အခကြေးငွေမယူဘဲ စေတနာအပြည့်နဲ့ ထိပ်ဆုံးက ကူညီဆောင်ရွက်ပေးနေသူတွေကတော့ ပရဟိတ အသင်းသားတွေပဲ ဖြစ်ပါတယ် ။

ကိုဗစ်ရောဂါနဲ့ ပတ်သတ်သမျှ ကိစ္စအဝဝကို နေ့ရော ၊ ညရော ဆောင်ရွက်ပေးနေကြတာပါ ။ဒါ့အပြင် ခုဆို ကိုဗစ်ကြောင့် သေဆုံးသူတွေ အရမ်းများတာကြောင့် အလောင်းတွေကိုလည်း တစ်အိမ်တက် တစ်အိမ်ဆင်း လိုက်ကောက်ရသလို

မီးသင်္ဂြိုဟ်မယ့် နေရာရောက်အောင်လည်း အလောင်းတွေ များလွန်းတာကြောင့် မိုးချုပ်ထိ PPE ဝတ်စုံတွေကို ပူလောင်စွာဝတ်ပြီး မြေကြီးပေါ်မှာ လှဲအိပ်ရင်း စောင့်နေကြတဲ့ မြင်ကွင်းတွေက တကယ်ကို စိတ်မကောင်းစရာတွေပါ ။

အခုလည်း အလှူရှင်တွေ လှူဒါန်းပေးတဲ့ ထမင်းဗူးတွေကို မစားခင် ဆုတောင်းပေးရင်း သုသာန်မှာပဲ ဖြစ်သလို မြေကြီးပေါ်မှာ ထိုင်စားနေရတဲ့ ပုံရိပ်တွေ လူမှုကွန်ရက် စာမျက်နှာထက်မှာ ပျံ့နှံ့ခဲ့ပါတယ် ။

ဒီပုံရိပ်တွေကပဲ ပြည်သူတွေရဲ့ ရင်ကို ထိမှန်စေခဲ့ပါတယ် ။ ပရိသတ်ကြီးအတွက် ကိုယ်ကျိူးစွန့်ကာ လုပ်ဆောင်နေကြတဲ့ ပရဟိတ သူရဲကောင်းတွေရဲ့ ပုံရိပ်တွေကို ဝေမျှပေးလိုက်ပါတယ် ။
Crd original uploader

zawgyi

ကိုဗစ္ေရာဂါကူးစက္မႈ ႏႈန္းေတြကလည္း ျမန္ေနသလို ေသဆုံးသူေတြလည္း တစ္ေန႕တစ္ေန႕ ေလ်ာ့သြားတယ္ မရွိပါဘူး ။ တာဝန္ယူ ကုသေပးမယ့္ အဖြဲ႕အစည္းေတြ ၊ ေနရာေတြ မရွိလို႔ ျပည္သူေတြခမ်ာ အေတာ္ေလး အခက္ႀကဳံေနရပါတယ္ ။

ဒီလိုအခ်ိန္မွာ ျပည္သူေတြကို အခေၾကးေငြမယူဘဲ ေစတနာအျပည့္နဲ႕ ထိပ္ဆုံးက ကူညီေဆာင္႐ြက္ေပးေနသူေတြကေတာ့ ပရဟိတ အသင္းသားေတြပဲ ျဖစ္ပါတယ္ ။

ကိုဗစ္ေရာဂါနဲ႕ ပတ္သတ္သမွ် ကိစၥအဝဝကို ေန႕ေရာ ၊ ညေရာ ေဆာင္႐ြက္ေပးေနၾကတာပါ ။ဒါ့အျပင္ ခုဆို ကိုဗစ္ေၾကာင့္ ေသဆုံးသူေတြ အရမ္းမ်ားတာေၾကာင့္ အေလာင္းေတြကိုလည္း တစ္အိမ္တက္ တစ္အိမ္ဆင္း လိုက္ေကာက္ရသလို

မီးသျဂၤိုဟ္မယ့္ ေနရာေရာက္ေအာင္လည္း အေလာင္းေတြ မ်ားလြန္းတာေၾကာင့္ မိုးခ်ဳပ္ထိ PPE ဝတ္စုံေတြကို ပူေလာင္စြာဝတ္ၿပီး ေျမႀကီးေပၚမွာ လွဲအိပ္ရင္း ေစာင့္ေနၾကတဲ့ ျမင္ကြင္းေတြက တကယ္ကို စိတ္မေကာင္းစရာေတြပါ ။

အခုလည္း အလႉရွင္ေတြ လႉဒါန္းေပးတဲ့ ထမင္းဗူးေတြကို မစားခင္ ဆုေတာင္းေပးရင္း သုသာန္မွာပဲ ျဖစ္သလို ေျမႀကီးေပၚမွာ ထိုင္စားေနရတဲ့ ပုံရိပ္ေတြ လူမႈကြန္ရက္ စာမ်က္ႏွာထက္မွာ ပ်ံ့ႏွံ႕ခဲ့ပါတယ္ ။

ဒီပုံရိပ္ေတြကပဲ ျပည္သူေတြရဲ႕ ရင္ကို ထိမွန္ေစခဲ့ပါတယ္ ။ ပရိသတ္ႀကီးအတြက္ ကိုယ္က်ိဴးစြန႔္ကာ လုပ္ေဆာင္ေနၾကတဲ့ ပရဟိတ သူရဲေကာင္းေတြရဲ႕ ပုံရိပ္ေတြကို ေဝမွ်ေပးလိုက္ပါတယ္ ။
Crd original uploader

Add a Comment

Your email address will not be published. Required fields are marked *