အောက်ဆီဂျင်အိုးကို လိမ်ရောင်းလိုက်တဲ့လူကြောင့် (၁၁)သိန်းပေးပြီးဝယ်ခဲ့ရပေမယ့် အသက်ဆုံးရှုံးခဲ့သူ

unicode

အောက်ဆီဂျင်အိုးကို လိမ်ရောင်းလိုက်တဲ့လူကြောင့် (၁၁)သိန်းပေးပြီးဝယ်ခဲ့ရပေမယ့် အသက်ဆုံးရှုံးခဲ့သူ

ပရိသတ်ကြီးရေ ယခုလို ကိုဗစ်ကပ်ရောဂါကို ပြည်သူအများအ ပြားခံစားနေရတဲ့ အချိန်မှာ ကူညီဖေမတဲ့သူ ရှိသလို့ အခွင့် ကောင်းယူပြီး လုပ်စားနေတဲ့ လူမျိုးတွေလဲ ရှိပါတယ်နော်။လက်ရှိ အခြေအနေတွေမှာ ပြည်သူတွေ အနေနဲ့ Covid 19 ကူးစက်မြန် ကပ်ရောဂါဆိုးတွေကြောင့် လူအသက် ပေါင်းများစွာ ပျက်စီးဆုံးရှုံး နေကြရတာ ဖြစ်ပါတယ်။

အောက်ဆီဂျင် ပြတ်လပ်မှု ပြဿနာတွေကြောင့် ပြည်သူတွေမှာ အခက်အခဲတွေကြားက အဆမတန် ဈေးကြီး ပေးဝယ်နေရပေမယ့် လိမ်လည် ရောင်းချမှုတွေကြောင့် အသက်ဆုံးရှုံး နေကြရတာလည်း အများအပြား ပါပဲနော်။အခုတစ်ခါမှာလည်း အောက်ဆီဂျင်အိုးကို (၁၁)သိန်း အထိ ဈေးကြီး ပေးဝယ်ခဲ့ပေမယ့် လေမပါဘဲ အိုးခွံကြီး ဖြစ်နေပြီး လူနာဟာ အချိန်မှီ အောက်ဆီဂျင် မရခဲ့တာကြောင့် သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။

အောက်ဆီဂျင် အိုးရလို့ ဝမ်းသာခဲ့ရပေမယ့် လေမပါတဲ့ အိုးအ လွတ်ကြီး ဖြစ်နေတာကြောင့် လူနာကို အချိန်မှီ မကယ်တင်နိုင်ခဲ့ရတာ ဖြစ်ပါတယ်နော်။အခုလို အခက်အခဲတွေ ဖြစ်နေတဲ့အချိန်မှာ ကောက်ရိုး တမျှင်တမျှ မျှော်လင့်ချက်လေးတစ်ခုနဲ့ ဝယ်ယူခဲ့တာတွေကို လုပ်ရက်တဲ့ လူတချို့ကြောင့် အသက်တွေ ဆုံးရှုံးနေကြရတာ မနည်းပါဘူးနော်။

လူ့အသက်ကို လောင်းကြေးထပ်ပြီး စက်ဆုပ်စရာ ကောင်းလွန်းတဲ့ လုပ်ရပ်တွေကို မလုပ်ကြဘဲ ပြည်သူအချင်းချင်း စေတနာထား ကူညီဖေးမကြဖို့ မေတ္တာရပ်ခံ တိုက်တွန်း လိုက်ပါတယ်နော်။ယခုလို ပြီးဆုံးအောင် ဖတ်ပေးကြတဲ့ စာဖတ်သူ ပရိသတ်အ ပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်မာ ချမ်းသာ ကြပါစေခင်ဗျာ။

zawgyi






Add a Comment

Your email address will not be published. Required fields are marked *